Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
17 Oct 2025

    ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှု ဆိုင်းငံ့သည့်ကာလကို သက်တမ်းတိုးမြှင့်နိုင်ခြေရှိမှု နှင့်အတူ ၎င်းဈေးကွက်သို့ ဆန်တင်ပို့နိုင်မည့်အခြေအနေမှာ မသေချာမရေရာဖြစ်ပေါ်နေချိန်တွင် လာမည့်နှစ် အစောပိုင်း၌ ဆောင်းအကုန်-နွေအကူး စပါးရိတ်သိမ်းချိန်ရာသီသို့ ရောက်ရှိလာမည် ဖြစ်ရာ ဗီယက်နမ်၏ ဆန်တင်ပို့မှုလုပ်ငန်းအပေါ် သိသာထင်ရှားသည့် ဖိအားများ သက်ရောက်ဖွယ် ရှိကြောင်း ဗီယက်နမ်စားနပ်ရိက္ခာအသင်း (VFA) ၏ ပြောကြားချက်အရ သိရသည်။

17 Oct 2025

   ဖိလစ်ပိုင်မှ ဆန်တင်သွင်းမှု ယာယီရပ်ဆိုင်းခဲ့ပြီးနောက် ဂါနာနိုင်ငံသည် စက်တင်ဘာလ

တွင် ဗီယက်နမ်၏ ဆန်အများဆုံးဝယ်ယူသူဖြစ်လာပြီး စုစုပေါင်းတင်ပို့မှု၏ ၂၂ ရာခိုင်နှုန်းနီးပါး ရှိလာသည်။       

17 Oct 2025

       ဖိလစ်ပိုင်အစိုးရအနေဖြင့် ပြည်တွင်းသကြားဈေးကွက် တည်ငြိမ်မှုရှိစေရေးအတွက် ပြည်ပ မှ ဝယ်ယူတင်သွင်းမှုများအားလုံးကို လက်ရှိ ကြံကြိတ်ဝါးထုတ်လုပ်သည့် ရာသီကာလကုန်ဆုံးမည့် ၂၀၂၆ ခုနှစ် နှစ်လယ်ကာလတိုင်အောင် ယာယီဆိုင်းငံ့ထားရှိမည်ဟု စိုက်ပျိုးရေးဦးစီးဌာနက အောက်တိုဘာ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း Philstar.com သတင်းဝက်ဘ်ဆိုက် က ဖော်ပြပါသည်။

17 Oct 2025

  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ ပြည်ထောင်စုဈေး၊ ဗန္ဓုလဈေး၊ သာစည်ဈေးနှင့် ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် စက်တင်ဘာလ စတုတ္ထပတ်တွင် ရောင်းချနေသော ရာသီစာ ဇီးဖြူသီးများနှင့် ဖန်ခါးသီး ဈေးနှုန်း များအနေဖြင့်  ဇီးဖြူသီး ( ၁)ဘူးလျှင် ( ၅၀၀)ကျပ်၊ ဖန်ခါးသီး ( ၁) ဘူးလျှင် ( ၇၀၀)ကျပ်နှင့် တောကြက်ဟင်

17 Oct 2025

    ဆန်ရောင်းလိုအား ပိုလျှံမှုနှင့် ဈေးနှုန်းများကျဆင်းမှု ဖြစ်ပေါ်နေချိန်၌  ဒေသခံတောင်သူ များအား ဆုံးရှုံးမှုများမှ ကာကွယ်ပေးရန်နှင့် ပြည်တွင်း စပါးဈေးနှုန်းများကို အနည်းငယ်မြှင့်တင် နိုင်ရန်အတွက် မူလက စီစဉ်ထားသည့် ၂ လကြာ ဆန်တင်သွင်းမှုဆိုင်းငံ့ခြင်းကို ၂၀၂၅ ခုနှစ် ကုန်ဆုံးချိန်အထိ တိုးမြှင့်ရန် ဖိလစ်ပိုင်အစိုးရက ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းသိရှိရပါသည်။

Pages