သတင်းနှင့် လှုပ်ရှားမှုများ
မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်ဦးဆောင်၍ ဒုတိယခရိုင်ဦးစီးမှူးနှင့် အဖွဲ့သည် မတ်လ(၁၅)ရက်နေ့၊ နံနက်(၁၀:၀၀) အချိန် တွင် ကမ္ဘာစားသုံးသူအခွင့်အရေးများနေ့ကို ဂုဏ်ပြုသောအားဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ပခုက္ကူမြို့ပေါ်ရှိ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေသောဆိုင်များသို့ သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ၂၁.၃.၂၀၂၂ နှင့် ၂၂.၃.၂၀၂၂ ရက်နေ့များတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အတွင်းရှိ မြို့နယ်များသို့ စက်ဆီ၊ ချောဆီများ လက်လီ၊ လက်ကားရောင်းချဖြန့်ဖြူးလျက်ရှိသည့် အရောင်းဆိုင်(၇)အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ဦးသန်းစိုး (ဦးစီးအရာရှိ) ဦးဆောင်သောဝန်ထမ်းများသည် ၂၀၂၂ခုနှစ် ၊ မတ်လ (၇)ရက် မွန်းလွဲ (၁၀၀၀)နာရီ အချိန်တွင် သာစည်မြို့နယ်ရှိ ကျော်စံစက်သုံးဆီ စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်၍ စက်သုံးဆီများအား အထူးစျေးနှုန်းဖြင့်ရောင်းချနေမှု အခြေအနေများ၊ စျေးနှုန်းများ၊ အချိန်အတွယ်ပမာဏများ ပြည့်စုံမှန်ကန်စွာ ရောင်းချမှုရှိစေရေး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ကွ
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး CICC Meiktila Facebook Page Messenger တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း၌ စားသုံးသူတစ်ဦးမှ မုန့်ထုတ်ပေါ်တွင် လက်ဆောင်အပိုကွတ်ကီး(၂)ခု မပါရှိခြင်းနှင့်ပတ်သက်၍ သတင်းပေးမှုတစ်ခုအား ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ၁၅.၃.၂၀၂၂ ရက်နေ့ နေ့လည် (၁၃:၀၀) နာရီ အချိန်တွင် ၂၀၂၂ ခုနှစ် မတ်လ (၁၅) ရက်နေ့ ၌ ကျရောက်သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့( World Consumer Rights Day ) အား ဂုဏ်ပြုသောအားဖြင့် “ညီညွှတ်မျှတဒီဂျစ်တယ်ငွေကြေးကဏ္ဍ (Fair Digital Finance)” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သော ဆွေးနွေးပွဲသို့ လုပ်ငန်းရှင်(၃၀)ဦး တက်ရောက်ခဲ့ပါတယ်။ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူး ဦးမြင့်ဇော်ဦးမှ စားသုံးသ