သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Consumer Rights Day) အထိမ်းအမှတ် အခမ်းအနားကို အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့မှ သတ်မှတ်ထုတ်ပြန်ထားသော “ညီညွတ်မျှတ ဒီဂျစ်တယ်ငွေကြေးကဏ္ဍ” ဆောင်ပုဒ်နှင့်အညီ စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့ နံနက်(၈းဝဝ)နာရီအချိန်တွင် လွိုင်ကော်မြို့ သီရိမင်္ဂလာဈေး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ပြည်နယ်ဆေးဝါးနှင့် ဆေးပစ္စည်းဈေးကွက် စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့သည် ၂၀၂၂ခုနှစ်၊ မတ်လ(၁၄)ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ ဆေးဆိုင်/ဆေးခန်းများအား သတ်မှတ်အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်စေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့သည် (၇.၃.၂၀၂၂)ရက်နေ့တွင် သာယာဝတီမြို့နယ်အတွင်း သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော ရတနာ စက်သုံးဆီဆိုင်နှင့် သုံးဆယ်မြို့ရှိ ရတနာစက်သုံးဆီဆိုင်များအား သွားရောက်၍ ရရှိထားသည့် ခွဲတမ်းဆီများအား သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချမှု ရှိစေရေး အချိန်အတွယ်နှင့် အရည်အသွေး ပြည့်ဝ မှန်ကန်မှုရှိစေရေးတို့ကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပြည်ပမှ တင်သွင်းသည့် ကုန်စည်အချို့ကို သွင်းကုန်လိုင်စင်စနစ်ဖြင့် ထိန်းညှိဆောင်ရွက်နိုင်ရေးအတွက် ကုန်စည်လိုင်းအချို့အား သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းအဖြစ်သတ်မှတ် ထုတ်ပြန်ရာတွင် ပထမအဆင့်အဖြစ် သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သော ကုန်စည်လိုင်းများကို ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ (၁၈/၂၀၂၁) ဖြင့် HS Code 10 digit အရ ကုန်စည်လိုင်း(၃၀၇၀) လိုင်းကို လည်းကောင်း၊ ဒုတ
စားသုံးသူရေးရာဦးစီးဌာန မှ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရန်ဟူသော မျှော်မှန်းချက်နှင့်အညီ စားသုံးသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များအား လုံခြုံစိတ်ချရစေရန်နှင့် စားသုံးသူအကျိုးစီးပွားကာကွယ်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ငွေကြေးပိုင်းဆိုင်ရာများတွင် ထိခိုက်နစ်နာမှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ မတ်လ(၁၁)ရက်နေ့၊ နံနက်(၁၀:၃၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တိုင်း/ခရိုင် ဦးစီးမှူး၏ လမ်းညွ