Main menu

အနာဂါတ်စီးပွားရေး နှင် AIနည်းပညာ (Artifical Intelligence)

Powered by Drupal
Wed, 09/20/2023 - 13:52 -- consumer_admin

   ကမ္ဘာ့နိုင်ငံများသည် ခေတ်မှီနည်းပညာများကို ပိုင်ဆိုင်ရန်အပြင်းအထန် ကြိုးစားနေကြပါသည်။ ခေတ်မှီနည်းပညာများကို ပိုင်ဆိုင်နေခြင်းအားဖြင့် နိုင်ငံ၏စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် စစ်ရေးအရပါ အခြားသောနိုင်ငံများထက် သာလွန်နေမည်ဖြစ်ပါသည်။ AI(Artfitical Intelligence)ဟူသော မှတ်ဉာဏ်တုနည်းပညာမှာ မျက်မှောက်ခေတ်ကာလတွင် အလွန်အရေးပါသော နည်းပညာဖြစ်ပြီး ကဏ္ဍပေါင်းစုံတွင် ထိုးဖောက်ဝင်ရောက်လျက်ရှိသော နည်းပညာဖြစ်ပါသည်။ AI နည်းပညာသည် ၁၉၅၀ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့သော နည်းပညာဖြစ်ပါသည်။

   AI နည်းပညာမှာ အများသောအားဖြင့် အဆင့်သုံးမျိုး ရှိပါသည်။ Artifitial Narrow Intelligence(ANI)၊ Artifitial General Intelligence(AGI)၊ Artifitial super Intelligence(ASI) တို့ဖြစ်ကြပါသည်။ ANI မှာလူသားများ၏ ဉာဏ်ရည် (သို့) ကျော်လွန်သော AI ဖြစ်ပြီး (ဥပမာ-Google translate၊Google Search နှင့်စစ်တုရင်ကစားခြင်း၊ မောင်းသူမဲ့ကားများ) ၊ Narrow AI မှာ လူသားများထက် ပိုမိုထက်မြက်ပြီးလူသားများကဲ့သို့ တွေးခေါ်နိုင်သော AI ဖြစ်ပြီးယခုအဆင့်ထိရောက်အောင် သိပ္ပံပညာရှင်များက ကြိုးစားနေကြဆဲဖြစ်ပါသည်။ သို့သော် မိမိသိရှိလိုသမျှကို အချက်အလက်များစွာဖြင့် ပြသပေးသော ChatGPT ကဲ့သို့သော App မှာ ရှေ့ပြေး General AI အဖြစ် အသုံးပြုနေကြပြီဖြစ်ပါသည်။ Super AI မှာ လူသားများ၏ ဉာဏ်ရည်ထက် များစွာသာလွန်သော AI များဖြစ်ပြီး အနာဂတ်တွင် လူသားများလုပ်ကိုင်ရန်မလွယ်ကူသော အလုပ်များကို အလွယ်တကူလုပ်ဆောင်နိုင်သော Robot များဖြစ်ကြပြီး ထိုအဆင့်သို့ရောက်ရှိရန် များစွာအချိန်ယူရမည်ဖြစ်သည်။

   AI နည်းပညာကို ဖွံ့ဖြိုးပြီးနိုင်ငံများတွင်သာမက  ကုန်ပစ္စည်းထုတ်လုပ်သောလုပ်ငန်းစဉ်များတွင် အသုံးပြုခြင်း၊ မောင်းသူမဲ့ကားများ၊ ဒရုန်းများနှင့်တွဲဖက်အသုံးပြုခြင်း၊ သက်ကြီးရွယ်အိုများကို စောင့်ရှောက်သော Robot များနှင့် လူသားများအတွက် အန္တရာယ်ရှိသော ကယ်ဆယ်ရေး လုပ်ငန်းများ သုတေသနလုပ်ငန်းများတွင်အသုံးချလျက်ရှိနေပြီဖြစ်ပါသည်။ထို့အပြင် လူသားများ နေ့စဉ်ထိတွေ့နေရသော Smart Phone နှင့်ကွန်ပျူတာများတွင်ပါ AI နည်းပညာများကို ထိတွေ့ သုံးစွဲနေကြပြီးဖြစ်ပါသည်။

   ယနေ့ခေတ်တွင် AIနည်းပညာမှာ စိုက်ပျိုးရေးနှင့်မွေးမြူးရေးလုပ်ငန်းများအတွက်ပါ အရေးပါသောအခန်း ကဏ္ဍမှပါဝင်လာပြီဖြစ်ပြီး AI နည်းပညာ၏ အကျိုးကိုစတင်ခံစားနေကြပြီ ဖြစ်သည်။ အစ္စရေးနိုင်ငံရှိ လယ်သမားများသည် AI နည်းပညာ Alorithms ကို ဒရုန်းများတွင်တပ်ဆင်ပြီးလျှင် ရောဂါရှိသော အပင်များကို ရှာဖွေခြင်း၊ ပိုးမွှားဝင်ရောက်မှုများကို စောင့်ကြည့်ခြင်းနှင့် လိုအပ်သော ရေသွင်းစနစ်ကိုသိရှိခြင်း၊ စသည့်အဖိုးတန်ဒေတာများကို သိရှိနိုင်ပြီး ပိုးမွှားဝင်ရောက်မှုကို ကြိုတင်သိရှိနိုင်ခြင်းကြောင့် မလိုအပ်သော မြေဩဇာ၊ ပိုးသတ်ဆေးထည့်သွင်းခြင်းမှ ကာကွယ်နိုင်ခြင်းကြောင့် ကုန်ကျစရိတ်များကို များစွာလျော့ချနိုင်ရုံသာမက တစ်နှစ်အတွင်း လယ်ယာများအတွက် ရေသုံးစွဲမှုလျှော့ချနိုင်ခြင်း၊ ဓာတုမြေဩဇာများသုံးစွဲမှု၄၀ရာနှုန်း လျှော့ချနိုင်ခြင်းနှင့် သီးနှံအထွက်နှုန်း ၇၀ရာနှုန်း အထိ တိုးလာခဲ့ကြောင်းသိရပါသည်။

   မွေးမြူရေးလုပ်ငန်းများတွင်လည်း AI နည်းပညာ၏ အကူအညီဖြင့် နို့စားနွားမွေးမြူရေး၊ ကြက်မွေးမြူရေး၊ငါးမွေးမြူရေးနှင့် ဝက်မွေးမြူရေးလုပ်ငန်းများတွင်ပါ အသုံးပြုပြီးအကျိုးအမြတ် များစွာရှိနေပြီဖြစ်ပါသည်။ ဥပမာ နို့စားနွားမွေးမြူရေးတွင် နွားတစ်ကောင်စီ နို့ထွက်နှုန်းနှင့်ရေရှည်ထုတ်လုပ်ရေးအတွက် အရေးပါသော အစာကျွေးစနစ်၊ နွားတစ်ကောင်ချင်းစီ၏ လှုပ်ရှားမှု၊ အစာစားနှုန်း၊ မစင်စွန့်ချိန်ထိ စောင့်ကြည့်အာရုံခံစနစ်ဖြင့် နွားများ၏ကျန်းမာရေးကိုပါ သိရှိနိုင်ခြင်းတို့ကြောင့် အစာစရိတ်နှင့် အခြားသောကုန်ကျစရိတ်များကိုပါသက်သာစေပြီး နို့ထွက်နှုန်းကို ရေရှည်ထိန်းသိမ်း နိုင်ခြင်းကြောင့် AI နည်းပညာမှာ မွေးမြူရေးလုပ်ငန်းရှင်များအတွက် အရေးပါလာပြီဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း AI နည်းပညာဖြင့် မေထုန်မဲ့ နွားသားစပ်ခြင်းလုပ်ငန်းများကို စတင်လုပ်ဆောင်လျက်ရှိပြီး အောင်မြင်လျက်ရှိကြောင်း သိရပါသည်။

      AI နည်းပညာမှာ အားသာချက်များစွာရှိသကဲ့သို့ အားနည်းချက်များလည်းရှိနေပါသေးသည်။ AI နည်းပညာကြောင့် စက်ရုံလုပ်ငန်းများတွင်     လူသားများအစား     AI robot များဖြင့် အစားထိုး ခြင်း၊ Hollywood ကဲ့သို့သော ရုပ်ရှင်ရပ်ဝန်းတွင်ဖြစ်ပွားခဲ့သော AI ဖြင့်ဖြတ်လျှောက် သရုပ်ဆောင်များနေရာတွင် အစားထိုးခြင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများအထိပါ လူသားများပါဝင် လုပ်ဆောင်မှုကို လျှော့ချနိုင်ခြင်းမှတစ်ဆင့် လူသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါး နိုင်ခြင်းမှာ AI နည်းပညာ၏ ဆိုးကျိုးများပင်ဖြစ်ပါသည်။ လူသားများအနေဖြင့် AI နည်းပညာကို ကောင်းမွန်စွာ အသုံးချလျက် ကောင်းကျိုးများစွာဖြစ်ထွန်းနိုင်ကြပါစေကြောင်း ဆန္ဒပြုရေးသားလိုက်ရပါသည်။

Source From Google

DOCA(ရှမ်း)