ကုန်သွယ်မှုသတင်းများ
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့် မွန်ပြည်နယ် စားဆီနှင့် စားသောက်ကုန်စည် လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ မြန်မာနိုင်ငံဆီကုန်သည်နှင့် လုပ်ငန်းရှင်များအသင်းထံမှ ခွဲဝေရရှိသော စားအုန်းဆီ ပိဿာချိန် (၁၆၅၀၀)အား တစ်ပိဿာလျှင် ၅၈၆၀ ကျပ်နှုန်းဖြင့် မတ်လ ၂၆ မှ ၃၁ ထိ မော်လမြိုင်၊ ကျိုက်မရော၊ ချောင်းဆုံ၊ ပေါင် ၊ မုတ္တမမြို့နယ်များအတွင်းရှိ စည်ပင်သာယာဈေးများမှတစ်ဆင့် မွန်ပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများအား ရောင်းချပေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် တောင်သူလယ်သမားများက နွေစပါး၊ အခြားသီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် ယူရီးယားဓါတ်မြေဩဇာများကို လအလိုက် အထူးဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါတယ်။ ယူရီးယားဓါတ်မြေဩဇာကားများ ဝင်ရောက်လာမှုအား အိတ်အရေအတွက်၊ တန်၊ ဝိတ်ချိန်ပြည့်ဝမှုရှိ/မရှိ သေချာစွာ စိစစ်လက်ခံ၍ တောင်သူလယ်သမားများသို့ ကျေးရွာအုပ်စုအလိုက် အချိန်မီရရှိရေးကို ဆောင်ရွက်ပေးလျက်ရှိနေပါတယ်။
မကွေးကုန်စည်ဒိုင်တွင် ယခင်အပတ်(၂၅.၃.၂၀၂၂)မှ ယခုအပတ်(၃၁.၃.၂၀၂၂)ထိ နှမ်းမျိုးစုံအနေဖြင့် နှမ်းနက်(စမုံ)၊ နှမ်းနက်(ရိုးရိုး)နှင့် နှမ်းညိုကြားတို့သည် စျေးနှုန်းပြောင်းလဲမှုမရှိဘဲ နှမ်းဖြူ(မကွေး) (၁၅)ပိဿာ (၁)တင်းလျှင် ယခင်အပတ်(၅၇၃၀ဝိ/) ယခုအပတ်(၆၁၆၀ဝိ/-)ဖြစ်၍ (၄၃၀ဝိ/-) စျေးမြင့်ခဲ့ပြီး နှမ်းဖြူ(ဂျပန်) (၁၅)ပိဿာ (၁)တင်းလျှင် ယခင်အပတ် (၆၀၀၀ဝိ/-) ယခုအပတ် (၆၃၃၀ဝိ/-) (၃၃၀၀)စျေးမြင့်၊ နှမ်းနီ (၁၅)ပိဿာ (၁)တင်းလျှင် ယခင်အပတ် (၅၁၆၀ဝိ/-) ယခုအပတ်(၅၅၀၀ဝိ/-)(၃၄၀ဝိ/-) စျေးနှုန်းမြင့

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် မတ်လ(၂၂)ရက်နေ့မှ (၂၈) ရက်နေ့ထိ ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ကျောက်ဆည်၊ မြစ်သားမှ ပဲမြစ် တစ်ပိဿာ ကျပ် ၁၄၀၀ မှ ၁၃၀၀၊ ပဲခူးမှ ပိန္နဲသီး အလုံးကြီး တစ်လုံး ကျပ် ၂၅၀၀၀ အလုံးလတ် ကျပ် ၁၅၀၀၀၊ အလုံးသေးတစ်လုံး ကျပ် ၁၀၀၀၀ မှ ၇၀၀၀၊ အသုတ်၊ ကျောင်းကုန်း၊ ခရမ်းမှ ဖရဲသီး ၈၅၅ အလုံးကြီး တစ်လုံး ကျပ် ၆၅၀၀၊ အလုံးလတ် ကျပ် ၆၀၀၀၊ အလုံးသေး ကျပ် ၁၅၀၀၊ မှော်ဘီနှင့် တိုက်ကြီးမှ မာလကာသီး (ကီလို) အလုံးကြီး ကျပ် ၄၀၀၊ အလုံးလတ်

မြန်မာနိုင်ငံတွင် လူဦးရေ သန်း(၅၀)ကျော်ရှိပြီး လူမျိုးပေါင်းစုံ၊ နေထိုင်လျက်ရှိပါသည်။ ယင်းတို့တွင် လားဟူလူမျိုးလည်း တစ်မျိုးပါဝင်ပါသည်။ လားဟူလူမျိုးများသည် တိဘက်မြန်မာ “လိုလို” ဟူသော လူမျိုးမှ ဆင်းသက်လာသည်။ ခရစ်တော်မပေါ်မီ ဘီစီ ၆၀၀ ခန့်အထိ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် နေထိုင်ခဲ့ကြသည်။ လူဦးရေများပြားလာသည်နှင့်အမျှ ရေကြည်ရာ မြက်နုရာသို့ ပြောင်းရွှေ့လာရာ မဲခေါင်မြစ်၊ သံလွင်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာရာ တရုတ်ပြည်တောင်ပိုင်း၊ ရှမ်းပြည်နယ်၊ ယိုးဒယားနိုင်ငံ၊ လာအ
