သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Mar 2022

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ်စားသုံးသူရေးရာဌာနမှဦးဆောင်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် မတ်လ (၁၄) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် မြို့ပေါ်ရှိမုန့်မျိုးစုံဆိုင်များ၌ ရောင်းချလျက်ရှိသော ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

22 Mar 2022

          မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် (၁၂-၃-၂၀၂၂) ရက်နေ့၌ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် တပ်မတော်နေ့အကြို ဟောပြောပွဲအား လူထုအခြေပြုဗဟိုဌာန(Community Center)မှာ ကျင်းပပြုလုပ်ခဲ့ပါသည်။

22 Mar 2022

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့နယ်တာဝန်ခံဦးအောင်မိုးသည် စည်ပင်ဝန်ထမ်းများနှင့်အတူ ရေကျော်ရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များသို့ (၁၇.၃.၂၀၂၂)ရက်နေ့ နံနက်(၁၁;၀၀)နာရီအချိန်တွင် သွားရောက်၍ ရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားနှင့် ကိုက်ညီမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

22 Mar 2022

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြမြို့နယ်တာဝန်ခံ ဦးလှထွဋ်ဦးသည် ၂၀၂၂ခုနှစ်၊မတ်လ ၁၄ရက်နေ့၊နံနက်(၁၁:၀၀)နာရီအချိန်က မြောင်းမြမြို့၊ ခွေးလေးကြီးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာတွင်းရှိ ကုန်မျိုးစုံဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

22 Mar 2022

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ မြို့နယ်စစ်ဆေးရေးမှူးသည် ဝန်ထမ်းများနှင့်အတူ (၉.၃.၂၀၂၂)ရက်နေ့ နေ့လည်(၁၂:၃၀)နာရီ အချိန်တွင်ဒေးဒရဲမြို့ အမှတ်(၂) ရပ်ကွက်အတွင်းရှိ မုန့်မျိုးစုံအရောင်းဆိုင်များအား စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ (၁၅) (ခ) စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များအရ ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားမှု ရှိ/မရှိအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်

Pages