Main menu

ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ (မတ်လ ၁၅) ရက်နေ့အား ဂုဏ်ပြုကြိုဆို မျှတအလေးမှုတာဝန်ယူ၊ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု၊ စားသုံးသူတို့အခွင့်အရေးကို ကျေကျေလည်လည်သိရှိလိုက်နာစို့

Powered by Drupal
Mon, 03/04/2024 - 15:12 -- consumer_admin

     စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ပေးရန်အတွက် ဥပဒေ၊ နည်းဥပဒေများချမှတ်ရေးဆွဲ၍ ပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းကို စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက ပရဟိတလုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ကြိုးစားဆောင်ရွက်လုပ်ဆောင်ပေးလျက်ရှိပါသည်။ လူတို့နေထိုင်မှုဖြစ်စဉ်တွင် စားရေး၊ နေရေး၊ ဝတ်ရေးဟူ၍ အရေးသုံးပါရှိသည်။ အရေးသုံးပါးကို ကိုယ်တိုင်အတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ကုန်စည်နှင့်ဝန်ဆောင်မှုကို ငွေပေးချေ၍ သုံးစွဲသူ၊ အသုံပြုသူတို့သည် ပေးရသောငွေကြေးနှင့်ညီမျှသည့် တန်ဖိုးရရှိခံစားခွင့်အပြည့်အဝရှိခံစားရမည်ဖြစ်သည်။ စားသုံးသူကိုကာကွယ်ပေးရန် စီးပွားရေးစနစ်နှင့်အညီ ကောင်းမွန်သော စီးပွားရေးလုပ်ငန်းဖြစ်ပေါ်လာစေရန် အသေးစား၊ အလတ်စား၊ အငယ်စားလုပ်ငန်းအမျိုးမျိုးအား နိုင်ငံတော်အနေဖြင့် အားပေးဆောင်ရွက်လျက်ရှိသည်။ စားသုံးသူအခွင့်အရေးကို အလေးထားဆောင်ရွက်သင့်သည်နှင့်အညီ ကမ္ဘာ့နိုင်ငံများကပါ ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ကို တခမ်းတနား နှစ်စဉ်ကျင်းပဂုဏ်ပြုဆောင်ရွက်လျက်ရှိပါသည်။  မြန်မာနိုင်ငံသည် ရွာကြီးတစ်ရွာဖြစ်သည်နှင့်အညီ နေထိုင်လျက်ရှိပြီး မိမိနိုင်ငံသားများ၏အကျိုးခံစားခွင့်များကို အခြားကမ္ဘာ့နိုင်ငံများနည်းတူ စံသတ်မှတ်ချက်များအတိုင်း စိတ်ချလုံခြုံပြီး ဘေးကင်းစွာနေထိုင်နိုင်စေရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြသည်။  မတ်လ (၁၅) ရက်နေ့တွင်ကျရောက်မည့် ၂၀၂၄ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ (World Consumer Rights Day 2024) စားသုံးသူများအတွက် အဓိကထား၍ မျှတသော၊ တာဝန်ယူမှုရှိသော AI ကိုအဓိကထား၍ AI မောင်းနှင်သည့် ပလပ်ဖောင်းနှင့်ပတ်သက်၍ သတင်းအမှားများနှင့် ကိုယ်ရေးကိုယ်တာချိုးဖောက်မှုများကဲ့သို့ စိုးရိမ်မှုများကိုဖြေရှင်းပေးရန်နှင့် စားသုံးသူများသတိထားမိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်မည်ဖြစ်သည်။

စားသုံးသူကာကွယ်ရေးဥပဒေ၏ စားသုံးသူ

       စားသုံးသူဆိုသည့် အဓိပ္ပါယ်သတ်မှတ်ချက်မှာ စားသုံးသူကာကွယ်ရေးဥပဒေအရဆိုရလျှင် စားသုံးသူဆိုသည့် လူသားတို့သည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ် ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကိုဆိုလိုကြောင်း စားသုံးသူကာကွယ်ရေး(၂၀၁၉)ဥပဒေတွင် အဓိပ္ပါယ်ဖွင့်ဆိုထားသည်။

စားသုံးသူအခွင့်အရေးကို အလေးထား၍ အသိပညာပေးဆောင်ရွက်လျက်ရှိ

      စားသုံးသူအခွင့်အရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၏ဆောင်ပုဒ်တစ်ခုဖြစ်သော “ စားသုံးသူအခွင့်အရေး ဦးစားပေး” ဆိုသည့်အတိုင်း ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားများကို နှစ်စဉ်ကျင်းပ၍ စားသုံးသူရော၊ လုပ်ငန်းရှင်များကိုပါ အသိပညာပေးဆောင်ရွက်လျက်ရှိပါသည်။ အာဆီယံနိုင်ငံများသည် ၂၀၁၅ခုနှစ်လောက်တွင် စားသုံးသူအကာအကွယ်‌ပေးရေးဥပဒေကို ပြဋ္ဌာန်းနိုင်ရေး ရည်မှန်းချက်ထားဆောင်ရွက်ခဲ့ပြီး၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၉ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ပြင်ဆင်ပြဋ္ဌာန်းအတည်ပြုခဲ့ကာ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကျင့်သုံးလိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေးခြင်း၊ ဆွေးနွေးခြင်း၊ စစ်ဆေးခြင်း၊ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူအခွင့်အရေးများနေ့ကို ကမ္ဘာ့စားသုံးသူများအဖွဲ့ (Consumer Internation) ကဦးဆောင်၍ နှစ်စဉ် မတ်လ (၁၅)ရက်နေ့ရောက်တိုင်း စားသုံးသူများ၏ အခွင့်အရေးများကို အလေးထားဂရုပြု၍ ကျင်းပလျက်ရှိကြောင်းသိရသည်။

ကမ္ဘာ့စားသုံးသူအခွင့်အရေးဖြစ်ပေါ်လာမှုသမိုင်း

       World Consumer Rights Day သမိုင်းမှာ John Kennedy က စတင်ခဲ့သည်။ ၁၉၆၂ခုနှစ်၊ မတ်လ ၁၅ရက်နေ့တွင် သူသည် စားသုံးသူအခွင့်အရေးပြဿနာကိုဖြေရှင်းရန် အမေရိကန်ကွန်ကရက်သို့ အထူးသဝဏ်လွှာပေးပို့ခဲ့ပြီး ၎င်းသည် ပထမခေါင်းဆောင်ဖြစ်လာခဲ့သည်။ စားသုံးသူလှုပ်ရှားမှုကို ၁၉၈၃ခုနှစ်တွင်စတင်ခဲ့ပြီး ယနေ့တွင်  အဖွဲ့အစည်းသည် စားသုံးသူအခွင့်အရေးနှင့်ပတ်သက်သော အရေးကြီးသည့်ကိစ္စရပ်များနှင့် လှုပ်ရှားမှုများကို လုပ်ဆောင်ရန်ကြိုးစားနေပါသည်။ 

စားသုံးသူအခွင့်အရေးနေ့ကျင်ပပြုလုပ်ခြင်း

      မြန်မာနိုင်ငံတွင် နှစ်စဉ် ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ (World Consumer Rights Day-WCRD) အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ဦးဆောင်၍ နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ပထမဆုံးအကြိမ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ၂၀၁၆ခုနှစ်၊ မတ်လ(၂၆)ရက်နေ့တွင်  ရန်ကုန်မြို့၌ “ပဋိဇီဆေးအန္တရာယ်ဘေး အစားအစာမှ ဖယ်ရှားပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယအကြိမ်ကို  ၂၀၁၇ခုနှစ်တွင် မန္တလေးမြို့၌ “စားသုံးသူအခွင့်အရေး ပြည်သူအများသိရှိရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တတိယအကြိမ်ကို ၂၀၁၈ခုနှစ်တွင် နေပြည်တော်၌ “စားသုံးသူအခွင့်အရေးရရှိရေး တိုက်တွန်းနိုးဆော်ဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စတုတ္ထအကြိမ်ကို ၂၀၁၉ခုနှစ်တွင် ပုသိမ်မြို့၌ “စိတ်ချယုံကြည် ဒစ်ဂျစ်တယ်ထုတ်ကုန်များဆီသို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပဥ္စမအကြိမ်ကို ၂၀၂၀ခုနှစ်တွင် ကိုဗစ်ကာလဖြစ်သောကြောင့် ကျင်းပနိုင်မှုမရှိခဲ့ပါ။ မော်လမြိုင်မြို့တွင် “စားသုံးသူအရေး စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် လှုပ်ရှားဆောင်ရွက်ရန်ပြင်ဆင်ခဲ့သည်။ ဆဌမအကြိမ်ကို တိုင်းဒေသကြီး/ပြည်နယ်အသီသီး၌ “ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ် စုပေါင်းကာကွယ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သတ္တမအကြိမ်အဖြစ် ၂၀၂၂ခုနှစ်တွင် နေပြည်တော်၌ “ ညီညွတ်မျှတ ဒီဂျစ်တယ်ငွေကြေးကဏ္ဍ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဌမအကြိမ်ကို ၂၀၂၃ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ စားသုံးသူ အသိပညာပေးဗီနှိုင်းများကို သက်ဆိုင်ရာပြည်နယ်များရှိ တိုင်းရင်းသားဘာသာစကားဖြင့် ဘာသာပြန်ရေးသားဖော်ပြပြီး လူစည်ကားရာနေရာများ၌ ချိတ်ဆွဲခြင်း၊ Billboard များကို ဈေးများ၊ ကျောင်းများတွင် အသိပညာပေးပိုစတာများကပ်နှိပ်ခြင်း၊ စတစ်ကာကမ်ပိန်းများပြုလုပ်ခြင်း၊ မီဒီယာကမ်ပိန်းများပြုလုပ်ခြင်း၊ အစီအစဉ်များရေးဆွဲ၍ ကျင်းပပြုလုပ်ခဲ့ကြသည်။ ၂၀၂၄ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် နေပြည်တော်ရုံးချုပ်၌ မျှတအလေးမှုတာဝန်ယူ၊ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု၊ ခေါင်းစဉ်ဖြင့် သတင်းဆောင်ပါးရေးသားခြင်း၊ ကာတွန်းရေးဆွဲခြင်းများအကြိုပြုလုပ်၍ ဆောင်ရွက်လျက်ရှိပါသည်။

စားသုံးသူအသိပညာပေးခြင်း၏ အဓိကရည်ရွယ်ချက်

       စားသုံးသူအသိပညာပေးလုပ်ငန်းလုပ်ဆောင်ရာ၌ အဓိကရည်ရွယ်ချက် (၄)ချက်ရှိသည်။

(၁) စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ရန်ဖြစ်သည်။ စားသုံးသူပြည်သူများအနေဖြင့် အန္တရာယ်ကင်းသောကုန်စည်နှင့် ဝန်ဆောင်မှုကိုရရှိပြီး ကျန်းမာချမ်းသာစွာ လူနေမှုဘဝကိုဖြတ်သန်းနိုင်ရေးအတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာဗဟုသုတများရှိနေရန်လိုအပ်ပေသည်။

(၂) စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သည့် အသိပညာနှင့်ဗဟုသုတများပြည့်ဝသော လူ့အဖွဲ့စည်းတစ်ရပ်ပေါ်ပေါက်လာစေရန်ဖြစ်သည်။ လူသားတို့သည် အသက်ရှင်ရပ်တည်မှုအတွက် ရှာဖွေစားသောက်ရသလို ကျရောက်လာမည့်မလုံခြုံမှု၊ ဘေးဥပဒ်အန္တရာယ်များကိုလည်းကာကွယ်ရမည်မှာ စားသုံးသူတို့၏တာဝန်ဖြစ်သည်။ မလုံခြုံမှုဖြစ်စေတတ်သော ဖြစ်စဉ်ဖြစ်ရပ်များ၊ ဘေးဥပဒ်အန္တရာယ်များနှင့် ထိုအကြောင်းအချင်းအရာများကို စနစ်တကျကာကွယ်ကျော်လွှားနိုင်ရန် လူ့သားခြင်းစာနာမှုအရ ချိတ်ဆက်ဆောင်ရွက်သင့်သည့် အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ ဥပဒေ၊ နည်းဥပဒေများကို လိုက်နာတာဝန်ယူကူညီဖော်ဆောင်ပေးပြီး လမ်းညွှန်ချက်များကို လေးစားလိုက်နာသည့် လူ့အဖွဲ့စည်းများ ပေါ်ပေါက်ရန်လိုအပ်ပါသည်။

(၃) ရရှိထားသောသတင်းအချက်အလက်များအပေါ်အခြေခံ၍ မှန်ကန်သည့်ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရန်ဖြစ်သည်။ စားသုံးသူတို့သည် မှန်ကန်ပြည်စုံသည့် သတင်းအချက်အလက်သိရှိခွင့်သည် စားသုံးသူ၏အခွင့်အရေးဖြစ်သကဲ့သို့ လုပ်ငန်းရှင်၏တာဝန်လည်းဖြစ်ပါသည်။ စားသုံးသူများသို့ သတင်းအချက်အလက်ပေးရာတွင် မှန်ကန်မှုရှိစေရေး၊ လိမ်လည်လှည့်ဖျားမှုမရှိစေရေး ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်ရန်မှာ စားသုံးသူရေးရာဦးစီးဌာနအပါအဝင် သက်ဆိုင်ရာအစိုးရဌာနများ၏ တာဝန်ဖြစ်ပါသည်။ စားသုံးသူများအနေဖြင့်လည်း အချက်အလက်ပြည့်စုံစွာသိရှိရခြင်းမရှိသော ကုန်ပစ္စည်း/ဝန်ဆောင်မှုများကို ဝယ်ယူခြင်းသုံးစွဲခြင်းမပြုရန်၊ ရရှိလာသောသတင်းအချက်အလက်များသည် မှန်ကန်မှုရှိ/မရှိသုံးသပ်ရန်၊ သတ်မှတ်ချက်၊ လမ်းညွှန်ချက်များကို တိတိကျကျလိုက်နာရန်လိုအပ်ပါသည်။ 

(၄) စီးပွားရေးလုပ်ငန်းရှင်များ၏ ဈေးကွက်ယှဉ်ပြိုင်မှုစွမ်းရည်များမြင့်မားလာစေရန်ဖြစ်သည်။ လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း လွပ်လပ်စွာ မျှတပြီးယှည်ပြိုင်နိုင်သည့် ဝန်းကျင်တစ်ရပ်ဖြစ်ပေါ်လာရန်လိုအပ်သည်။ သာတူညီမျှအခွင့်အရေးနှင့် ကုန်စည်၊ ဝန်ဆောင်မှုများ၊ ငွေကြေးစီးဝင်မှုအတွက် လွပ်လပ်စွာလုပ်ကိုင်နိုင်သော ယှဉ်ပြိုင်မှုမူဝါဒနှင့်အညီ စားသုံးသူအခွင့်အရေးများကို ထိခိုက်မှုမရှိစေဘဲ ကာကွယ်ဆောင်ရွက်ရန်လိုအပ်ပါသည်။

     ရေရှည်တည်တံ့သော စားသုံးမှုမှသည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆီသို့ တက်လှမ်းနိုင်ရမည်။ စားသုံးသူအခွင့်အရေး(၈)ချက်အနက် တစ်ခုဖြစ်သော “ကျန်းမာသော ပတ်ဝန်းကျင်တွင် နေထိုင်ခွင့်ကို” ရရှိခံစာနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်သည်။

ဥပဒေ၊ နည်းဥပဒေများဖြင့် ဆောင်ရွက်လျက်ရှိ

      စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအတိုင်း ဥပဒေ၊ နည်းဥပဒေများကိုလိုက်နာဆောင်ရွက်တတ်စေရန် ဦးစားပေးဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း ပြည်သူများအခွင့်အရေးအပြည့်အဝရရှိစေရန်အတွက်လည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများ၏လိုအပ်ချက်အရ အခြေခံစားသောက်ကုန်၊ အလှကုန်၊ လူသုံးအိမ်သုံးပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် အွန်လိုင်းငွေကြေးဝန်ဆောင်မှု၊ ASEAN Online Business Code of Conduct၊ Online Shopping အသုံးပြုသူများအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ကိုပြဋ္ဌာန်း၍၊ နည်းဥပဒေများရေးဆွဲပြီး ဥပဒေများနှင့်အညီ ကာကွယ်ပေးနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ စားသုံးသူအခွင့်အရေးပိုမိုနားလည်စေရန်နှင့် နစ်နာဆုံးရှုံးမှုများရှိလာပါက နစ်နာဆုံးရှုံမှုများကို အချိန်နှင့်တပြေးညီ စားသုံးသူရေးရာဦးဌာနသို့ တိုင်ကြားလာကြသည်။ စားသုံးသူများအခွင့်အရေးအကျိုးခံစားခွင့်များ၊ ကုစားပိုင်ခွင့်များကို ပိုမိုသိရှိလာကြပြီး၊ စားသုံးသူအခွင့်အရေးရပိုင်ခွင့်အလေ့အကျင့်ကောင်းများကို ပိုမိသိရှိလာကြောင်းတွေ့ရသည်။

    ထို့အတွက်ကြောင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများကိုသိရှိနိုင်ရန် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ သတ်မှတ်ပြဋ္ဌာန်းချက်များဖြင့်အညီ စားသုံးသူပြည်သူများအား လူမျိုး၊ ဘာသာ၊ လူတန်းစားမခွဲခြားဘဲ စားသုံးသူအခွင့်အရေးအပြည့်အဝရရှိအောင်  ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်၊ ဝန်ဆောင်မှုများကို ရရှိသုံးစွဲနိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေ၊ အမိန်း၊ ညွှန်ကြားချက်များဖြင့်အညီ စေတနာထားကာ ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူအခွင့်အရေးကို ထီးမိုးအောက်တွင် လူတန်းစားမခွဲခြားဘဲ မိသားစုသဖွယ် လုံခြုံအောင် နေပူ၊ မိုးရွာ၊ လေဒဏ်၊ မိုးဒဏ်ကာကွယ်ပေးထားသကဲ့သို့  ထီကလေးတစ်ချောင်းသဖွယ် လုံခြုံစွာကာကွယ်ပေးထားသည်။     စားသုံးသူနစ်နာဆုံးရှုံးမှုရှိလာပါကလည်း မိမိရင်ဝယ်သားကဲ့သို့ ထိခိုက်နစ်နာမှုကို စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ပြီး၊ တိုင်ကြားလာမှုနှင့်ပတ်သက်၍ ကုစားဖြေရှင်းဆောင်ရွက်လျက်ရှိပြီး ဖြောင့်မတ်မှန်ကန်သောဥပဒေများဖြင့် ကုစားကာကွယ်ဆောင်ရွက်လျက်ရှိကြောင်းကို ၂၀၂၄ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ဂုဏ်ပြုသောအနေဖြင့် ရေးသားဖော်ပြလိုက်ရပါသည်။

DOCA(ဧရာဝတီ)