သတင်းနှင့် လှုပ်ရှားမှုများ
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနသည် “စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်” ဟူသည့် ဦးစီးဌာန၏မျှော်မှန်းချက်နှင့်အညီ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ၊ စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဗန်းမော်ခရိုင်၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦး သည် ၁၄.၃.၂၀၂၂ ရက်နေ့တွင် ဗန်းမော်မြို့၊ ဟန်းတဲရပ်ကွက်ရှိ စပါး၊ ပြောင်း၊ ပဲ အခြောက်ခံစက်လုပ်ငန်းရှင်(၂)ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်၊ ခရိုင်ဦးစီးမှူးဦးဇော်မင်းဦးသည် ၁၄.၃.၂၀၂၂ ရက်နေ့တွင် ပြည်နယ်ဦးစီးမှူးရုံးတွင် စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ညွှန်ကြားချက်အမှတ်၁/၂၀၂၁အား သိရှိလိုက်နာဆောင်ရွက်ရန် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် အကျိုး စီးပွားများကို ကာကွယ်ပေးရန်အတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျှက်ရှိသည့်အပြင် စားသုံးသူများ၏ နစ်နာဆုံးရှုံးမှုများအား အချိန်တိုအတွင်း ကုစားဖြေရှင်းပေးနိုင်ရေးအတွက် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်တို့၌ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)များ ဖွင့်လှစ်၍ တိုင်ကြားမှုများကို အချိန်

ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့် ဌာနခွဲစာရေး ဦးအောင်ဝင်းတို့သည် မတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် အုတ်တွင်းမြို့ တောင်ငူ-ပြည် လမ်းမပေါ်ရှိ Red Star ဆန်စပါးရောင်းဝယ်ရေးနှင့် ရွှေမြှားစားသောက်ကုန်လုပ်ငန်းသို့ရောက်ရှိပြီး ဆန်စပါး ရောင်းဝယ်မှုအခြေအနေများနှင့် အာလူးကြော်၊ စာကလေးချောင်းကြော်နှင့် ငှက်ပျော်ကြော်များ ထုတ်လုပ်ဖြန့်ဖြူးမှု အခြေအနေများကို ကြည့်ရှုလေ့လာရာ မန်နေဂျာဒေါ်ဝေက သိရှိလိုသည်များကို ရှင

ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းဇော် နှင့် တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူတို့သည် မတ်လ ၈ ရက်နေ့တွင် တောင်ငူမြို့နယ် ကေတုမတီမြို့ရှိ ရွှေဝါး ဝါးတူစက်ရုံ၊ ကင်းဂါးဒင်းအထည်ချုပ်စက်ရုံနှင့် ဆင်ဖြူတော် မုန့်ဖတ်ခြောက်လုပ်ငန်းများသို့ သွားရောက်၍ သက်ဆိုင်ရာလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် အညီလိုက်နာဆောင်ရွက်ရေး၊ စားသုံးသူ စိတ်ကျေနပ်မှုရ
