ကုန်သွယ်မှုသတင်းများ
ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသထွက် ကုန်ပစ္စည်းများ စိုက်ပျိုးရေးထွက်ကုန်များအား အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ နေ့စဉ် တင်ပို့ရောင်းချလျက်ရှိရာ အများဆုံးတင်ပို့သည့် ကုန်ပစ္စည်းများမှာ အစေ့ထုတ်ပြောင်း၊ ပဲစင်းငုံ၊ ပဲပုတ် ၊ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက် စားဖိုဆောင်သီးနှံများ၊ လက်ဖက်ခြောက်၊ လက်ဖက်စို၊ မွေး

မြန်မာဘက်မှ တင်ပို့လိုက်သော ပဲတီစိမ်းတန်ချိန် ၁ သောင်းကျော်တွင် ပိုးသတ်ဆေး သိုင်ယာမီသိုစမ်(Thiamethoxam) နှင့် မှိုသတ်ဆေး(Trycyclazole) ဓာတ်ကြွင်း နှစ်မျိုးများနေသည်ဆိုကာ တရုတ်မှ လက်မခံဘဲ ပြန်ပို့ခဲ့သဖြင့် ပဲကုမ္ပဏီအချို့ တင်ပို့မှု ရပ်ဆိုင်းခဲ့ရသလို ပြည်တွင်း ဈေးကွ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြို့မဈေးတွင် အသား၊ ငါး၊ အသီးအရွက်များ၊ ဒေသထွက်သီးနှံများကို ရောင်းချလျက်ရှိရာ ဂေါ်ဖီထုပ်နှင့် ပဲတောင့်ရှည်များကို ရောင်းချလျက် ရှိကြောင်း တွေ့ရှိရပါသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ရောင်းချနေသော ဆန်ဈေးနှုန်းမှာ ပေါ်ဆန်မွှေး ဆန် တစ်ပြည်လျှင် (၉၅၀၀) ကျပ်မှ (၁၂၀၀၀) ကျပ်၊ ဧည့်မထဆန် တစ်ပြည်လျှင် (၇၀၀၀) ကျပ်မှ (၈၀၀၀) ကျပ်၊ ငစိန်ဆန်တစ်ပြည်လျှင် (၆၅၀၀) ကျပ်မှ (၇၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၊ မြို့မဈေးတွင် ရောင်းချနေသော ကြက်ဥနှင့်ဘဲဥ ဈေးနှုန်းများမှာ ကြက်ဥတစ်လုံးလျှင် (၄၈၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၈၀၀) ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
