သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
29 Oct 2024

         စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် အောက်တိုဘာလ (၂၂)ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ အ.လ.က(၁၀) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူအခွင့်အရေး၊ တာဝန်များသိရှိစေရန်နှင့် စားသုံးသူအခွင့်အရေးများအပြည့်အဝရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီးဟောပြောပွဲသို့ဆရာ/ ဆရာမအပါအဝင် ကျောင်သား/ ကျောင်းသူ စုစုပေါင်း(၉၀) ဦး ခန့် တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်

29 Oct 2024

      ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ကျောက်ဆည်မြို့နယ်၌လည်းကောင်း၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် မြစ်သားမြို့နယ်၌လည်းကောင်း စားသုံးသူအသိပညာပေး Talk Show ဆွေးနွေးပွဲအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမများ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက အသိပညာပေး  Talk Show ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ခ

29 Oct 2024

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အင်းစိန်ဈေး၊ တိုက်ကြီးမြို့မဈေး၊ မှော်ဘီမြို့မဈေးနှင့် လှည်းကူးမြို့မဈေးများရှိ ကုန်မျိုးစုံဆိုင်များသို့ ၂၂-၁၀-၂၀၂၄ ရက်နေ့တွင် သွားရောက်၍ စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

29 Oct 2024

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှဝန်ထမ်များသည် မှော်ဘီမြို့နယ်အတွင်းရှိ ပဲကြော်၊ ပြောင်းဖူးကြော်လုပ်ငန်းသို့ ၂၂-၁၀-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် သွားရောက်၍ အကြော်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

29 Oct 2024

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဝန်ထမ်များသည် ၂၁-၁၀-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင်  မှော်ဘီမြို့နယ်အတွင်းရှိ ပဲကြော်၊ နှစ်ပြန်ကြော်လုပ်ငန်းများသို့ လုပ်ငန်းသုံးစားအုန်းဆီများ အမှန်တကယ်သုံးစွဲခြင်းရှိ/မရှိမကို မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

Pages