Main menu

စားသုံးသူ အခွင်.အရေး (၈) ချက်

Powered by Drupal

ကမ္ဘာ့ကုလသမဂ္ဂ၏ လမ်းညွှန်ချက် စားသုံးသူများ၏ အခြေခံအခွင့်အရေး

(၁) စားသုံးသူများ ကုန်စည်နှင့်၀န်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့် ရရှိစေရန်၊(The Right to Safety)

(၂) ကုန်စည်နှင့်၀န်ဆောင်မှုများ၏ မှန်ကန်ပြည့်စုံသော သတင်းအချက်အလက် များ ရရှိစေရန်၊(The Right to be informed)

(၃) ကုန်စည်နှင့်၀န်ဆောင်မှုများအား စိတ်ကြိုက်ရွေးချယ်နိုင်ခွင့်ရရှိစေရန်၊(The Right to Choose)

(၄) ကုန်စည်နှင့်၀န်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ပါ၀င်ကြားနာခွင့်ရရှိစေရန်၊(The Right to be Heard)

(၅) ကုန်စည်နှင့်၀န်ဆောင်မှုများနှင့် စပ်လျဉ်း၍ စားသုံးသူ၏ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှု ရရှိစေရန်၊(The Right to Satisfaction of basic needs)

(၆) ကုန်စည်နှင့် ၀န်ဆောင်မှုများကြောင့် ဖြစ်ပေါ်သော ဆုံးရှုံးနစ်နာမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့် ရရှိစေရန်၊ (The Right to Redress)

(၇) ကုန်စည်နှင့် ၀န်ဆောင်မှုများ နှင့် ပတ်သက်သည့် အသိပညာများ၊ အခွင့်အရေးနှင့် သတင်းအချက်အလက်များကို သိရှိလေ့လာခွင့် ရရှိစေရန် (The Right to Consumer Education)

(၈) ကျန်းမာ၀ပြောသည့် ပတ်၀န်းကျင်ကောင်းတွင် ရှင်သန်နေထိုင်ခွင့် ရရှိစေရန်၊ (The Right to a Healthy Environment)

စားသုံးသူ၏တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)    ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊

(ခ)     ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့်အညီ ပေးချေခြင်း၊

(ဂ)     စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်း၊

(ဃ)    အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာ စေရန် မဟုတ်မမှန်ပြောဆိုခြင်း၊ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်း