သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Mar 2022

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရုံးတွင် မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများမှ  မတ်လ(၁၅)ရက်နံနက်(၀၉:၀၀)နာရီမှ(၁၀:၀၀)နာရီအထိ ကုန်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်(၇)ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

22 Mar 2022

           ဓနိပင်သည် မြန်မာနိုင်ငံတွင် ပင်လယ်ကမ်းရိုးတမ်းနှင့်မြစ်ကမ်းရိုးတို့တွင် ပေါက်ရောက်သောအပင်ဖြစ်ပါသည်။ အထူးသဖြင့် ပဲခူးမြစ်ကမ်းဘေး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဓနိများထွက်ရှိပြီး ယခုအခါ ဓနိဖူးခြောက်လုပ်ငန်းသည် တွင်တွင်ကျယ်ကျယ်ဖြစ်လာကာ ဈေးကွက်အတွင်း ဓနိဖူးခြောက်(ရေနွေးကြမ်း)သည် အရောင်းသွက်နေသဖြင့် ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးမှူးဦးထွေးသိမ်းနှင့် မြို့နယ်တာဝန်ခံ ဦးမင်းဇော်တို့သည် ခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဇင်မာ

22 Mar 2022

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ မတ်လ(၁၇)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဓနုဖြူမြို့အထွက်လမ်းရှိ DENKO စက်သုံးဆီအရောင်းဆိုင်တွင် အထူးသက်သာသော ဈေးနှုန်းဖြင့် ရောင်းချနေသော ရိုးရိုးဒီဇယ်နှင့် ပရီမီယံဒီဇယ်များအား အရည်အသွေးနှင့် အချိန်အတွယ်ပြည့်ဝမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

22 Mar 2022

            စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ ကျောက်မဲ ခရိုင်ဦးစီးမှူးရုံး၊ မူဆယ်ခရိုင်ဦးစီးမှူးရုံးတို့မှဝန်ထမ်းများသည် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနား အထိမ်းအမှတ်(World Consumer Right Day)လှုပ်ရှားမှုအနေဖြင့် ၁၅.၃.၂၀၂၂ရက်နေ့ နံနက်(၁၀)နာရီ အချိန်တွင် ဈေးများအတွင်းရှိ လမ်းသွားလမ်းလာ ဈေးဝယ်ပြည်သူများ၊ ကားဂိတ်များရှိခရီးသွားပြည်သူများနှင့် စတိုးဆိုင် ဈေးဝယ်ပြည်သူများနှင့် အခြားလမ်းသွားလမ်းလာ ပြည်သူများအား မ

22 Mar 2022

            စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွားအကာကွယ် ပေးရေး လုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ သိရှိလေ့လာနိုင်ရေးအတွက် စားသုံးသူရေးရာကိစ္စရပ်များ၊ ပြည်တွင်း ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များကို ဌာနရှိဝန်ထမ်းများက ဆောင်းပါးများအဖြစ်လည်း ကောင်း၊သတင်းများအဖြစ်လည်းကောင်း ရေးသား၍ ဌာန၏ Website ၊ Commerce Journal အပါအဝင် မီဒီယာများတွင် ဖော်ပြပေးနိ

Pages