ပြည်ပကုန်သွယ်မှုသတင်းများ
အာဂျင်တီးနားနိုင်ငံသည် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို ပစ်မှတ်ထား၍ အမေရိကန် ဒေါ်လာ ၁ ဘီလီယံအထိ တန်ဖိုးရှိသော ငွေတိုက်စာချုပ်တစ်ရပ်ကို ထုတ်ပေးမည်ဖြစ်ကြောင်း မေလ ၂၇ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။ ငွေချေးစာချုပ်ကို ဒေါ်လာဖြင့် သီးသန့်စာရင်းသွင်း မည်ဖြစ်ပြီး ၎င်း၏ထုတ်ပေးမှုနှင့်ပေးချေမှုမှာ အာဂျင်တီးနားပီဆိုဖြင့် ကျသင့်မည်ဖြစ်ကြောင်း အာဂျင်တီးနားစီးပွားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ တရားဝင်ဆက်သွယ်မှုအရ၊ စာရွက် စာတမ်းတွင်ရရှိမည့် အမည်ခံနှစ်အလိုက် အတိုးနှုန်းကို တင်ဒါတွင် ပုံ သတ်မှတ်မည်ဖြစ်သည်။ "အာဂျင်တီးနားသည် ပြည်တွင်းငွေကြေးဖြင့် အကြွေးအရင်းကို ပြန်လည်ထုတ်ပေးရန်အတွက် နိ

Sofia အလယ်ပိုင်းရှိ Aleksandar Nevsky ရင်ပြင်တွင် ကလေးများနှင့်မိသားစုများ အတွက်အကြီးစားပြပွဲဖြစ်သည့် ဘူလ်ဂေးရီးယား၏ ပထမဆုံးသော Kids Expo ကို မေလ ၂၉ ရက်နေ့ (ကြာသာပတေးနေ့) ၌စတင်ခဲ့သည်။ လေးရက်တာ ကုန်စည်ပြပွဲသည် ဝင်ကြေးအခမဲ့ ဖြင့် ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ နည်းပညာနှင့် ဖျော်ဖြေရေးတို့ပါဝင်ကြောင်းသိရသည်။ လာရောက်ကြည့်ရှုသူများသည် ရဲ၊ မီးသတ်ဌာန၊ အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုနှင့် ကာကွယ်ရေး စသည့်ဝန်ကြီးဌာနတို့အပါအဝင် အမျိုးသားနှင့် စည်ပင်သာယာရေးအဖွဲ့များပါရှိ သော ပြပွဲများကို စူးစမ်းလေ့လာနိုင်မည်ဖြစ်သည်။ အားကစားနယ်မြေတွင် ဘောလုံး၊ ကာတင်၊ ဂျွမ်းဘား၊ နပန်း၊ လက်ဝှေ့နှင့် တောင်တက်စသ

မေလ ၂၉ ရက်နေ့ညတွင် အစ္စရေးဘဏ္ဍာရေးဝန်ကြီးဌာနသည် ဇန်နဝါရီတွင် ခန့်မှန်းထား သည့် ၂၀၂၅ ခုနှစ်အတွက် ၎င်း၏တိုးတက်မှုခန့်မှန်းချက်ကို ၄.၃ ရာခိုင်နှုန်းမှ ၃.၆ ရာခိုင်နှုန်းသို့ လျှော့ချခဲ့သည်။ ခန့်မှန်းချက်အသစ်သည် အမေရိကန်၏ သွင်းကုန်အခွန်မူဝါဒအသစ်နှင့် အစ္စရေး စီးပွားရေး၏ လတ်တလော တရားဝင်အချက်အလက်များ၏ အကျိုးသက်ရောက်မှုကြောင့် ဖြစ် ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်၏ အခွန်စည်းကြပ်မှုသည် ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်တွင် ကမ္ဘာ့ ကုန်သွယ်မှုတွင် ၂ ရာခိုင်နှုန်းခန့် ကျဆင်းသွားလိမ့်မည်ဟု အစ္စရေးဝန်ကြီးဌာနက ယူဆထား သည်။ အဆိုပါအမေရိကန်နိုင်ငံ၏အခွန်မူဝါဒများကြောင့် ၂၀၂၆ ခုနှစ်အတွက် အစ္စရေးစီးပွ

ဇွန်ပန်းသည် မွှေးကြိုင်သော သင်းရနံ့နှင့်အဖြူအဆင်းရှိပြီး အမျိုးသမီးတိုင်း ကြိုက်နှစ် သက်သောပန်း ဖြစ်ပါသည်။ ဇွန်ပန်းပင်သည် ချုံပင် သို့မဟုတ်နွယ်ပင်တစ်မျိုးဖြစ်ပြီး ဇွန်ကြီး ၊ဇွန် လေးဟူ၍ နှစ်မျိုးရှိပါသည်။ဇွန်ပန်းပင်သည် ပူအိုက်သောရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ ထို့ကြောင့် ဇွန်ပန်းပင်ကို မြန်မာပြည်အပူပိုင်းဒေသများ၌ အများဆုံးစိုက်ပျိုးလေ့ရှိပါသည်။ ဇွန်ပန်း ပင်များကို အခြားပန်းပင်များကဲ့သို့ ခြံဖွဲ့၍စိုက်ပျိုးခြင်းမရှိသော်လည်း မိမိတို့နေအိမ်များတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြသည်။ ဇွန်ပန်းကုံးများကို ဘုရားပန်းကပ်လှူရန်၊ ပန်းပန်ရန်နှင့် ကားများ ဈေးဆိုင်များတွင် ချိတ်ဆွဲ ရန်တ

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Hun Manet က ဘိလပ်မြေတင်သွင်းသည့်နိုင်ငံအဖြစ်မှ တင်ပို့သူအဖြစ်အသွင်ကူးပြောင်းနိုင်ခဲ့သည့်အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။ မေလ ၂၀ ရက်နေ့က Kampong Speu ပြည်နယ်တွင်ကျင်းပခဲ့သည့် Conch KT Cement (Phnom Penh) Co., Ltd ၏ ဘိလပ်မြေစက်ရုံသစ်ဖွင့်ပွဲတွင် ဝန်ကြီးချုပ်က ၂၀၀၇ ခုနှစ်မတိုင်မီက ကမ္ဘောဒီးယားသည် ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ထံမှ ဘိလပ်မြေတင်သွင်းမှုအပေါ် လုံးဝမီခိုခဲ့ရသော်လည်း ယခုအခါနိုင်ငံသည် ပြည်တွင်းဝယ်လိုအားကိုဖြည့်စည်းရန်နှင့် ပြည်ပသို့တင်ပို့ရန်အတွက် ဘိလပ်မြေစက်ရုံ ၆ ခုကို ပိုင်ဆိုင်ထားကြောင်း ပြောကြ

ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးရာနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန အတွင်းရေးမှူး Chum Sounry သည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာယူအေအီးသံအမတ် Obaid Saeed Obaid Bintaresh Aldhaheri နှင့် မေလ ၂၀ ရက်နေ့က ဖနွမ်းပင်မြို့တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းများကို ရှာဖွေခဲ့ကြောင်း သိရပါသည်။ အစည်းအဝေး အတွင်း Sonry က ဘက်ပေါင်းစုံကုန်သွယ်ရေးမိတ်ဖက်သဘောတူညီချက် (CEPA) နှင့် အထက် လွှတ်တော်ဥက္ကဌ Hun Sen ၏ ယူအေအီးနိုင်ငံသို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက တရားဝင်အလည်အပတ်ခရီးစဉ်၏ အရေးပါမှုကို အသားပေးပြောကြားခဲ့ကြောင်း သိရပါသည်။ ထိုနှစ်ချက်စလုံး သ

ကမ္ဘောဒီးယားနိုင်ငံ Kampong Speu ပြည်နယ်၊ Oral ဒေသတွင် ဘိလပ်မြေစက်ရုံသစ်ကို ဝန်ကြီးချုပ် Hun Manet က မေလ ၂၀ ရက်နေ့ မနက်ပိုင်းတွင် တရားဝင်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါသည်။ The Conch KT Cement (Phnom Penh) ကုမ္ပဏီလီမိတက်သည် စက်ရုံသစ် အတွက် အမေရိကန်ဒေါ်လာ သန်း ၂၅၀ ရင်းနှီးမြှုပ်နှံခဲ့ပြီး နှစ်စဉ်ဘိလပ်မြေတန်ချိန် ၂.၂ သန်း ထုတ်လုပ်နိုင်ကြောင်း သိရပါသည်။ ထိုစက်ရုံသစ်သည် တိုက်ရိုက်အလုပ်အကိုင် ၄၅၀ နှင့် သွယ်ဝိုက်အလုပ်အကိုင် ၁၀၀၀၀ ပတ်လည် ဖန်တီးပေးနိုင်ရန် မျှော်မှန်းရကြောင်း သိရပါသည်။ ၎င်းသည် Conch Group ၏ ကမ္ဘောဒီးယားတွင် ဒုတိယမြောက် အကြီးစား ဘိလပ်မြေစက်ရုံ ရင်းနှီးမ

ထရမ့်အုပ်ချုပ်ရေးအဖွဲ့က ကမ္ဘောဒီးယားသွင်းကုန်များအပေါ် အကောက်ခွန် ၄၉ ရာခိုင်နှုန်း ကောက်ခံမည်ဟု ကြေညာထားသော်လည်း နိုင်ငံသို့ တရုတ်ရင်းနှီးမြှုပ်နှံမှု ဝင်ရောက် မှုမှာ ကျဆင်းမည့်လက္ခဏာပြသခြင်းမရှိကြောင်း သိရပါသည်။ တရုတ်လုပ်ငန်းဖြစ်သည့် Wanli Tire သည် တရုတ်နိုင်ငံပြင်ပ ပထမဆုံးစက်ရုံအဖြစ် Bavet တွင် အမေရိကန်ဒေါ်လာသန်း ၅၀၀ တန်စက်ရုံသစ်ကို ဇန်နဝါရီလက ပဏ္ဍပ်ရိုက်ပွဲ ကျင်းပခဲ့ကြောင်း သိရပါသည်။ ကုမ္ပဏီက ထိုစက်ရုံသည် တစ်နှစ်လျှင် တာယာ ၁၀ သန်းကျော်ထုတ်လုပ်နိုင်စွမ်းရှိကြောင်း ကြေညာခဲ့ပါ သည်။ ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီ(CDC)၏ ဒုတိယဥက္ကဌတစ်နှင့် ကမ္ဘော

၂၀၂၅ ခုနှစ်၏ ပထမ ၄ လတကာကာလတွင် ကမ္ဘောဒီးယား၏ ကျောက်မြတ်ရတနာ ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၄၄ သန်းကျော်တန်ဖိုးရှိခဲ့ကြောင်း ဒုတိယ ဝန်ကြီးချုပ် Sok Chenda Sophea က ပြောကြားခဲ့ပါသည်။ ထိုအကြောင်းကို Sophea က ကမ္ဘောဒီးယားနိုင်ငံကျောက်မြတ်ရတနာကုန်သည်များအသင်း(CGJTA) က ဖနွမ်းပင်မြို့တွင် မေလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့ထိကျင်းပခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံတကာကျောက်မြတ် ရတနာပြပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ထိုအခမ်းအနားကို CGJTA ဥက္ကဌ Nget Srey Oun နှင့် များစွာသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြောင်း သိရပါသည်။ ဒုတိယဝန်ကြီးချုပ်က ပြည်တွင်းနှင့်နိုင်ငံတကာနှစ်

ကမ္ဘောဒီးယားနိုင်ငံ Royal Group ၏ အထူးစီးပွားရေးဇုန်နှစ်ခုဖြစ်သည့် Royal Group Phnom Penh အထူးစီးပွားရေးဇုန်(RGPPSEZ) နှင့် အသစ်တည်ထောင်ထားသည့် Royal Group Kandal အထူးစီးပွားရေးဇုန် (RGKSEZ) သည် အလုပ်အကိုင် ၅၀၀၀၀ ကျော် ဖန်တီးပေးနိုင်ပြီး ကမ္ဘောဒီးယားနိုင်ငံတွင် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်ခန့်အပ်နိုင်မှုအတွက် ဇုန်၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြနေကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် ဧပြီလထိ တွင် RGPPSEZ သည် အလုပ်အကိုင် ၄၈၇၃၀ ဦးနှင့် RGKSEZ သည် အလုပ်အကိုင် ၂၀၁၆ ဦး ခန့်အပ်ထားကာ စုစုပေါင်းလုပ်သား ၅၀၇၄၆ ဦးခန့်အပ်ထားနိုင်ကြောင်း သိရပါသည်။ ထို့ပြင် နို

၂၀၂၄ အောက်တိုဘာလက မီးလောင်ကျွမ်းမှုကြောင့် လုပ်ငန်းများရပ်ဆိုင်းသွားပြီးနောက် အရှေ့ဂျားဗားပြည်နယ်ရှိ PT Freeport Indonesia (PTFI) အရည်ကျိုစက်ရုံမှ ကြေးနီကတ်သုဒ် ထုတ်လုပ်မှုကို ဇွန်လတွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း အကြီးတန်းအရာရှိတစ်ဦး၏ ပြောကြားချက်အရသိရသည်။ PTFI President Director Tony Wenas မှ Gresik Regency အခြေစိုက်အရည်ကျိုစက်ရုံသည် ယခုလုပ်ငန်းလည်ပတ်နေပြီဖြစ်ပြီး ဇွန်လစတုတ္တအပတ်တွင် စတင်ထုတ်လုပ်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မူလက အဆိုပါ စက်ရုံသည် ဇွန်လ တတိယပတ်တွင် စတင်ထုတ် လုပ်နိုင်ရန်စီစဉ်ထားကြောင်း အခြားစီမံခန့်ခွဲရေးဝန်ထမ်းများနှင့် အတူ လုပ်ငန်းစဉ်မျ

ဗြိတိန်နိုင်ငံသည် ၎င်း၏ ဂါဇာကမ်းမြောင်ပိတ်ဆို့ထားမှုနှင့် ပက်သက်၍ အစ္စရေးနှင့် ကုန်သွယ်ရေးညှိနှိုင်းမှုများကို ဆိုင်ငံထားကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy မေလ ၂၀ ရက်နေ့က ကြောညာခဲ့သည်။ အစ္စအရေးသံအမတ်ကိုလည်းဆင့်ခေါ်ထားကြောင်း Lammy က ပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ပိတ်ဆို့ထားမှုသည် ကျင့်ဝတ်ပိုင်းအရ မှားယွင်း ကြောင်း၊ တရားမျှတမှုမရှိကြောင်း၊ ရပ်တန့်ရန်လိုအပ်ကြောင်း ဗြိတိန်ပါလီမန်အောက်လွှတ် တော်တွင် Lammy က ပြောကြားခဲ့သည်။
