Main menu

ဝါးကုန်ကြမ်းမှ ဈေးကွက်အလားအလာရှိသော တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ခြင်း

Powered by Drupal
Tue, 12/19/2023 - 10:55 -- consumer_admin

    မွန်ပြည်နယ်သည် အစိမ်းရောင်တောတောင်သဘာဝကို ပိုမိုလှပအောင် ဆောင်ရွက်လုပ်ကိုင်နေကြသောပြည်နယ်ဖြစ်သည်။ ကျိုက်ထိုမြို့နှင့် ဘီးလင်းမြို့နယ်တို့တွင် ဝါးတောများပေါက်ရောက်ပြီး  ယင်းဒေသခံပြည်သူများသည် ဝါးတောကိုအမှီပြု၍ လုပ်ကိုင်စားသောက်ကြသဖြင့်  စိုက်ပျိုးရေးနည်းပညာကျွမ်းကျင်သူများဖြစ်ကြသည်။  ကရင်ဝါးစိုက်တောင်သူများသည် ဝါးစိုက်ပျိုးခြင်း၊ ဝါးခုတ်လုပ်ငန်းလုပ်ကိုင်ခြင်းကို  မိသားစုအလိုက် လုပ်ကိုင်ကြသည်။ ဒေသမှထွက်ရှိသောဝါးကုန်ကြမ်းများကို အသုံးပြုကြရာတွင် ဝါးအိမ်ဆောက်လုပ်ခြင်း၊ အိမ်ခေါင်မိုးခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ ဝါးကုလားထိုင်ပြုလုပ်ခြင်း၊  ခြင်းတောင်းပုံစံအမျိုးမျိုးပြုလုပ်ခြင်း၊  ဖျာများရက်လုပ်ခြင်းနှင့်ဝါးနှီးများပြုလုပ်၍ အသက်မွေးဝမ်းကြောင်းတစ်ခုအဖြစ် လုပ်ကိုင်ခဲ့ကြသည်။ 

     ယခင်တွင် ဝါးတလုံးလျှင် ၅၀၀ကျပ်မှ ယခုအခါ ၁၄၀၀ကျပ်အထိဈေးကွက်ရရှိလာသည်။ မြေလွတ်၊ မြေရိုင်းများနှင့် ဥယျာဉ်ခြံမြေများတွင် စိုက်ပျိုးလာကြသည်။ မွန်ပြည်နယ်၊ အစိမ်းရောင်တောတောင်သဘာဝကို ပိုမိုလှပအောင် ဆောင်ရွက်လုပ်ကိုင်လျက်ရှိပြီး ဝါးအမျိုးအစား ၁၃၅မျိုးရှိသည့်အနက် ကျိုက်ထိုမြို့နယ်တစ်မြို့နယ်အတွင်းသာ  ရွှေမှုံဝါးအမျိုးအစားကို ရွေးချယ်စိုက်ပျိုးမှုနှင့် အကောင်းဆုံးစိုက်ပျိုးနိုင်ခြင်းရှိသည်။ ရွှေမှုံဝါးသည် ဝါးအရည်အသွေးကောင်းမွန်သည့်အပြင် ခေတ်ကာလပြောင်းလဲလာသည်နှင့်အညီ စိုက်ပျိုးရေးနည်းပညာများ၊ တန်ဖိုးမြင့်ထုတ်ကုန်များကိုဖန်တီးပြုလုပ်ကြသည်။  ရိုးရာလုပ်ငန်း ဝါးကုန်ကြမ်းမှ ယခုချိန်တွင်  အဆင့်မြင့် ကုန်ချောထုတ်လုပ်သည်။

ဝါးတန်ဖိုးမြှင့်ထုတ်ကုန်စက်ရုံနှင့်ထုတ်လုပ်မှု

   မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ တောင်စွန်းကျေးရွာတွင် ရိုးဝါးကုမ္ပဏီလီမိတက် ဝါးတူလုပ်ငန်းအား ဝါးကုန်ကြမ်းမှ အဆင့်မြင့်ကုန်ချောထုတ်စက်ရုံတည်ထောင်ခဲ့သည်။ ဝ အဆင့်မြင့်ကုန်ချောထုတ်စက်ရုံမှ ဝါးါးကုန်ကြမ်းမှတစ်ဆင့်ထုတ်လုပ်သော အဓိကထုတ်ကုန်ပစ္စည်းများမှာ ဝါးတူ၊ အသားကင်တုတ်ချောင်း၊ ရေခဲချောင်း၊ တုတ်ချောင်းများထုတ်လုပ်လျက်ရှိသည်။ စိုက်ပျိုးရေးဝါးကို          အခြေခံထုတ်လုပ်ထားသောကြောင့်   သန့်ရှင်းခြင်း၊     လှပခြင်း၊ ရနံ့သင်းခြင်းများနှင့်ပြည့်စုံနေသည်။ ရိုးဝါးတူမှထုတ်လုပ်သော အဆင့်မြင့်ဝါးတူနှင့် အကင်ထုတ်တို့ကို ကျန်းမာရေးနှင့်ညီညွတ်အောင် အဆင့်မြင့်ထုတ်ကုန်အဖြစ် ထုပ်ပိုးထားသည်။ မှိုတက်မှုများမှကင်းဝေးစေရန် အပူပေးပေါင်းရုံဖြင့် နာရီ(၃၀)အထိ ပေါင်းခံပိုးသတ်ထားသည်။ ပိုးသတ်သည့်နည်းပညာအားသာမှုကြောင့် မှိုမတက်ခြင်း၊ ဝါး၏ပင်ကိုယ်အနံ့မပျောက်ဘဲ မွှေးနေခြင်း၊ စိမ်းလန်းနေခြင်းနှင့် လှနေခြင်းတို့ကြောင့် ဝါးစိုက်ပျိုးမှုများကို အဓိကအားထားလုပ်ကိုင်လာပါသည်။ 

    စက်ရုံ၏နည်းပညာနှင့် သတင်းအချက်အလက်များကို မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း UMFCCI နှင့် မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းကလည်းကောင်း၊ မွန်ပြည်နယ် SME ဌာနကလည်းကောင်း၊ မွန်ပြည်နယ်နိုင်ငံခြားပို့ကုန်မြှင့်တင်ရေးဌာနကလည်းကောင်း ချေးငွေဆိုင်ရာကိစ္စရပ်များကို မြန်မာ့စီးပွားရေးဘဏ်များနှင့်အတူ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုရှိသည်။

ဈေးကွက်ရရှိမှု

      ရိုးဝါးကုမ္ပဏီလီမိတက်မှ  ထုတ်လုပ်ဖြုန့်ဖြူးနေသော တစ်ခါသုံးဝါးတူများသည် နိုင်ငံတကာတွင်အသုံးပြုနေသော အရည် 9in နှင့်0.5 cm ဖြစ်ပြီး တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နန်နိုင်ငံတို့မှထုတ်လုပ်နေသော အရွယ်တူဆိုဒ်တူဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် လက်မှုလုပ်ငန်းများမှထုတ်လုပ်နေသော ဝါးတူများနှင့် အရွယ်ပုံစံတူညီခြင်းမရှိပါ။ အသားကင်တုတ်များကိုလည်း ထိုင်းနိုင်ငံမှထုတ်လုပ်ထားသော ပုံစံအတိုင်း ထုတ်လုပ်ထားပါသည်။ နိုင်ငံခြားမှတင်သွင်းသော တစ်ခါသုံးဝါးတူ၊ အသားကင်တုတ်များကို ဈေးနှုန်းသက်သာစွာ ပြည်တွင်း၌ ဈေးကွက်ယှဉ်ပြိုင်နိုင်သော အဆင့်မြင့်ကုန်ချော Export Quality ထုတ်လုပ်နိုင်သည့် စက်ရုံဖြစ်သည့်အပြင် သွင်းကုန်အစားထိုးထုတ်လုပ်နိုင်သော စက်ရုံဖြစ်သည်။ 

    မွန်၊ ကရင် တနင်္သာရီဈေးကွက် ခိုင်မာမှုရရှိထားခြင်း၊ ထိုင်းနိုင်ငံသို့ပါ တင်သွင်းဖြန့်ဖြူးနေနိုင်ခြင်း၊  တူများကို ၉လက်မ Size များဖြင့် ထုတ်လုပ်ထားခြင်း၊ ထိုင်းစာလုံးများဖြင့် ရိုက်နှိပ်ထားသည်။ ရန်ကုန်၊ မန္တလေး၊ မွန်၊ ကရင်၊ တနင်္သာရီနှင့် မြဝတီမြို့နယ်တို့တွင် ၎င်းကုန်အမှတ်တံဆိပ်များမှာ အောင်မြင်မှုရရှိနေပါသည်။

ပြည်တွင်းဈေးကွက်မှ ကမ္ဘာ့ဈေးကွက်သို့

       ရိုးဝါးကုမ္ပဏီမှထုတ်လုပ်သော ဝါးတူနှင့်အကင်တုတ်ချောင်း ကုန်အမှတ်တံဆိပ်များသည် ရန်ကုန်၊ မန္တလေး၊ မွန်၊ ကရင်၊ တနင်္သာရီနှင့် မြဝတီနယ်စပ်များတွင် ပြည်တွင်းဈေးကွက်ကိုရရှိထားသည်။ ထို့ပြင် AFTA နှင့် AEC တွင် ထိုင်းနိုင်ငံမှတစ်ဆင့် အာဆီယံနိုင်ငံများသို့ဝင်ရောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ သစ်အစားထိုးသေ ာဝါးအထပ်သားဈေးကွက်ရှိနေခြင်း၊ ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနိုင်သည့် ဈေးကွက်အလားအလာရှိနေခြင်း၊ ဝါးအရည်အသွေးယှဉ်ပြိုင်နိုင်ခြင်း၊ တစ်ခါသုံးပစ္စည်းအမျိုးအစားထဲတွင်ပါဝင်သောကြောင့် ဝယ်လိုအားမပြတ်ရှိနေခြင်း၊  စက်ရုံမှ စွန့်ပစ်ပစ္စည်းအဖြစ်ထွက်ရှိလာသော ဝါးအမှုန်များကိုလည်း စက်ရုံသုံးလောင်စာတောင့်အဖြစ်လည်းကောင်း၊ စိုက်ပျိုးရေးသုံး မြေကျက်မြေဩဇာများအဖြစ် လည်းကောင်း ပြန်လည်အသုံးပြုနိုင်သည်။ 

အလုပ်အကိုင်ဖန်တီးနိုင်မှု

     ဝါးကုန်ကြမ်းမှ တန်ဖိုးမြှင့်ထုတ်ကုန်စက်ရုံရှိလာခြင်းဖြင့် ထုတ်လုပ်သည့်လုပ်ငန်းလည်ပတ်ရာတွင် စက်ရုံဝန်ထမ်းများ၊ မိသားစုအလိုက် မြေလွတ်၊ မြေရိုင်းနှင့်ဥယျာဉ်ခြံမြေများ၌ ရွှေမှုံဝါးစိုက်ခြင်းဖြင့်း တောင်စွန်းကျေးရွာရှိ ဒေသခံကရင်တိုင်းရင်းသားအများစုကိုပါ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်သည်။ ထို့ကြောင့် ဒေသဝါးကိုအခြေခံ၍ ဝါးကုန်ကြမ်းမှ ဈေးကွက်အလားအလာရှိသော တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ခြင်းအား တင်ပြလိုက်ရပါသည်။

DOCA(မွန်)