ကုန်သွယ်မှုသတင်းများ
ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် ဆန်တင်သွင်းမှု လိုအပ်ချက်များကို သိသိသာသာ လျှော့ချသွားမည်ဟု စိုက်ပျိုးရေးဝန်ကြီး Francisco Tiu Laurel Jr. က ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

နိုင်ငံတကာ အုန်းသီးထုတ်ကုန်တင်ပို့မှုလုပ်ငန်း၌ ဗီယက်နမ်သည် ဈေးကွက်ဝေစု တစ်ဖြည်း ဖြည်း ရရှိလာသဖြင့် အုန်းသီးထုတ်ကုန်များကို ကမ္ဘာနှင့်အဝန်း ဦးဆောင်တင်ပို့နေသော ဖိလစ်ပိုင် အနေဖြင့် ဈေးကွက်ဝေစုယှဉ်ပြိုင်နိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းရန်အတွက် တန်ဖိုးမြှင့် အုန်းသီး ထုတ်ကုန်များသို့ ပြောင်းလဲထုတ်လုပ်တင်ပို့သင့်ကြောင်း ပညာရှင်တစ်ဦးက ပြောကြားထား ပါသည်။

မလေးရှားနိုင်ငံ၏ နိုဝင်ဘာလ၌ စားအုန်းဆီကြမ်း (CPO) ထုတ်လုပ်မှုသည် ရေလွှမ်းမိုးမှု ဒဏ်ခံရသော ဒေသများတွင် ရိတ်သိမ်းမှုနှောင့်နှေးခြင်းနှင့် ရေကြီးရေလျှံမှုများကြောင့် ယခင်လက ထက် သိသိသာသာကျဆင်းသွားဖွယ်ရှိသည်ဟု မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB) ၏ အဆို အရ သိရှိရကြောင်း မလေးရှားအခြေစိုက် The Edge Malaysia သတင်းဌာနက ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဖော်ပြပါသည်။

ဥရောပသမဂ္ဂ (EU) သည် သွင်းကုန်အကာအကွယ်ပေးမှုဆိုင်ရာ စည်းမျဉ်းတစ်ရပ်အောက် တွင် ၎င်း၏ စပါးစိုက်ပျိုးသူများနှင့် ဆန်ကြိတ်ခွဲသူများကို ကာကွယ်ရန် အိန္ဒိယနှင့် အခြားအာရှနိုင်ငံ များထံမှ ဆန်တင်သွင်းမှုကို ကန့်သတ်သွားမည်ဖြစ်သည်။ အိန္ဒိယနှင့် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက် (FTA) အတွက် အခန်း ၂၃ ခန်းအနက် ၁၁ ခန်းကို သဘောတူညီပြီးဖြစ်သော် လည်း EU အနေဖြင့် ယခုကဲ့သို့ဆုံးဖြတ်ချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိသော ပြည်သူများရှိသလို စာဝတ်နေရေးအတွက် စိုက်ပျိုးရေးမဟုတ်ပဲ ကျရာပင်ပေါက် လုပ်ကိုင်ရသော လက်လုပ်လက်စားသမားလေးများလည်း ရှိပါသည်။ ထို လက်လုပ်လက်စားလုပ်ငန်းလုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးအတွက် တောတောင်

