Main menu

တောင်သူဘဝမြှင့်တင်ဖို့ ဘက်ပေါင်းစုံမှ ဝိုင်းဝန်းစို့

Powered by Drupal
Mon, 12/04/2023 - 12:55 -- consumer_admin

    ဆန်စပါးသည် မြန်မာနိုင်ငံ၏ အဓိကစားသုံးသီးနှံတခုဖြစ်ပါသည်။ ကျေးလက်နေပြည်သူလူထု၏ လူဦးရေ၇၀ရာခိုင်နှုန်းခန့်မှာ စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း၌လည်း နှစ်စဉ် စပါးသီးနှံစိုက်ပျိုးဧက(၆)သိန်းခန့်စိုက်ပျိုးပြီး ပျှပ်းမျှအထွက်နှုန်းမှာ တစ်ဧကလျှင် (၈၃)တင်းခန့်ထွက်ရှိပါသည်။

      မန္တလေးတိုင်းဒေသကြီးအတွင်း မိုးပါး၊ နွေစပါးစိုက်ပျိုးထုတ်လုပ်မှုအခြေအနေမှာ-

စဉ်

ခုနှစ်

မိုးစပါး

နွေစပါး

စုစုပေါင်း

စိုက်ဧက

(၁)ဧက

အထွက်တင်း

စိုက်ဧက

(၁)ဧက

အထွက်တင်း

စုစုပေါင်း

စိုက်ဧက

အထွက်

နှုန်း

၂၀၂၁-၂၀၂၂

၅၀၇၈၉၈

၈၀.၄၆

၈၉၆၆၇

၁၀၀.၇၄

၅၉၇၅၆၅

၈၃.၄၉

၂၀၂၂-၂၀၂၃

၅၀၇၀၁၁

၈၀.၀၀

၉၅၃၀၉

၁၀၀.၄၇

၆၀၂၃၂၀

၈၃.၂၄

၂၀၂၃-၂၀၂၄

၅၂၄၃၇၀

-

-

-

-

-

          (၂၀၂၃-၂၀၂၄) ခုနှစ်တွင် မိုးစပါးများစိုက်ပျိုးပြီးစီးမှုမှာ (၅၂၄၃၇၀)ဧကဖြစ်ပြီး နွေစပါးရာသီကာလ၌ နွေစပါးများကို ဆက်လက်စိုက်ပျိုးမည်ဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း စပါးသီးနှံမျိုးကွဲအလိုက် စိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် မနောသုခ၊ ရွှေသွယ်ရင်၊ ဆင်းသုခ၊ ရွှေမနော်၊ ဧရာမင်း၊ ပုလဲသွယ်၊ အခြားအထွက်နှုန်းကောင်းသော ဒေသခေါ် မဂျမ်းတောတို့ကိုစိုက်ပျိုးထုတ်လုပ်ကြပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း မနောသုခစပါးအမျိုးအစား ၄၄%ဖြင့် အများဆုံးစိုက်ပျိုးပြီး ဧရာမင်းစပါး ၂၃%ဖြင့် ဒုတိယအများဆုံးစိုက်ပျိုးကာ ကျန်အမျိုးအစားမှာ ဒေသနှင့်ကိုက်ညီသည့်အမျိုးအစားများကို စိုက်ပျိုးထုတ်လုပ်ကြပါသည်။ စပါးတစ်ဧကအထွက်နှုန်းတိုးတက်ရေး လိုက်နာလုပ်ဆောင်ရမည့် သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များကို လေ့လာသည့်အခါ ပေါင်စနစ်ဖြင့်ပျိုးထောင်ခြင်း၊ မျိုးစေ့များပူးကပ်ခြင်းမရှိအောင် မျိုးစေ့ချခြင်း၊ မျိုးစေ့များမပျက်စီးစေရန်နှင့် မိုးရေတွင် မျှောပါမသွားစေရန် မြေဆွေးဖုံးအုပ်ခြင်း၊ ပျိုးခင်းကိုစနစ်တကျပြုစုခြင်း၊ ချက်ချင်းနုတ်/ ချက်ချင်းစိုက်ပျိုးခြင်း၊ ပျိုးဝင်အတိမ်အနက်လိုက်နာခြင်း၊ လက်စသတ်မှတ်ခြင်းတို့ကို လေ့လာသိရှိပြီး စပါးစိုက်ပျိုးစဉ်ကာလအတွင်း ရေသွင်းရေထုတ်မှန်ကန်အောင်ပြုလုပ်ခြင်း၊ ကောက်ကွက်မှန်အောင်စိုက်ပျိုးခြင်း၊ သွင်းအားစုကို အချိန်ကိုက်အချိုးကျထည့်သွင်းခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း၊ အောင်ရေထုတ်ခြင်း၊ ရိတ်သိမ်းချိန်မှန်ကန်အောင်ဆောင်ရွက်ခြင်းတို့ဖြစ်ပါသည်။

      ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာတွင် မြန်မာနိုင်ငံ၏ ဆန်စပါးကုန်သွယ်မှုပိုမိုရရှိရေး၊ ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ဆန်စပါးပိုမိုအထွက်တိုးစေရေးကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။ဆန်စပါးကဏ္ဍကြုံတွေ့နေရသည့် အခက်အခဲများမှာ စိုက်ပျိုးနည်းပညာဆိုင်ရာအခက်အခဲများ၊ တောင်သူနားလည်လက်ခံနိုင်မှုဆိုင်ရာအခက်အခဲများ၊  ဈေးကွက်ဆိုင်ရာအခက်အခဲများနှင့် မူဝါဒဆိုင်ရာအခက်အခဲများ၊ စိုက်ပျိုးရေးဆိုင်ရာကဏ္ဍတွင် သဘာဝဘေးအန္တရာယ်များလျော့ချနိုင်ရန် အစီအစဉ်များကိုစီစဉ်ဆောင်ရွက်ရန်အတွက် ပြောင်းလဲနေသောရာသီဥတုနှင့်ကိုက်ညီမည့် သီးနှံပုံစံများကို ပြောင်းလဲချမှတ်ပေးခြင်း၊ စိုက်ပျိုးနည်းစနစ်များပြောင်းလဲကျင့်သုံးခြင်း၊ သီးနံအလိုက် ပြောင်းလဲနေသောရာသီဥတုနှင့်ကိုက်ညီမည့် မျိုးများရှာဖွေဖော်ထုတ်စိုက်ပျိုးပေးခြင်း၊ သင့်လျော်သောစိုက်ပျိုးချိန်များကို ပြင်ဆင်သတ်မှတ်ခြင်း၊ လက်မှုလယ်ယာစိုက်ပျိုးနည်းစနစ်မှ စက်မှုလယ်ယာသို့ပြောင်းလဲခြင်း၊ အရန်မျိုးစေ့နှင့်ရိက္ခာများသိုလှောင်စုဆောင်းထားရှိခြင်း၊ ရိတ်သိမ်းချိန်လွန်နည်းပညာများဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးခြင်း၊ တောင်သူများအတွက် စိုက်ပျိုးရေးနည်းပညာဆိုင်ရာအခက်အခဲများမှာ စပါးမျိုးသန့်မျိုးစေ့များ၊ စပါးမျိုးကွဲများ၊ သီးနှံပုံစံများ၊ စပါးစိုက်ပျိုးနည်းစနစ်များ၊ နိုင်ငံတကာဆက်သွယ်ရေးနည်းပညာ၊ ရေအသုံးချမှုစီမံခန့်ခွဲရေး၊ အာဟာရဓာတ်စီမံခန့်ခွဲရေးတို့ကိုကြုံတွေ့နိုင်ပါသည်။

     တောင်သူလယ်သများများ၏ နားလည်လက်ခံနိုင်မှုဆိုင်ရာအခက်အခဲများကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် တောင်သူများအား နည်းပညာများဖြန့်ဝေခြင်း၊ သုတေသနနှင့် နည်းပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ နိုင်ငံပိုင်သတင်းစာများ၊ လက်ကမ်းစာစောင်များမှတစ်ဆင့် နည်းပညာများဖြန့်ဝေပေးခြင်း၊ စပါးသီးနံဆိုင်ရာအခက်အခဲများနှင့်ပတ်သက်၍ မေးမြန်းမှုများအား DDA Call Center မှတစ်ဆင့် နည်းပညာများမျှဝေပေးခြင်း၊ ဆန်စပါးကဏ္ဍ၌တွေ့ကြုံနေရသော ဈေးကွက်ဆိုင်ရာအခက်အခဲများအနေဖြင့် တောင်သူအစုအဖွဲ့ဖြင့် မျိုးစေ့ထုတ်စိုက်ပျိုးခြင်း၊ ရိတ်သိမ်းချိန်လွန်နည်းပညာ၊ အခြေခံစပါးရည်ညွှန်းဈေးနှုန်းများဆောင်ရွက်သင့်ပါသည်။ တောင်သူလယ်သမားများအတွက် သင့်တင့်မျှတသောဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်စေရန်အတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်းထုတ်ပြန်ခဲ့မှုအခြေအနေများမှာ ၂၀၁၈ခုနှစ်၊ မတ်လ(၆)ရက်နေ့တွင် စပါးတင်း(၁၀၀)လျှင် (၅၀၀၀၀၀)ကျပ်၊ ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်နေ့တွင် စပါးတင်း(၁၀၀)လျှင် (၅၀၀၀၀၀)ကျပ်၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၂၃)ရက်နေ့တွင် (၅၂၀၀၀၀)ကျပ်၊ ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ(၆)ရက်နေ့တွင် (၅၄၀၀၀၀)ကျပ်၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့တွင် (၆၃၀၀၀၀)ကျပ်၊ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့တွင် (၇၅၀၀၀၀)ကျပ်တို့သတ်မှတ်ခဲ့ပါသည်။ တောင်သူလယ်သမားများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး၊ ဆန်စပါး MSME လုပ်ငန်းများဖွံ့ဖြိုးရေး၊ ဆန်စပါးဝယ်ယူမှုကြိတ်ခွဲသိုလှောင်တင်ပို့ရောင်းချမှုကို စနစ်တကျဆောင်ရွက်ရေး၊ ဆန်စပါးဈေးကွက်နှင့်ဈေးနှုန်းတည်ငြိမ်ရေး အစရှိသည့် ဆန်စပါးကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာဌာနများသာမက MRF ကဲ့သို့သောအဖွဲ့အစည်းအများ၊ စီးပွားရေးလုပ်ငန်းရှင်များကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်း ဖိတ်ခေါ်အပ်ပါသည်။

      ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များမှာ မျိုးကောင်းမျိုးသန့်များကို ပူးပေါင်းထုတ်လုပ်ခြင်း၊ ဝယ်ယူခြင်း၊ ဖြန့်ဖြူးခြင်း၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကန်ထရိုက်လယ်ယာများပူးပေါင်းဆောင်ရွက်ခြင်း၊ လယ်ယာမြေများပြုပြင်ပြီး အဆင့်မြင့်စံပြလယ်ယာများကို ပူးပေါင်းမြှင့်တင်ဆောင်ရွက်ခြင်း၊ မြေလွတ်မြေလပ်များတွင် စပါးစိုက်ပျိုးထုတ်လုပ်နိုင်ရန် ပြုပြင်ဆောင်ရွက်ခြင်း၊ စပါးစိုက်ဧရိယာတိုးချဲ့ခြင်း၊ လယ်ယာသုံးသွင်းအားစုများကို ဈေးနှုန်းသင့်တင့်စွာဖြန့်ဖြူးပေးခြင်း၊ ရိတ်သိမ်းခြွေလှေ့စက်များ၊ အခြောက်ခံစက်များထူထောင်ခြင်း၊ စပါးစိုက်စက်များ၊ လယ်ထွန်စက်များဖြင့် စက်မှုလယ်ယာဝန်ဆောင်မှုပြုပေးခြင်း၊ မျိုးစေ့ထုတ်ခြံများဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များအတွက် ပူးပေါင်းဆောင်ရွက်ခြင်း၊ သိုလှောင်ရုံကုန်အပ်လက်မှတ်အခြေပြု ချေးငွေများထုတ်ပေးနိုင်ရေးဆောင်ရွက်ခြင်း၊ သီးနှံများရေရရှိရေးနည်းလမ်းများကို ပူးပေါင်းဆောင်ရွက်ပေးစေခြင်းတို့ဖြင့် တောင်သူလယ်သမားများဘဝမြှင့်တင်စေလိုကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)