သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၂၂.၁၀.၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ် အမှတ်(၃)ရပ်ကွက်ရှိ အထက(၃)ကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ ကျောင်းမုန့်ဈေးတန်းရောင်းချသူ ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ဧရာတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင်တွင် ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်၊ ဒု-ခရိုင်ဦးစီးမှူး ဦးလှထွဋ်ဦးနှင့်ဝန်ထမ်းများသည် ဆန်စပါးကုန်သည်များနှင့် ပူးပေါင်း၍ (၂၂.၁၀.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြောင်းမြခရိုင် ဆန်စပါးကုန်သည် များအသင်း အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနား ဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ပြည်တွင်းရေကြောင်းသွားရေယာဉ်ဖြင့်သယ်ဆောင်လာသည့် ကုန်ပစ္စည်းအမည်၊ အရေအတွက်ဖော်ပြသည့် ကုန်တင်လွှာစနစ် စံပြုလုပ်ငန်းစဉ် (SOPs)အပေါ် ကြပ်မတ်စစ်ဆေးရေးအဖွဲ့များဖြစ်သော အကောက်ခွန်ဦးစီးဌာနမှဦးဆောင်၍ ရေကြောင်းရဲတပ်ဖွဲ့၊ တိုင်းရဲတပ်ဖွဲ့၊ အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ အမှတ်(၃)မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့(ရန်ကုန်) တို့ပါဝင်သော အဖွဲ့များသည် ၂၂-၁၀-၂၀၂၄ ရက်နေ့၊ နံနက် (၁၁:၀၀ ) နာရီအချိန်တွင် သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ပြည်တွင်းရေကြောင်းသွားရေယာဉ်ဖြင့်သယ်ဆောင်လာသည့် ကုန်ပစ္စည်းအမည်၊ အရေအတွက်ဖော်ပြသည့် ကုန်တင်လွှာစနစ် စံပြုလုပ်ငန်းစဉ် (SOPs)အပေါ် ကြပ်မတ်စစ်ဆေးရေးအဖွဲ့များဖြစ်သော အကောက်ခွန်ဦးစီးဌာနမှဦးဆောင်၍ ရေကြောင်းရဲတပ်ဖွဲ့၊ တိုင်းရဲတပ်ဖွဲ့၊ အမှတ်(၃)မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့(ရန်ကုန်)၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့ပါဝင်သော အဖွဲ့များသည် ၂၂-၁၀-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် (သိန်းဦး) ဆိပ်ကမ်းစစ်ဆေးမှုကို အရှေ့ပိုင်းခရိုင်စားသုံးသူရေးရ

အောက်တိုဘာလ(၂၁)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊အင်္ဂပူမြို့နယ်တာဝန်ခံသည် အမှတ်(၁)ရပ်ကွက်၊ ကန်သာယာလမ်းရှိ မြို့နယ်ဦးစီးမှူးရုံး၌ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။
