သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
29 Oct 2024

      စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ မိတ္ထီလာမြို့နယ်အတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား   သုံးစွဲရန်မသင့်ထုတ်ပြန်ထားသော အလှကုန်ပစ္စည်းများ  ရောင်းချမှုမရှိစေရေးအတွက် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွ

29 Oct 2024

   စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စျေးကွက်တွင်းရောင်းချနေသော စက်သုံးဆီများအားသတ်မှတ်အချိန်အတွယ်နှင့် အရည်အသွေးစံချိန်စံညွှန်း ပြည့်မီခြင်းရှိ/မရှိ၊ MSMEနှင့် စက်မှုလုပ်ငန်းများအတွက် စက်သုံးဆီလိုအပ်ချက်များဝယ်ယူရာတွင် အဆင်ပြေစေရေးနှင့် စက်သုံးဆီများပြတ်လပ်မှုရှိ/မရှိ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၂၀)ရက်နေ့တွင် မိတ္ထီလာမြို့နယ် ၊ မိတ္ထီလာ-မန္တလေးလမ်းပေါ်ရှိ စက်သုံးဆီဆိုင်(၅)ဆိုင်အား ကွင်းဆင်း စစ်ဆေးဆောင

29 Oct 2024

        စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများ သည် မြို့နယ်စည်ပင်သာယာ‌‌ရေးအဖွဲ့ပူးပေါင်း၍  ဈေးကွက်အတွင်း ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား ၂၀၂၄ ခုနှစ်၊အောက်တိုဘာလ ၂၂ ရက်နေ့တွင် နံနက် (၀၉း၃၀) ချိန်တွင် မိတ္ထီလာမြို့၊ မြို့မဈေးအတွင်း စားသုံးဆီအရောင်းဆိုင်(၅)ဆိုင်အား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

29 Oct 2024

     မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းသည် (၂၂.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူများ  ဘေးကင်းလုံခြုံစိတ်ချရမှု ရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေရေး ရည်ရွယ်၍ ဂန့်ဂေါမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ ကျောတိုက်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

29 Oct 2024

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် စားသုံးပြည်သူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ရည်ရွယ်၍ (၂၁.၁၀.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

Pages