သတင်းနှင့် လှုပ်ရှားမှုများ
၂၃-၁၀-၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ပုဇွန်တောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ စားသုံးဆီဖြန့်ဖြူးသည့် ကုမ္ပဏီတာဝန်ခံများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အစည်းအဝေးပြုလုပ်ခဲ့ ကြောင်းသိရှိရပါသည်။

၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၂၃) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးရောင်းချသည့် ကုန်စုံဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော ဆေးနှင့် ဆေးဝါးများကို ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ (၂၂.၁၀.၂၀၂၃) ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၄)ရပ်ကွက်အတွင်းရှိ ဆေးဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ မကွေးမြို့နယ်တာဝန်ခံသည် (၂၁.၁၀.၂၀၂၄) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် မြို့သန့်ရှင်းသာယာလှပစေရေးတို့အတွက် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စျေးကော်မတီဝင်များ ပူးပေါင်း၍ မကွေးမြို့၊ မြို့မစျေး၌ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်မသုံးစွဲရနေ့ဟု သတ်မှတ်ပြီး ပလတ်စတစ်အိတ်အစား စက္ကူအိတ်၊

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ အိမ်သုံးဆေးဝါးနှင့်ကလေးအာဟာရဖြည့်စွက်စာနှင့် ကလေးအသုံးအဆောင်ပစ္စည်းအရောင်းဆိုင်များတွင် စျေးနှုန်းမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို (၂၁.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
