Main menu

သကြားမုန်လာအကြောင်း တစ်စေ့တစ်စောင်း

Powered by Drupal
Fri, 09/22/2023 - 16:07 -- consumer_admin

   သကြားမုန်လာပင်ဟုခေါ်သော်လည်း မုန်လာဥ၊ ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ မုန်ညှင်း စသည်တို့နှင့် မျိုးရင်းချင်းမတူသည့်အပြင် မုန်လာဥဝါနှင့်လည်းမျိုးရင်းချင်းမတူဘဲ သကြားမုန်လာပင်သည် မူလတွင် ကက်စပျန်ပင်လယ်ဒေသ၌ အလေ့ကျပေါက်သည်။ ရှေးနှစ်ပေါင်း နှစ်ထောင်ခန့်တွင် ယင်းကို လူတို့သည် အစာအဖြစ် စိုက်ပျိုးလာခဲ့ကြသည်။ သကြား မုန်လာပင်၏ အဖြူရွက်စိမ်းကြီးများသည် ထူ၍အရည်ရွှမ်း၏။ ဥများမှာ အဖြူမှ အနီရင့်ရင့်အထိ အရောင်အမျိုးမျိုးရှိကြသည်။ တချို့ဥများမှာ ဘောလုံးကဲ့သို့လုံး၍ တချို့မှာ ကျင်ပုံသဏ္ဌာန်ရှိပြီး တချို့မှာမူ ရှည်မျှောမျှောရှိပါသည်။

   သကြားမုန်လာပင်သည် (၂)နှစ်ခံအပင်မျိုးဖြစ်၍ (၂)နှစ် သို့မဟုတ် (၂)နှစ်ရာသီ အသက်ရှင်သောအပင်မျိုးဖြစ်ပါသည်။ အစေ့များကိုစိုက်ပျိုးပြီး ရက်ပေါင်း(၇၀)အတွင်း ဥများကိုစားသောက်နိုင်ပါသည်။ သကြားမုန်လာပင်များကို အပင်စာသိုမှီးထားသော အမြစ် (ဥ) များအတွက် စိုက်ပျိုးကြရာ ဥများအထိမနာစေရန်အတွက် ပြောင်းရွေ့စိုက်ရန် မဖြစ်နိုင်သဖြင့် စိုက်ခင်းများကို ကောင်းစွာဂရုစိုက်၍ ပြုပြင်ရသည်။ မြေဩဇာကောင်းသော မြေနုမြေပွများ၌ ကောင်းစွာဖြစ်ထွန်းကြပါသည်။ သကြားမုန်လာပင်၏မျိုးစေ့ကို မစိုက်ပျိုးမီ ရေနွေးတွင် နာရီအနည်းငယ်စိမ်ထားပြီးမှသာ စိုက်လျှင် ရိုးရိုးစိုက်သည်ထက် ပို၍မြန်စွာပေါက်ပါသည်။

 ဥများကောင်းစွာဖြစ်ထွန်းစေရန် တစ်တန်းနှင့်တစ်တန်းအကြား (၉)လက်မမှ (၁၂)လက်မခွာပြီးလျှင် တစ်ပင်နှင့်တစ်ပင်လည်း (၆)လက်မထိကွာအောင်စိုက်၍ အပင်ညံ့များကိုနှုတ်ပေးရသည်။ မြန်မာနိုင်ငံတွင် သကြားမုန်လာပင်များကို ဟင်းသီးဟင်းရွက်ပင်တစ်မျိုးဖြင့်သာစိုက်ပျိုးကြသည်။ အနောက်နိုင်ငံများတွင် ဟင်းသီးဟင်းရွက်တစ်မျိုးအဖြစ်ဖြင့်လည်းကောင်း၊ တိရိစ္ဆာန်အစာတွက်သော်လည်း စိုက်ပျိုးကြသည်။ ကျန်းမာရေးအရ ကောင်းကျိုးများမှာ သွေးပေါင်ထိန်းညှိပေးခြင်း၊ လေဖြတ်ခြင်း၊ နှလုံး Attack ရခြင်းတို့မှ ကာကွယ်ပေးသည်ဟု အရှေ့တိုင်းရင်းဆေးဆရာတို့ဆိုကြပါသည်။

 သကြားမုန်လာဥများကို ဝယ်ယူစိုက်ပျိုးချင်သော စိုက်ပျိုးထုတ်လုပ်သူတောင်သူများနှင့် ကုန်ချောထုတ်လုပ်သူများကို ပေါများစွာချိတ်ဆက်နိုင်လျှင် အကျိုးအမြတ်များစွာရရှိမည်ဖြစ်ပါသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း၌မူ စိုက်ပျိုးသူအနည်းငယ်မျှသာရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)