ကုန်သွယ်မှုသတင်းများ
ယခုတစ်ပတ်တွင် ပခုက္ကူကုန်စည်ဒိုင်တွင်အညာဒေသ၏ အဓိကစိုက်ပျိုးသီးနှံများဖြစ်ကြသော ပဲစဉ်းငုံနီ၊ ပဲတီစိမ်းအမျိူးမျိုး၊ ကုလား ပဲမျိုးစုံနှင့်နှမ်းမျိုးစုံတို့ ဥပုသ်နေ့မှလွဲ၍ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စက်တင်ဘာလဒုတိယပတ်တွင် ပခုက္ကူကုန်စည်ဒိုင်၌ အညာဒေသထွက် ပဲတီစိမ်းသေး(ပဲနောက်)မှာ အရည်အသွေးကိုလိုက်၍ တစ်တင်း လျှင် ၄၆၀၀၀ မှ ၅၂၅၀၀ ကျပ်၊ နှမ်းနက်စမုံရှယ် တစ်တင်းလျှင် (၉၇၀၀၀ မှ ၉၈၀၀၀) ကျပ်၊ နှမ်းနက်စမုံ(ရိုးရိုး) တစ်တင်းလျှင် (၆၅၀၀၀ မှ ၉၅၀၀၀) ကျပ်၊ နှမ်းဝါ (ယော ) တစ်တင်း
သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ပဲတီစိမ်းနှင့် နှမ်းများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိရာ စက်တင်ဘာလ ပထမပတ်တွင် ပဲတီစိမ်း(၁)တင်းလျှင် (၅၀၀၀ဝိ/-)နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုစက်တင်ဘာလ ဒုတိယပတ်တွင်လည်း ဈေးနှုန်းအတက်အကျမရှိဘဲ အရောင်းအဝယ်အေးလျက်ရှိကြောင်း၊ နှမ်းသီးနှံများမှာလည်း စက်တင်ဘာလ ပထမပတ်တွင် နှမ်းနက်(၁)တင်းလျှင် (၈၈၀၀ဝိ/-)မှ(၉၀၀၀ဝိ/-)၊ နှမ်းနီ(၁)တင်းလျှင် (၇၈၀၀ဝိ/-) မှ (၈၀၀၀ဝိ/-)နှုန်းဖြစ်ပြီး ယခုစက်တင်ဘာလ ဒုတိယပတ်တွင် နှမ်းနက်(၁)တင်းလျှ

ရွှေဘိုမြို့နယ်ရှိ တောင်သူအများစုမှာ ယခုအချိန်တွင် မိုးစပါးစိုက်ပျိုးပြီး၍ ပထမအကြိမ် ဓါတ်မြေဩဇာကြဲပက်ချိန်ဖြစ်သဖြင့် ဈေးကွက်အတွင်းတွင် သွင်းအားစုများဖြစ်သည့် ဓါတ်မြေဩဇာ ဈေးနှုန်းများဆက်လက် မြင့်တက်နေသော်လည်း ပုံမှန်ထက်ပို၍ အရောင်းအဝယ်လိုက်နေသည်ဟု စိုက်ပျိုးရေးသုံး ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေး အရောင်းဆိုင်များမှ သိရပါသည်။

စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကို မိုင်းလုံးရပ်ကွက်၊ မှုံပြာ၊ လင်ဖုံလေး ကျေးရွာများမှ အများဆုံးစိုက်ပျိုးကြသော်လည်း ယခုနှစ်တွင် စိုက်ပျိုးနိုင်မှုလျော့နည်းလာသဖြင့် ဈေးကွက် လိုအပ်ချက်အရ ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသဘက်မှ တင်သွင်းရောင်းချလျက်ရှိကြောင်း၊ ယခင် ဩဂုတ်လ ဈေးကွက်အတွင်း ခရမ်းချဉ်သီး ဈေးနှုန်းမှာ တစ်ပိ ဿာလျှင် (၁၂၀၀၊ ၁၅၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခုလက်ရှိ စက်တင်ဘာလပတ်တွင် တစ်ပိဿာလျှင် (၂၂၀၀) ကျပ် ဈေးရှိခဲ့ပြီး ယခင် ဩဂုတ်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ရွှေဘိုခရိုင်အနေဖြင့် ပြည်တွင်း၊ ပြည်ပကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်၊ စပါးထွက်ကုန် များပြည်တွင်းစားသုံးမှုဖူလုံရေးအပြင် ပြည်ပပို့ကုန်မြှင့်တင်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေ တိုးတက်ရှာဖွေ နိုင်ရေးတို့အတွက် နှစ်စဉ်စိုက်ပျိုးပြီးစီးမှု၊ ထွက်ရှိမှု၊ စားသုံးမှု၊ ပိုလျှံမှု၊ ဈေးနှုန်းဈေးကွက်၊ စီးဝင်စီးထွက် အခြေအနေ၊ တစ်ဧကကုန်ကျစရိတ်နှင့် အကျိုးအမြတ်အခြေအနေ တောင်သူ၊ ကုန်
