ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း မြို့နယ်များရှိ စည်ပင်သာယာဈေးများတွင် ၂၀၂၃ ခုနှစ် မေလ ပထမပတ်အတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များမှာ ဧည့်မထဆန် တစ်ပြည်လျှင်ကျပ် (၂၄၀၀)၊ ဧည့်မထဆန်(၂၄)ပြည်ဝင်အိတ် တစ်အိတ်လျှင် ကျပ်(၅၆၀၀၀)၊ ကြက်သွန်နီ(သစ်) လက်လီဈေးနှုန်းမှာ (အကြီး)တစ်ပိဿာလျှင် ကျပ် (၂၅၀၀)၊ (အသေး) တစ်ပိဿာလျှင် ကျပ်(၂၃၀၀)၊ ကြက်သွန်ဖြူ(ရှမ်း) လက်လီတစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ပဲနီလေး တစ်ပိဿာလျှင် ကျပ်(၄၀၀၀)၊ နနွင်းတက်တစ်ပိဿာလျှင် ကျပ်(၄၅၀၀)၊ ချင်းတစ်ပိဿာလျှင် ကျပ်(၁၇၀
တောင်ငူခရိုင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဆေးဆိုင်နှင့် ဈေးများသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးစီးမှူး ဦးမင်းဇော်နှင့် ဒုတိယဦးစီးမှူး ဦးနေစိုးထက်တို့သည် ယနေ့နံနက်ပိုင်းတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့နှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင
တောင်ငူမြို့ ညောင်ပင်ဈေး၌ ၂၀၂၃ခုနှစ်၊မေလ(တတိယအပတ်)တွင် အိမ်ကြက်သားမှာ တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်ရှိပါ သည်။ စီပီကြက်သားမှာ ရင်အုပ်သီးသန့် ၁၀၀၀၀ ကျပ်၊ အခြမ်းလိုက်ဈေး ၈၀၀၀ ကျပ်ဖြင့် ဧပြီလ ကုန်ပိုင်းကထက် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပါသည်။ ဝက်သား(ရေလွတ်သား) သုံးထပ်သား တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်၊ ပေါင်သား ၁၈၀၀၀ ကျပ်နှင့် အသားသီးသန့် ၂၀၀၀၀ ကျပ်ဖြင့် ယခင် အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။
တောင်ငူမြို့ရှိ ဆန်ဆိုင်များတွင် ယခင်လကုန်ပိုင်းက ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၀၅၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ၉၇၀၀၀ ကျပ် ဖြင့် ဈေးနှုန်း တည်ငြိမ်စွာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဒေသပေါ်ဆန်းမှာ တစ်အိတ်လျှင် ယခင်အပတ်က ၈၀၀၀၀ ကျပ်မှ ယခု အပတ်တွင် ၉၃၀၀၀ ကျပ်၊ ဧည့်မထ တစ်အိတ်လျှင် ယခင်အပတ်က ၆၄၀၀၀ ကျပ်မှ ယခု အပတ်တွင် ၆၈၀၀၀ ကျပ်သို့ ဈေးမြင့်တက်ခဲ့ပါသည်။
တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ တောင်ငူလယ်သမားများသည် မိုးစပါးများရိတ်သိမ်းပြီးသောအခါ နွေစပါးများ ကိုလည်းစိုက်ပျိုးကြပါသည်။ ဖြူးမြို့နယ်၊ ကျော်လှကြီးကျေးရွာရှိ တောင်သူလယ်သမားကြီး ဦးကျော်နိုင်စိုးသည် ယခုနှစ်နွေရာသီတွင် နွေစပါး (၁၂)ဧက စိုက်ပျိုးခဲ့ပါသည်။ စိုက်ပျိုးသည့်စပါး အမျိုးအစားများမှာ နှံကောက်နှင့် မင်းဧရာတို့ဖြစ်ပါသည်။