ပြည်ပကုန်သွယ်မှုသတင်းများ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဥရောပသမဂ္ဂမှ သွင်းကုန်အားလုံးအပေါ် ၅၀ ရာခိုင် နှုန်းအခွန်အပြင် အမေရိကန်တွင် iPhone များ မထုတ်လုပ်ပါက Apple ထုတ်ကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမည်ဟု သောကြာနေ့က ခြိမ်းခြောက်ခဲ့သည်။ထရမ့်က အီးယူမှ သွင်းကုန်ခွန်ကို တရုတ်နိုင်ငံထက် ပိုမိုမြင့်မားစွာ ကောက်ခံလိုကြောင်း ပြောကြားခဲ့သည်။ သွင်းကုန်အများစုအပေါ် အခြေခံအခွန် ၁၀ ရာခိုင်နှုန်းကို ထိန်းသိမ်းထားရန် သမ္မတက လူသိရှင် ကြား တောင်းဆိုထားသော်လည်း နှစ်ဖက်အကောက်ခွန်များ ဖြတ်တောက်ရန် အဆိုပြုထားသည့် တိုင် အီးယူနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲများတွင် တိုးတက်မှုမရှိခြင်းကြောင့် Trump က စ

ဆော်ဒီအာရေးဗီးယားနှင့်ကူဝိတ်တို့သည် နှစ်နိုင်ငံအကြား ပိုင်းခြားထားသောဇုန်အတွင်း ရေနံတွေ့ရှိမှုအား မေလ ၂၆ ရက်နေ့က နှစ်နိုင်ငံပူးတွဲကြေညာခဲ့ကြောင်းသိရသည်။ အဆိုပါရှာဖွေ တွေ့ရှိမှုအား မြောက်ပိုင်း Wafra Wara-Burgan နယ်ပယ်ရှိ Wafra Joint Operations မှပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး ပင်မ Wafra ကွင်း၏ မြောက်ဘက်ငါးကီလိုမီတာအကွာတွင်တည်ရှိသည်။ Wara-Burgan-1 အတွင်းရှိ Wara reservoir မှ ရေနံစိမ်းသည် API ဆွဲငင်အား ၂၆ မှ ၂၇ ဒီဂရီဖြင့် တစ်ရက်လျှင် စည် ၅၀၀ ကျော်နှုန်းစီးဆင်းလျှက်ရှိသည်။ ၎င်းသည် နှစ်နိုင်ငံပိုင်ခြားထားသောဇုန် နှင့် ၎င်း၏ကမ်းလွန်ပင်လယ်ပြင်တွင် ၂၀၂၀ နှစ်လယ်ပိုင်းထုတ်လုပ်

မွန်ဂိုလီးယားနှင့်သြစတြေးလျနိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေး တိုးမြင့်ရန်အတွက်ပူး ပေါင်းဆောင်ရွက်ရေး စာရွက်စာတမ်းများ အများအပြားကို လက်မှတ်ရေးထိုးခဲ့ကြောင်း မွန်ဂိုလီယားသမ္မတရုံး၏မေလ ၂၆ ရက်နေ့ပြောကြားချက်အရသိရသည်။ သတ္တုတွင်းကဏ္ဍတွင် နည်းပညာအသစ်များနှင့် အကောင်းဆုံအလေ့အကျင့်များဖလှယ်ရာတွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာနားလည်မှုစာချွန်လွှာနှင့်ပူးတွဲကြေညာချက်အပါအဝင်စာရွက်စာတမ်းများကိုမွန်ဂိုလီယား နိုင်ငံ၏မြို့တော် Ulan Bator တွင်လက်မှတ်ရေးထိုးခဲ့သည်။ သြစတြေးလျနိုင်ငံ၏ သမ္မတ Alexander Vander Bellen သည် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့်အတူလေးရက်ကြာနိုင်ငံ တော် ခရ

ဗြိတိန်ရှိ စားသောက်ကုန်ဈေးနှုန်းများသည် မေလတွင် တစ်နှစ်ထက်တစ်နှစ် ၂.၈ ရာခိုင် နှုန်းမြင့်တက်ခဲ့ပြီး စတုတ္ထလဆက်တိုက် မြင့်တက်ခဲ့ကြောင်း ဗြိတိန် လက်လီရောင်းချရေးလုပ် ငန်းစု (BRC) မှ မေလ၂၇ ရက်နေ့က ဖော်ပြချက်အရသိရသည်။ BRC ၏အဆိုအရ အဆိုပါနှုန်း သည် ဧပြီလကထက် ၀.၂ ရာခိုင်နှုန်းပိုများပြီး သုံးလပျမ်းမျှအား ကျော်လွန်သွားခဲ့သည်။ လတ်ဆတ်သောအစားအစာများသည် မြင့်တက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်သည် ဟု BRC အမှုဆောင်အရာရှိချုပ် Helen Dickinson က ပြောကြားပြီး လက်လီရောင်းချသူများသည် ပရိုမိုးရှင်းလှုပ်ရှားမှုကို အရှိန်လျှော့လိုက်သောကြောင့် အစားအသောက်မဟုတ်သော ဖက်ရှင်နှင့် ပရိဘောဂကဲ

၂၅ ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီ (AECC) အစည်းအဝေးတွင် ပါဝင်သည့် တာဝန်ရှိသူများက ဒေသတွင်းနှင့်ပိုမိုနက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေး ခဲ့ကြောင်း မလေးရှားရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးက မေလ ၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ အစည်းအဝေးသဘာပတိအဖြစ် Tengku Zafrul Abdul Aziz က အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်များအကြား ဘုံအကျိုးစီးပွားများ မြှင့်တင်ရန် ကတိ ကဝတ်ပြုကာ ပူးပေါင်းဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။ ၎င်းတို့သည် ပြင်ပမိတ်ဖက်များ အပေါ် မှီခိုနေရမှုကို လျှော့ချရန်အတွက် အာဆီယံအတွင်း ကုန်သွယ်မှုကိုတိုး

ပြင်သစ်သမ္မတ Emmanuel Macron ၏ အရှေ့တောင်အာရှနိုင်ငံသို့ လာရောက်လည်ပတ်စဉ်အတွင်း ဗီယက်နမ်နှင့် ပြင်သစ်တို့သည် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက် ရေး စာရွက်စာတမ်း ၁၄ စောင်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြချက် အရသိရသည်။ အသစ်ချုပ်ဆိုထားသော သဘောတူညီချက်များသည် ကာကွယ်ရေး၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ အာကာသ၊ သိပ္ပံ၊ နည်းပညာနှင့် နျူကလီးယားစွမ်းအင် အပါအဝင်ကဏ္ဍ များစွာကို လွှမ်းခြုံထားသည်။ ဗီယက်နမ်သိပ္ပံနှင့်နည်းပညာအကယ်ဒမီ၊ ပြင်သစ်ဗဟိုဌာန National d'Etudes Spatiales နှင့် Airbus Defense & Space တို့အကြား ကမ္ဘာမြေ လေ့လာရေး ဂြိုဟ်တုများ ဖ

ပါကစ္စတန်နိုင်ငံ စာရင်းအင်းဗျူရို (PBS) မှ ပြုစုထားသော အချက်အလက်များအရ ယမန်နှစ် အလားတူကာလထက် ရေနံစိမ်း တင်သွင်းမှုသည် တန်ချိန် ၇.၃၈၈ သန်းမှ တန်ချိန် ၈.၄၈၉ သန်း သို့ ၁၄ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်။ ရေနံထွက်ပစ္စည်း တင်ပို့မှုမှာ ယခင်နှစ် အလားတူ ကာလက ဒေါ်လာ ၂၂၄.၉၇ သန်းမှ ၂၀၂၅ ဘဏ္ဍာနှစ်၏ ၁၀ လ အတွင်း ၁၁၈.၇ ရာခိုင် နှုန်းသို့ ဒေါ်လာ ၄၉၂.၀၄ သန်းအထိ သိသိသာသာ မြင့်တက်လာခဲ့သည်။ PBS ဒေတာအရ၊ ဘဏ္ဍာနှစ် ပထမ ၁၀ လတွင် ရေနံစိမ်းတင်သွင်းမှု တိုးလာသဖြင့် ပြည်တွင်း ရေနံချက်စက်ရုံများ သည် မျှော်မှန်းထားသည်ထက် ပို့ကုန်များ ပိုမိုထုတ်လုပ်ရန် တွန်းအားပေးခဲ့သည်။ ပဏာမခန့်မှန်းချက

အင်ဒိုနီးရှားနိုင်ငံစီးပွားရေးရာညှိနှိုင်းဆွေးနွေးရေးဝန်ကြီး Airlangga Hartarto နှင့် တရုတ်နိုင်ငံစီးပွားကူးသန်းဝန်ကြီး Wang Wentao တို့သည် စက်မှုဆိုင်ရာနှင့်ထောက်ပံ့မှု ကွင်းဆက်များတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်နှင့် Two Countries Twin Parks ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းအဆင့်မြှင့်တင်ရန် နားလည်မှုသဝဏ်လွှာ(MoU) လက်မှတ် ရေးထိုးခဲ့ကြောင်း သိရပါသည်။ ထို MoU သည် စက်မှုဖွံ့ဖြိုးတိုးတက်မှုတွင် မိတ်ဖက်ဖွဲ့မှုများ အားကောင်းရန်နှင့် အပြန်အလှန်ထောက်ပံ့မှုကွင်းဆက်များမြှင့်တင်ရန်ရည်ရွယ်ပြီး ကုန် ထုတ်လုပ်မှု၊ ထောက်ပံ့ပို့ဆောင်ရေး၊ နည်းပညာမြင့်စက်မှုလုပ်ငန

နယူးဇီလန်သစ်တောနှင့်ကုန်သွယ်ရေးဝန်ကြီး Todd McClay က ဗီယက်နမ်သို့ သစ်တင်ပို့မှုအရှိန်မြှင့်တင်ရန်နှင့် နှစ်နိုင်ငံကြား သစ်တောကဏ္ဍတွင် အလားအလာရှိသော ကုန်သွယ်ရေးအတားအဆီးများကို ဖယ်ရှားရန် အပြန်အလှန်သဘောတူညီချက်ရယူခဲ့ကြောင်း မေလ ၂၇ ရက်နေ့က ပြောကြားခဲ့ပါသည်။ သဘောတူညီချက်အောက်တွင် နယူးဇီလန်၏ radiata pine သစ်သည် ဗီယက်နမ်၏ပေါ်ထွက်လာသော သစ်ဆောက်လုပ်ရေးစံနှုန်းများ အောက်တွင် အသိအမှတ်ပြုခံရမည်ဖြစ်ပြီး လျှင်မြန်စွာဖွံ့ဖြိုးတိုးတက်လာသောဗီယက်နမ် ဈေးကွက်တွင် ဈေးကွက်ဝင်ရောက်ရာလမ်းကြောင်းအတွင် လမ်းဖွင့်ပေးနိုင်မည်ဟု သိရပါသည်။ ဝန်ကြီးက သဘောတူညီချက်သည် အပြန်အလှန်ကုန်သွယ်မှု အမေရိ

ဗီယက်နမ်နိုင်ငံ ဆောက်လုပ်ရေးဒုတိယဝန်ကြီး Nguyen Danh Huy သည် ပြင်သစ်သမ္မတ Emmanuel Macron ၏ ဗီယက်နမ်အလည်အပတ်ခရီးစဉ်အတွင်း ပြင်သစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ(AFD)၏ ညွှန်ကြားရေးမှူးချုပ် Remy Riouxနှင့် ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့မှ တာဝန်ရှိသူများနှင့် ဟနွိုင်းမြို့တွင် မေလ ၂၇ ရက်နေ့က အလုပ်သဘောဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ EU နှင့် ပြင်သစ်အဖွဲ့သည် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ကာဗွန်ထုတ်လုပ်မှုလျှော့ချရေးတွင်ကူညီပေးရန်ပါဝင်သော ဗီယက်နမ်၏အစိမ်းရောင်သယ်ယူ ပို့ဆောင်ရေးတွင် ပံ့ပိုးပေးရန်အစီအစဉ်ကို ဝေမျှခဲ့ကြောင်း သိရပါသည်။ Huy က စဉ်ဆက်မပြတ်မြို့ပြ

၂၀၂၅ ခုနှစ် မေလလလည်အထိတွင် ဗီယက်နမ်သည် ကော်ဖီတန်ချိန် ၇၃၆၀၀၀ တန် တင်ပို့ရာမှတစ်ဆင့် ဝင်ငွေအမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံ ရရှိခဲ့ကြောင်း အကောက်ခွန်ဦးစီး ဌာန၏အဆိုအရသိရပါသည်။ တင်ပို့သည့်ပမာဏသည် ၂၀၂၄ ခုနှစ် တူညီသည့်ကာလထက် ၅.၅ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း ပျမ်းမျှဈေးနှုန်းများမြင့်တက်မှုကြောင့် တင်ပို့သည့်တန်ဖိုးမှာ ၅၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပြည်တွင်းတွင် ဗဟိုကုန်းမြင့်ဒေသရှိကော်ဖီဈေးနှုန်း များမှာ မေလ ၂၄ ရက်နေ့အထိ၌ တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၂၅၀၀ မှ ၃၃၀၀ ကြားထိ ကျဆင်းနေကြောင်း သိရပါသည်။ Da Nong၊ Dak Lak နှင့် Ga Lai ပြည်နယ်တို့တွင် ဈေးနှုန်း မ

အမေရိကန်သမ္မတ Donad Trump သည် ပြည်တွင်း စက်မှုလုပ်ငန်းအား နိုင်ငံခြား ပြိုင်ဆိုင်မှုမှကာကွယ်ရန်ရည်ရွယ်သည့် လှုပ်ရှားမှုတစ်ခုဖြစ်သည့် သံမဏိနှင့် အလူမီနီယံ သွင်းကုန်များအပေါ် ၅၀ ရာခိုင်နှုန်းအထိ နှစ်ဆတိုးမြှင့်ကောက်ခံရန် စီစဉ်ထားကြောင်း မေလ ၃၀ ရက်၊ သောကြာနေ့တွင် ပြောကြားခဲ့သည်။ အမေရိကန် သံမဏိနှင့် ဂျပန်နိုင်ငံမှ Nippon Steel တို့အကြား ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို ထုတ်ဖော် ပြသခဲ့သည်။ West Miffin Penniylvania ရှိ အမေရိကန် သံမဏိစက်ရုံသို့ သွားရောက် လည်ပတ်စဉ် Trump မှ အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ Trump သည် ၎င်း၏ Truth Social Platf
