Main menu

ရေကြည်မြို့နယ်၌ ဒေသထွက် တိုင်ထောင်ပဲသီးများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေ

Powered by Drupal
Fri, 12/12/2025 - 14:31 -- consumer_admin

     ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်၌ ဒေသထွက်တိုင်ထောင်ပဲသီးများ ဝယ်လိုအား ကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေကြောင်း  ရေကြည်မြို့နယ်မှ ကုန်စိမ်းရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူများ ၏ ပြောကြားချက်အရ သိရသည်။

     ရေကြည်မြို့နယ် ကုန်စိမ်းဈေးကွက်တွင်  ဒေသထွက်တိုင်ထောင်ပဲသီးများကို စက်တင်ဘာလ ပထမပတ်မှ လက်ရှိအချိန်ထိ  အရောင်းအဝယ်ပြုလုပ်လျက်ရှိကာ တစ်ရက်လျှင် တိုင်ထောင်ပဲသီး ပိဿာ ၂၅၀၀ မှ ၅၅၀၀ အထိ အရောင်းအဝယ်ကောင်းမွန်နေကြောင်း သိရသည်။

      "ဒေသထွက်ကုန်အများအပြား စိုက်ပျိုးထုတ်လုပ် ရောင်းချနိုင်တော့ သယ်ယူစရိတ်သက်သာပြီး သန့်ရှင်းလတ်ဆတ်တဲ့ စားသောက်ကုန်တွေကို  စားသုံးနိုင်မှာဖြစ်ပါတယ်။ ဒေသထွက် တိုင်ထောင် ပဲသီးတွေက အရည်အသွေးကောင်းမွန်ပြီး သန့်ရှင်းလတ်ဆတ်မှုရှိတဲ့ အတွက်    ဝယ်လို အားကောင်း နေတာဖြစ်ပါတယ်။    တိုင်ထောင်ပဲသီးတွေကို    တခြားကုန်စိမ်း ဈေးကွက်ကလည်း အဝယ်လိုက် နေပါတယ်။ အခုလို တိုင်ထောင်ပဲသီးတွေ ဝယ်လိုအားကောင်းလာတော့ ဟင်းသီး ဟင်းရွက် စိုက်ပျိုးတဲ့တောင်သူတွေ  အလုပ်အကိုင် အဆင်ပြေလာတာတွေ့ရပါတယ်" ဟု တိုင်ထောင်ပဲစိုက်သူ တစ်ဦးထံမှ သိရှိရသည်။

     ရေကြည်မြို့နယ်၌ လက်ရှိတိုင်ထောင်ပဲသီးအပါအဝင်  ဒေသထွက်ရာသီပေါ်ဟင်းသီးဟင်းရွက်များ ပေါ်နေသည့်အချိန်ဖြစ်ကြောင်း၊  အဆိုပါ တိုင်ထောင်ပဲသီးများ ဝယ်လိုအားကောင်းပြီး အရောင်းသွက် လာသည့်အတွက်   ထပ်မံတိုးချဲ့    စိုက်ပျိုးရန် တောင်သူများ ပြင်ဆင်နေကြောင်း၊ ဒေသထွက်ကုန်များကို ရောင်းချရသည့်အတွက်   သယ်ယူစရိတ်သက်သာခြင်း၊လတ်ဆတ်သည့် သီးနှံများကိုသာ   အရောင်း အဝယ် ပြုလုပ်နိုင်ခြင်းတို့ကြောင့်      များစွာအကျိုးကျေးဇူးရှိကြောင်း သိရသည်။

  (DOCA) ဧရာဝတီ