ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့မှ ထွက်ရှိသောဖရဲသီးများ လှိုင်လှိုင်ပေါ်နေပြီး အဝယ်သွက်နေကြောင်းသိရှိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသနဌာနခွဲအနေဖြင့် သီးနှံများ၏ ဈေးနှုန်းဆိုင်ရာ အချက်အလက်များနှင့် အရောင်းအဝယ်ဖြစ်မှုစာရင်းများကို ရွှေဘိုမြို့၊ ပဲ၊ နှမ်းကုန်စည်ဒိုင် မှတာဝန်ရှိသူများနှင့် ချိတ်ဆက်၍ စာရင်းများပြုစုပြီး အထက်အဆင့်ဌာနများသို့ တင်ပြဆောင်ရွက်လျှက် ရှိပါသည်။

အရောင်အသွေးစုံလင်လှသော ဂန္ဓမာပန်းသည် မြင်သူတိုင်းသဘောကျနှစ်ခြိုက်သောပန်း ဖြစ်ပါသည်။ ဂန္ဓမာပန်းကို ကမ္ဘာတွင် တန်ဖိုးထားအမြတ်တနိုးသုံးစွဲပြီး စိုက်ပျိုးသောပန်း ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ဂန္ဓမာပန်းအား ဘုရားပန်းအဖြစ်လည်းကောင်း၊ အလှူ၊ မင်္ဂလာဆောင် အခမ်းအနားများတွင် အလှပန်းအိုးအဖြစ်လည်းကောင်း နှစ်ခြိုက်စွာအသုံးပြုကြသောပန်း ဖြစ်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်း မြေပဲစိုက်ဧကမှာ (၅၁၅၄၁)ဧကကျော် စိုက်ပျိုးပြီး မျိုးအနေဖြင့် ဗီယက်နမ် တိုး(အဆံကြီး)နှင့် S1 (အဆံသေး) ပဲအဖြူမျိုးတို့အား အဓိကထား စိုက်ပျိုးကြပါသည်။ စိုက်ပျိုးချိန်အနေဖြင့် ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးကြပြီး မေလတွင် မြေပဲများအား စတင်နုတ်ကာ ဇွန်လကုန် တွင် အပြီးသတ်နုတ်ယူကြကြောင်း သိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇွန်လ ဒုတိယပတ်တွင် စပါး ဈေးနှုန်းနှင့် ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ ပထမပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၂၄၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၃၇၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆၅၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၄၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၇၇၅၀၀၊ တန်အားဖြင့် ၃၈၇၅တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသကြီး