ကုန်သွယ်မှုသတင်းများ
ပြည်ခရိုင်တွင် မိုးစပါးဧက ၂ သိန်းကျော်စိုက်ပျိုးပြီး ဧက (၅) သောင်းကျော် ရိတ်သိမ်းပြီးကြောင်း သိရှိရပါသည်။

ပြည်ခရိုင်တွင် ယခုနိုဝင်ဘာလအတွင်း ပြည်မြို့၏ အခြေခံစားကုန်သီးနှံများမှာ စားဖိုဆောင်သုံးသီးနှံများဖြစ်သော ကြက်သွန်နီတစ်ပိဿာလျှင် ၄၂၀၀-၄၄၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၃၈၀၀-၄၀၀၀ ကျပ်၊ ချင်းတစ်ပိဿာလျှင် ၁၂၀၀-၁၅၀၀ ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာလျင် ၅၀၀၀ ကျပ်၊ မြွေစွယ်ငရုတ်သီးခြောက်တစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်၊ အာလူးတစ်ပိဿာလျှင် ၂၄၀၀-၂၈၀၀ ကျပ်၊ မန်ကျည်းမှည့်တစ်ပိဿာလျှင် ၃၅၀၀-၄၀၀၀ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ သားငါးဈေးမှာ ကြက်သားတစ်ပိဿာလျှင် ၁၂၀၀၀-၁၄၀၀၀

ပြည်ကုန်စည်ဒိုင်၏ နိုဝင်ဘာလတွင် ပဲအရောင်းအဝယ်များဖြစ်လျက်ရှိကာ မတ်ပဲဈေးမှာ အတက်အကျရှိပြီး ကျန်ပဲဈေးများမှာ အေးလျက်ရှိကြောင်း သိရပါသည်။

ကယားပြည်နယ်တွင် အခြားဆီထွက်သီးနှံများအပြင် နေကြာသီးနှံကိုလည်းအဓိကစိုက် ပျိုးလျက်ရှိပြီး နေကြာသီးနှံကို လွိုင်ကော်ခရိုင်နှင့်ဘောလခဲ့ခရိုင်နှစ်ခုလုံး တွင်စိုက်ပျိုးလျှက်ရှိ ကြပါသည်။ ယခုနိုဝင်ဘာလအတွင်း ဈေးကွက်၌ ဖြစ်ပေါ်နေသော နေကြာဆီဈေးနှုန်း မှာ တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခင်အောက်တိုဘာ လအတွင်း နေကြာဆီဈေးနှုန်းမှာတစ်ပိသာလျှင်( ၁၃၅၀၀ )ကျပ်သာရှိခဲ့ပြီး ယခင်လနှင့်ယခုလ နှိုင်းယှဉ်လျှင် နေကြာဆီဈေးနှုန်းမှာတစ်ပိဿာလျှင်(၅၀၀)ကျပ်ခန့် အနည်းငယ်မ

လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ရောင်းချလျှက်ရှိပြီး စက်သုံးဆီလက်လီ ဈေးနှုန်းများမှာ နိုဝင်ဘာလတတိယပတ်အတွင်း ဒီဇယ်ရိုးရိုးတစ် လီတာကို (၂၆၈၀) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၂၇၅၅) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာ ကို(၂၁၆၅)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၂၂၆၅)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင် အောက်တိုဘာလတတိယပတ်အတွင်း ဒီဇယ်ရိုးရိုး တစ်လီတာကို (၂၈၀၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို(၂၈၈၀) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၂၀၇၀)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာ
