ကုန်သွယ်မှုသတင်းများ
တောင်ငူမြို့နယ်အတွင်းရှိ ညောင်ပင်လေးဈေးသို့ တောင်ပေါ်ဒေသဖြစ်သော ရှမ်းပြည်နယ် နှင့်တောင်ငူမြို့နယ်အနီးတစ်ဝိုက်မြို့များမှ ဒေသထွက်သီးနှံများ တင်ပို့ရောင်းချလျက် ရှိရာ ယခုအခါ ရှမ်းပြည်နယ်မှတင်ပို့သောဒညင်းသီးများ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဒညင်းသီးကို ပြုတ်စားခြင်း၊ ချက်စားခြင်း၊ မီးကင်စားခြင်း၊ ဆားရည်စိမ်ခြင်း စသည်ဖြင့် နှစ်သက်ရာ စားသုံးကြပါသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊မြို့မဈေးကြီးအတွင်း ၂၀၂၅ ခုနှစ်၊အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန် ဈေးနှုန်း များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးတွေ့ရှိမှု့အရ ကြက်သွန်နီတစ်ပိဿာလျှင် ၁၀၀၀ ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ အာလူးတစ်ပိဿာလျှင် ၇၀၀၀ ကျပ်၊ မြေပဲဆံတစ်ပိဿာလျှင်

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ ၊ ပိတောက်မြိုင်ဈေးကွက်အတွင်း အာလူးသီး နှင့် ဂျင်း(ချင်း)တို့ကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင် မန္တလေးတိုင်းဒေသကြီးမှ အများဆုံး မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် မတ်ပဲဈေးနှုန်းမှာ စက်တင်ဘာလ အတွင်းတွင် ပိဿာ (၂၀)တစ်တင်းလျှင် အနိမ့်ဆုံး (၉၂၅၀၀) ကျပ်မှ အမြင့်ဆုံး (၉၄၈၀၀) ကျပ်ထိရှိပြီး ယခုအောက်တိုဘာလ နောက်ဆုံးသီတင်းပတ်အထိ ဈေးနှုန်းများမှာ အနိမ့်ဆုံး (၈၅၃၀၀) ကျပ်မှ အမြင့်ဆုံး (၉၂၅၀၀) ကျပ်ထိရှိပါသည်။စီးထွက်မှု့အနေဖြင့် စက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် မိသားစုစားဝတ်နေရေးအတွက် မုန့်တီစိမ်း လုပ်ငန်းကိုလုပ်ကိုင် ရောင်းချလျက်ရှိရာ ကျွန်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ရောင်းချလျက်ရှိကြောင်းသိရသည်။

