Main menu

စိန်ခေါ်မှုများနှင့် AI နည်းပညာအကြောင်းသိကောင်းစရာ

Powered by Drupal
Mon, 12/18/2023 - 15:44 -- consumer_admin

    ၂၁ရာစုအလွန် ယနေ့ကမ္ဘာကြီးတွင်  နေ့စဉ်နှင့်အမျှ တစ်ရက်နှင့်တစ်ရက်မတူညီအောင် နည်းပညာအသစ်အဆန်းများနှင့် တီထွင်ဆန်းသစ်မှုများပြားလာလျက်ရှိရာ အမျိုးမျိုးသောနည်းပညာများအနက် မရှိမဖြစ် လူသားများနေ့စဉ်ထိတွေ့နေရသော နည်းပညာမှာ AI (Artificial Intellengence)ခေါ်  မှတ်ဉာဏ်တုဟုလည်းခေါ်ဝေါ်ကြသည့် နည်းပညာဖြစ်ပါတယ်။လူသားတို့နေ့စဉ်အသုံးပြုနေရသည့် smart phone၊ computer စတဲ့ မရှိမဖြစ်ပစ္စည်းများမှာ AIနည်းပညာနဲ့မကင်းပါဘူး။အင်တာနက်ကနေ အချက်အလက်တွေ ရှာဖွေဖတ်ရှုချင်လို့ဘဲဖြစ်စေ၊ Youtube Netflix များကနေ[U1]  ရုပ်ရှင်တွေကြည့်ရှုတာဘဲဖြစ်စေ ၊ Amazon လိုမျိုး အွန်လိုင်းကနေ စျေးဝယ်ယူတာမျိုးဖြစ်စေ အစရှိတဲ့ လူများရဲ့ နေ့စဉ်လုပ်ဆောင်ချက်တွေရဲ့ နောက်ကွယ်မှာ Artificial Intelligence ရှိနေပါတယ်။

AI ဆိုတာဘာလဲ

   လူလုပ်အသိဉာဏ်(ဝါ)မှတ်ဉာဏ်တုလို့လည်းခေါ်ကြတဲ့  (AI) လို့ကြားလိုက်တာနဲ့ အလိုအလျောက်မောင်းနှင်နိုင်တဲ့ ကားတွေ၊ စက်ရုပ်‌တွေ၊ လူတိုင်းနီးပါး ကြားဖူးကြပြီးဖြစ်တဲ့ ChatGPT နဲ့ တခြားသော chatbots တွေ၊ လူကိုယ်တိုင်ဆွဲထားတာ ရိုက်ထားတာမဟုတ်တဲ့ ပုံတွေကိုတွဲဖက်မြင်မိကြမှာပါ။ အဲ့တော့ ဒီလိုရလဒ်တွေထုတ်ပေးနိုင်တဲ့ AI ဆိုတာဘာလဲ။ ဒီ AI တွေက ယခုပစ္စုပ္ပန်နဲ့ အနာဂတ်မှာ လူသားတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်လဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။Artificial intelligence (AI) ဆိုတာ 1950 နောက်ပိုင်းမှစတင်ကာ concept တစ်ခုအနေနဲ့ရှိခဲ့ပါတယ်။ လူအသိဉာဏ်ပါမှ လုပ်လို့ရတယ်ဆိုတဲ့ အလုပ်တစ်ခုကို စက်ပစ္စည်းက လူအသိဉာဏ်မပါဘဲ သီးသန့်လုပ်ဆောင်နိုင်ခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။

      AI ရဲ့အရှည်ကောက်က Artificial Intelligence ပါ။ တိုက်ရိုက်ဘာသာပြန်ရင် ဖန်တီးပြုလုပ်ထားတဲ့ အသိဉာဏ်လို့အဓိပ္ပါယ်ရပါတယ်။ Artificial Intelligence ဆိုတာ အလိုအ‌လျောက်သင်ယူလေ့လာနိုင်အောင် ရေးဆွဲထားတဲ့ ကွန်ပျူတာပရိုဂရမ်တစ်ခုဖြစ်ပါတယ်။Machine-learning Algorithm တွေသုံးပြီး deep learning စနစ်နဲ့သင်ယူနိုင်အောင် ရေးဆွဲထားတယ်လို့ ပြောနိုင်ပါတယ်။ လူသားတွေမှာ ဦးနှောက်ရှိသလို၊ စဉ်းစားတွေးခေါ် သင်ယူနိုင်သလို AIကလည်း ကွန်ပျူတာရဲ့ဦးနှောက်လို့ပြောရမှာပါ။
     AI Artificial Intelligence ဉာဏ်ရည်တုနည်းပညာကို အဓိကအသုံးပြုနေတဲ့နေရာကတော့ အားလုံးသိကြတဲ့အတိုင်း စက်ရုပ်တွေမှာပါ။ ဖွံ့ဖြိုးပြီးနိုင်ငံများမှာ မောင်းသူမဲ့ကားများ၊    ဒရုန်းယာဉ်များတွင် ထည့်သွင်းအသုံးပြုရုံသာမက     မော်တော်ကားထုတ်လုပ်ရေးစက်ရုံများတွင်    အလိုအလျောက် ကားအစိတ်အပိုင်း  တပ်ဆင်သူစက်ရုပ်များအဖြစ်လည်းအသုံးပြုကြပါတယ်။ စားသောက်ဆိုင်များတွင် စားပွဲထိုး၊   ဧည့်ကြိုများအဖြစ်လည်းကောင်း၊ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်သူအဖြစ်လည်းကောင်း၊   ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင်လည်း ကောင်း၊   website များ၏searchengine တွင်လည်းကောင်း၊ ကွန်ပျူတာနှင့် စမတ်ဖုန်းများတွင်လည်းကောင်း  AI   ဉာဏ်ရည်တုနည်းပညာကို   အသုံးပြုလာကြပြီ     ဖြစ်သည်။ နောက်ပိုင်းစက်ရုပ်တွေဟာ ဟိုးအရင်ကစက်ရုပ်တွေလို သတ်မှတ်ထားတဲ့အတိုင်း အလုပ်တစ်ခုခုကိုပဲ လုပ်နေတာမျိုးမဟုတ်တော့ဘဲ အိမ်သုံးစက်ရုပ်များအနေဖြင့် တံမြက်စည်းလှည်းခြင်း၊ ဖုန်သုတ်ခြင်း၊ ပန်းကန်ဆေးခြင်း စသည်တို့အပြင် ကလေးများကိုပါထိန်းကျောင်းပေးနိုင်သည့် စက်ရုပ်များအထိပါ ဖန်တီးနိုင်ခြင်းသည် AI နည်းပညာအကျိုးကျေးဇူးများပင်ဖြစ်ပါတယ်။

AIနှင့်စိန်ခေါ်မှုများ

    ကမ္ဘာ့နိုင်ငံ့ခေါင်းဆောင်များ၊ သိပ္ပံပညာရှင်များနှင့် နည်းပညာရှင်များက ဉာဏ်ရည်တုနည်းပညာ (AI) ၏ အသုံးဝင်မှုများကိုသာမက ထိုနည်းပညာကိုအလွဲသုံးပြီး ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များအား သတိပြုနိုင်ရန်နှင့် ကာကွယ်နိုင်မည့်ဥပဒေများကိုပါ ဆုံးဖြတ်ပြဋ္ဌာန်းလာကြသည်ကိုတွေ့ရသည်။ အမေရိကန်ကဲ့သို့ နည်းပညာထွန်းကားသည့်နိုင်ငံကြီးသည်ပင် နည်းပညာအလွဲသုံးမှုအန္တရာယ်များကို သတိပြုလာကြရာ နိုင်ငံငယ်များအနေဖြင့်လည်း ကြိုတင်သတိပြုပြင်ဆင်ထားရမည်ဖြစ်သည်။

    ဉာဏ်ရည်တုနည်းပညာသည် လက်ရှိတွင် အဆင့်အမြင့်ဆုံးနည်းပညာတစ်ခုဖြစ်ပြီး လူအများ၏ဘဝကို တိုးတက်ကောင်းမွန်အောင် ဖန်တီးပေးနိုင်စွမ်းရှိသော်လည်း တစ်ချိန်တည်းမှာပင် အဆိုပါနည်းပညာကြောင့် လုံခြုံရေးခြိမ်းခြောက်မှုများထိပါရှိနိုင်ကြောင်း နိုင်ငံ့ခေါင်းဆောင်များက ပြောကြားလာကြသည်။ ဉာဏ်ရည်တုနည်းပညာကြောင့် ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် တိုးတက်ဖွံ့ဖြိုးမှုများရှိလာသလို လူတို့၏ကိုယ်စိတ်ကျန်းမာရေးကိုထိခိုက်စေနိုင်ခြင်း၊ သတင်းမှားများဖန်တီးနိုင်ခြင်း၊ အလုပ်အကိုင်များဆုံးရှုံးနိုင်ခြင်း၊ အနာဂတ်တွင် အဆိုပါနည်း ပညာကြောင့် ပင် လူသားမျိုးနွယ်တစ်ခုလုံးကို အန္တရာယ်ပေးလာနိုင်ကြောင်း သုံးသပ်မှုများရှိလာသည်။

    ဉာဏ်ရည်တု (Artificial intelligence – AI) ဆိုသည်မှာ အသိဉာဏ်ရှိသောကိုယ်စားလှယ်များကို ဒီဇိုင်းထုတ်လေ့လာရန် သို့မဟုတ် စက်ကိရိယာတို့၏ အသိဉာဏ်ကိုဖန်တီးထားခြင်းဖြစ်သည်။ AI နည်းပညာတွင်ခွဲခြမ်းစိတ်ဖြာ၊ လူ့- Inspired၊ လူအတုထောက်လှမ်းရေးတို့ပါဝင်သည်။ သိပ္ပံနှင့်နည်းပညာမြင့်မားတိုးတက်လာသော လူ့အသိုက်အဝန်းတွင် AI နည်းပညာသည် ဆန်းသစ်သည့်ဝန်ဆောင်မှုများကိုပေးစွမ်းနိုင်သည်။ သိမှုဉာဏ်အပြင် လူ့စိတ်ခံစားချက်ကိုနားလည်ခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ခြင်းတို့ကို ထည့်သွင်းစဉ်းစားနိုင်စွမ်းရှိသည့် ဉာဏ်ရည်ထည့်သွင်းထားသော ဉာဏ်ရည်တုလူမိတ္တူဖြစ်သည်။

    မြန်မာနိုင်ငံသည် ဖွံ့ဖြိုးပြီးနိုင်ငံမဟုတ်သေးသော်လည်း ၂၀၁၃ခုနှစ်တွင် ဆက်သွယ်ရေးဥပဒေကိုပြဋ္ဌာန်းခဲ့ပြီးနောက် ဆက်သွယ်ရေးနည်းပညာကဏ္ဍကို လွတ်လပ်သောဈေးကွက်အဖြစ် ဖွင့်လှစ်ပေးနိုင်မှုနှင့်အတူ နည်းပညာများဖွံ့ဖြိုးတိုးတက်လာသည်။ အွန်လိုင်းဝန်ဆောင်မှုစနစ်များ၊ ဒစ်ဂျစ်တယ်နည်းပညာစနစ်များ ပိုမိုကျယ်ပြန့်စွာအကောင်အထည်ဖော်လာနိုင်သောကြောင့် စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူတို့၏ နေ့စဉ်လူမှုစီးပွားဘဝများတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာအသုံးပြုမှုအပေါ် များစွာမှီခိုလာကြသည်။ အသုံးပြုမှုကျယ်ပြန့်လာသည်နှင့်အတူ ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်မှု၊ တိုက်ခိုက်မှုများလည်းများပြားလာခဲ့သည်။

    ဉာဏ်ရည်တုနည်းပညာ (AI) ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် လူသားဖြစ်တည်မှုနှင့် လူနေမှုဘဝပတ်ဝန်းကျင်ကို လွှမ်းမိုးထိခိုက်နိုင်သည့်အခြေအနေများကြုံတွေ့လာသည်။ အမျိုးသားလုံခြုံရေးအထိပါဝင်လာနိုင်သောကြောင့် နိုင်ငံအများစုက ဉာဏ်ရည်တုနည်းပညာ (AI) ကို မူဝါဒ၊ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများဖြင့် ထိန်းကျောင်းရန်ကြိုးစားလာကြသည်။ သတင်းအချက်အလက်နှင့်နည်းပညာဆိုက်ဘာနယ်ပယ်တွင်လည်း စိန်ခေါ်မှုများ များပြားလာသည့်အတွက် မျက်ခြည်မပြတ်စောင့်ကြည့်ရန်လိုအပ်လာသည်။

    မြန်မာနိုင်ငံအနေဖြင့် နည်းပညာတိုးတက်ဖြစ်ထွန်းလာမှုနှင့်အတူ ကြိုတင်ကာကွယ်ဖြေရှင်းရန်လိုအပ်သော ဆိုက်ဘာလုံခြုံရေးမူဝါဒကို ၂၀၂၃ခုနှစ်၊ မတ်လတွင် ထုတ်ပြန်ထားသည်။ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒတွင်ပါဝင်သောအချက်အလက်များကို သက်ဆိုင်ရာနယ်ပယ်အလိုက် သိရှိနားလည်ဆောင်ရွက်ထားရန်လိုအပ်ပြီး        AI နည်းပညာ၏အသုံးဝင်မှုနှင့် အန္တရာယ်တို့ကိုနားလည်သိရှိနားလည်နိုင်စေရန် ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)