Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
22 Oct 2024
ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ၁၁-၁၀-၂၀၂၄ ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် ဆင်လမ်းကျေးရွာအုပ်စု၊ ဂျုံးဂျုံးကျကျေးရွာမှ တောင်သူ ဦးဖိုးဂျွန်း၏ လယ်(၁) ဧကပေါ်၌ ပုသိမ်စက်မှုဇုန်မှထုတ်လုပ်သော ဓာတ်ဆီအင်ဂျင် လက်ဆွဲကောက်စိုက်စက်သရုပ်ပြပွဲအခမ်းအနားသို့ မြို့နယ်စိုက်ပျိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ကြည့်ရှုခဲ့ကြပါသည်။
22 Oct 2024
ထန်းလျက် Jaggery ဆိုသည်မှာ ထန်းရည်ချိုကိုချက်၍ရသော ခဲဖွယ်တစ်မျိုးဖြစ်သည်။ ထန်းပင်မှရသော သန့်စင်ထားသည့်ထန်းရည်အချိုကို ဒယ်အိုးထဲသို့ထည့်ကာ မီးပြင်းပြင်းဖြင့် ပျစ်လာသည်အထိ တစ်နာရီခန့် ဆူပွက်အောင်ကျိုချက်ပေး၍ သမအောင်မွှေပေးရသည်။ အရည်ပျစ်၍ ထန်းလျက်သားတက်လာသည့်အခါ မီးဖိုပေါ်မှချပြီး မိမိလိုအပ်သည့် အတုံးများတုံးကာ အခြောက်ခံပါက ထန်းလျက်ခဲကိုရရှိမည်ဖြစ်သည်။ အချို့မှာ ဆီးမှုန့်၊ အုန်းသီး၊ နှမ်း၊ မြေပဲ စသည့် မိမိအလိုရှိရာကိုထည့်၍ ပြုလုပ်ကြသည်။ သဘာဝပစ္စည်းစစ်စစ်မှ ထုတ်လုပ်ထားသည့်အပြင် ဆေးဖက်ဝင်သေ
22 Oct 2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မှ ငါးရံ့ခြောက်များကို ရန်ကုန်မြို့ဈေးကွက်က နှစ်စဉ် ဝယ်ယူမှုကောင်းနေကြောင်း မအူပင်မြို့နယ်ရှိ ငါခြောက်မျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုစုခိုင်ကပြောပြ၍ သိရသည်။ မအူပင်မြို့နယ်မှ ငါးရံ့ခြောက်များကို ရန်ကုန်ဈေးကွက်မှ ကုန်သည်များက ဝယ်ယူမှုအားကောင်းပါသည်။ ယခင်နှစ်တွင် တစ်ပတ်လျှင် ငါးရံ့ခြောက်ပိဿာချိန် ၅၀မှ ၁၅၀ထိတင်ပို့ရောင်းချနေရကြောင်းသိရသည်။ ယခုနှစ် ငါးရံပေါ်ချိန်၌လည်း ယခင်နှစ်ထက် ဈေးကောင်းရနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းရပါသည်ဟုပြောကြားခဲ့သည်။

Pages