ကုန်သွယ်မှုသတင်းများ
ပြည်ဈေးကွက်တွင် ယခုအပတ်မန်ကျည်းမှည့်လက်ကျန် အဝယ်လိုက်ကာ ဈေးကောင်းရလျက်ရှိနေပါသည်။ ဒေသတွင်း ဝယ်လက်သမားများအပြင် ရန်ကုန်နှင့် ရခိုင်ဝယ်လက်များက အဝယ်ရှိနေသောကြောင့် မန်ကျည်းမှည့်လက်ကျန်နည်းလာသော်လည်း ဈေးကောင်း ရရှိလျက်ရှိနေပါသည်။ ယခုအောက်တိုဘာတတိယပတ်တွင် မန်ကျည်းမှည့်(ပွဲရုံဈေး) တစ်ပိဿာလျှင် ၄၃၀၀ ကျပ်ဖြစ်ပြီး ဒေသတွင်းလက်လီ တစ်ပိဿာလျှင်၅၀၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိနေပါသည်။ လက်လီသမားတို့လည်း အဝယ်ရှိနေသောကြောင့် မန်ကျည်းမှည့်ဈေးကောင်းလျက် ရှိပါသည်။

စားသုံးသူများ နေစဉ်ဝယ်ယူစားသုံးကြရာတွင် သားငါးနှင့် စားသုံးဆီမှာ မရှိမဖြစ် လိုအပ်သော အခြေခံစားကုန်များဖြစ်ပါသည်။ အောက်တိုဘာတတိယပတ်တွင် ပြည်ဈေးကွက်တွင် ရောင်းချ လျက်ရှိသော သားငါးဈေးနှုန်းများမှာ ကြက်သား (CP)တစ်ပိဿာလျှင် ၁၀၀၀၀-၁၁၀၀၀ကျပ်၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် ၁၃၀၀၀-၁၅၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၁၄၀၀၀-၁၈၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၁၃၀၀၀-၁၅၀၀၀ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၉၀၀၀ကျပ်ဖြစ်ပြီး ကြက်ဥ လက်လီဈေးနှုန်းများမှာ (အကြီး) တစ်လုံးလျှင်

နိုင်ငံအသီးသီး လူမျိုးအသီးသီးတို့၌ အစားအသောက်နှင့် ပတ်သက်၍ မတူညီသည်ကို တွေ့ရှိရပါသည်။ နိုင်ငံတစ်ခုအတွင်းတွင်လည်း ဒေသအလိုက် အစားအစာများရှိကြပါသည်။ မြန်မာနိုင်ငံတွင် ရိုးရာအစားအစာများကို ရာသီအလိုက် ဒေသအလိုက် အစားအသောက်များရှိပါသည်။

လီလီပန်းသည် ဘုရားပန်းအိုးများလဲရာတွင် လူကြိုက်အများဆုံးဖြစ်သဖြင့် ဥယျာဉ်ခြံမြေများတွင် စိုက်ပျိုးကြပါသည်။ ယခုအချိန်သည် လီလီပန်းများပေါ်ချိန်ဖြစ်သဖြင့် ပြည်မြို့နယ် အတွင်းရှိ ဈေးများတွင် ရောင်းချလျက်ရှိပါသည်။ လူသိများသည့် လီလီပန်းမျိုးတွင် ဂျပန် လီလီပန်း မျိုးမှာ အနံပါသည့်ပန်းနှင့် အနံမပါသည့် ပန်းမျိုးဟူ၍ (၂)ရှိပြီး အရောင်မှာ ပန်းရောင်နှင့် အဖြူရောင်တို့ ဖြစ်ပါသည်။ အက်စတာလီလီပန်း (ခေါ်) ကျူးလစ်ပန်းမှာ တစ်ပွင့်လုံး အဖြူရောင်ရှိပြီး လူကြိုက် များသဖြင့် ဈေးကောင်းရလျှက်ရှ

ပြည်ဈေးကွက်၌ အောက်တိုဘာလတတိယပတ်တွင် မြေပဲဆန်ဈေးများ ကျဆင်းလာသည်ကို တွေ့ရှိရပါသည်။ မြန်အောင်၊ ကြံခင်းနှင့် ပြည်- အောင်လံကြားရှိ ကျေးရွာများမှ ဝင်ရောက်မှု ရှိသော်လည်း တစ်နေ့လျှင် အိတ် ၁၅၀ခန့် သာ ဝင်ရောက်မှုရှိသောကြောင့် အဝင်နည်းလာကြောင်း တွေ့ရှိရပါသည်။ လုံးဆန်ကို ယိုးဒယားသို့ တင်ပို့ရန်ဝယ်လက်များက အနည်းငယ်သာဝယ်ယူမှုရှိသလို မြို့တွင်း ဆီစက်သမားများကလည်း ဆီကြိတ်ရန်ဝယ်ယူရှိသော်လည်း ဈေးများကျဆင်းလာကြောင်း တွေ့ရှိရပါသည်။ ယခုအပတ် မြေပဲဆန်ဈေးများမှာ ဆီဆန်တစ်ပိဿာလျှင် ၄၅၀၀ကျပ်ဖ
