Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
11 Jul 2022

            ပြည်မြို့ဓါတ်မြေဩဇာဈေးကွက်၌ ပုံမှန်အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ ယခုတစ်ပတ် ဈေးနှုန်းများမှာ အာမို(ပုလဲ)တံဆိပ်မြင်းပျံလုံးကြီးမှာ ၈၈၀၀၀ ကျပ်၊ အာမို ၁၅ပတ်လည် ၉၇၀၀၀ကျပ်၊ ရွှေနင်္ဂါး Top(1) မှာ ၉၆၀၀၀ကျပ်၊ (TTT) တံဆိပ် MC ၁၅ပတ်လည်မှာ ၉၁၀၀၀ကျပ် ၊ အာမိုဓါတ်ဆားမှာ ၆၅၀၀၀ကျပ်၊ ပိုးသတ်ဆေးဈေးနှုန်းများမှာ ဂလိုင်ဖောက် (ဝိစာရ) ၄၇၅၀၀ကျပ်၊ အာမိုဂလိုက်တာ ၄၈၅၀၀ကျပ်၊ မင်းမဟော်တံဆိပ် သိုင်းရှင်း ပိုးသတ်ဆေးမှာ ၄၇၅၀၀ကျပ်တို့ဖြင့်သည်။ ဘိလပ်မြေဈေးမှာ ပုံမှန

11 Jul 2022

          ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ ကြာနီကန်ရပ်ကွက်၊ အညာစုလမ်းတွင် ရွှေတောင်စည်းလုံချည်များ ရက်လုပ်ရောင်းချလျှက်ရှိရာ ထိုအလုပ်ရုံမှ ရွှေတောင် စည်းချည်ထည်ရက်လုပ်ရာတွင် အသုံးပြုသော ကုန်ကြမ်းများကို မန္တလေးမြို့မှ ဝယ်ယူ၍ ရက်လုပ်သည်ဟု သိရပါသည်။ ရွှေတောင် စည်းလုံချည်ရက်လုပ်ရာတွင် အဓိကလိုအပ်သော (၂/၈၀)ချည်အမျိုးအစား (၁၀)ပေါင် ထုတ်တွင် အခင် (၄၀)ပါ တစ်ထုတ်လျှင် ၈၁၀၀၀ကျပ်ဖြင့် ဝယ်ယူ၍ ရက်လုပ်ရပါသည်။ ထွက်ရှိလာသော ရွှေတောင်စည်းလုံချည် ချည်ချောများကို ရန်ကုန်မြို့၊ နေပြည်တော်နှင့်

08 Jul 2022

              ပြည်မြို့တွင်ရောင်းချနေသော ပုဇွန်ခြောက်များမှာ ရခိုင်ဘက်မှလာသော ပုဇွန်ခြောက်များ ရှိသလို ပုသိမ်ဘက်မှလာသော ပုဇွန်ခြောက်များလည်းရှိကြောင်းတွေ့ရှိရပါသည်။ ယခုလို မိုးရာသီ အချိန်တွင် အသား၊ ငါးများပေါများသော်လည်း ပုဇွန်ခြောက်ကတော့ ပုံမှန် အရောင်းအဝယ် ဖြစ်နေပါသည်။ ပုဇွန်ခြောက်ဈေးနှုန်းများမှာ ဝင်သည့်ဒေသပေါ်မူတည်၍ ဈေးနှုန်းများ ကွာခြား ပါသည်။ ဈေးနှုန်းအနေဖြင့် အရည်အသွေးကိုလိုက်၍ ကွာခြားလျှက်ရှိပြီး ယခုတစ်ပတ်တွင် ပုဇွန်ခြောက် အကောင် ကြီးရှယ် တစ်ပိဿာလျှင် ၇၅၀၀၀ကျပ်၊ အလတ

08 Jul 2022

            ပြည်မန်ကျည်းမှည့် (ပွဲရုံ)များတွင် လှောင်မန်ကျည်းမှည့် လက်ကားသမားများသာ ဒေသတွင်းအရောင်းအဝယ်ရှိနေသည်ကို တွေ့ရပါသည်။ မန်ကျည်းမှည့်ပွဲရုံများတွင် မန်ကျည်းမှည့် တစ်ပိဿာဈေးမှာ (အသား) ၃၅၀၀ကျပ်နှင့် အစေ့ပါ(ကတုံး)ကို ၁၇၀၀ကျပ်ဖြင့် ရောင်းချနေပြီး လက်လီဈေးမှာ (အသား)ဈေးတစ်ပိဿာ ၄၀၀၀-၄၂၀၀ ကျပ်ဈေးဖြင့် ရောင်းချနေပြီး ဈေးကွက်များတွင် အစေ့ပါ မန်ကျည်းမှည့်ကို ရောင်းချခြင်းမရသည်ကို တွေ့ရပါသည်။ ယခုတစ်ပတ်အတွင်း မန်ကျည်းမှည့် ပိဿာချိန် ၄၀၀ကျော် အရောင်းအဝယ် ပုံမှန်ရှိနေကြောင်း သိရှိရ

08 Jul 2022

       ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ် ၊ တောင်ကြီး၊ အောင်ပန်းမှ ကြက်သွန်ဖြူများ ရက်ခြား အဝင်ရှိနေကြောင်း၊ တစ်ရက်လျှင်အိတ် ၁၅၀/၂၀၀ခန့် အဝင်ရှိနေပြီး ပွဲရုံများတွင် ကြက်သွန်ဖြူ လျော့နည်းခြင်း၊ ပြတ်လတ်ခြင်းများ မရှိပါကြောင်းနှင့် ကြက်သွန်ဖြူများ အဝင်မရှိသည့်အတွက် ဈေးကြီးမြင့်မှုမရှိဘဲ လက်လီဝယ်ယူသူများအတွက် သင့်တင့်သော နှုန်းထားဖြင့် ရောင်းချနိုင်မှုရှိ ကြောင်းတွေ့ရှိရပါသည်။ ယခုရက်ပိုင်းတွင် ဒေသတွင်း လက်လီဝယ်ယူသူများရှိသလို ဧရာဝတီတိုင်းမှလည်း အဝင်ရှိကြောင်း သိရှိရပါသည်။ ဧရာဝတီတိုင

Pages