Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
20 Sep 2022

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်စီမံခန့်ခွဲရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၂ခုနှစ် စက်တင်ဘာလ  ( ၁၂ )ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ကသာခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ကသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်း၍ ကသာမြို့စည်ပင်သာယာရေးအဖွဲ့ ရုံးရှေ့၌ ကသာမြို့ပေါ်ရှိ စားသုံးသူပြည်သူများအတွက် ဆန်၊ ဆီ၊ ကြက်သွန်နီများအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

20 Sep 2022

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်တွင် ပြည်ပပို့ကုန်အစေ့ထုတ်ပြောင်း စိုက်ဧက (၆၆၆၆၈) ဧက ရှိပြီး ၂၀၂၂-ခုနှစ် စက်တင်ဘာလ ဒုတိယပတ်တွင် စတင်ရိတ်သိမ်းနေကြောင်း သိရသည်။

20 Sep 2022

     တနင်္သာရီတိုင်းဒေသကြီးအတွင်း စက်တင်ဘာလတွင် ဓါတ်မြေသြဇာ စျေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး စျေးကွက်တွင် လူသုံးများသည့် တံဆိပ်များနှင့် စျေးနှုန်း များမှာ သံကွင်း (Yuntianhua)မှာ ၅၀ကီလိုဂရမ် တစ်အိတ်လျှင် ကျပ် ၁၁၈၅ဝဝိ၊ သရဖူ(ထိုင်းနိုင်ငံ) တစ်အိတ်လျှင်  ကျပ် ၁၂၅၀ဝဝ/-၊ Vedagro (ဗီယက်နမ်) တစ်အိတ်လျှင် ကျပ် ၈၆၅ဝဝ/-၊ ၁၈:၄:၅ (သရဖူ)တစ်အိတ်လျှင် ကျပ် ၁၀ဝဝဝဝ/-၊ ၁၅ပတ်လည်(အာမို)တစ်အိတ်လျှင် ကျပ် ၁၅၀၀၀၀/-၊  တနင်္သာရီတိုင်းဒေသကြီးတွင် ပိုးသတ်ဆေးစျေးနှုန်းများမှာ ဒါနာဒင် ၁၀၀စီစီ တစ်

20 Sep 2022

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့် ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခမျ

19 Sep 2022

         မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်းမြို့ပတ်ဝန်းကျင်ရှိ နွယ်တမယ်ကျေးရွာ၊ ချောင်းကောက် ကျေးရွာများမှ တောင်သူများသည် မိရိုးဖလာ တောင်သူလယ်ယာလုပ်ငန်းအပြင် အခြားသီးနှံစားပင် မျိုးစုံကိုလည်း စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သုံးသီးနှံဖြစ်သည့် ငရုတ်ပင်စိုက်ပျိုးခြင်းဖြင့် ဝင်ငွေ ပိုမိုရရှိနေကြောင်း သိရသည်။ ငရုတ်ပင်မှာ နှစ်တိုစားဖိုဆောင်သုံး သီးနှံဖြစ်သည့််အပြင် ဈေးကွက် ပုံမှန်ရှိခြင်းကြောင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း၊ ငရုတ်ပင်မျိုးများစွာရှိသည့် အနက် ငရ

Pages