ကုန်သွယ်မှုသတင်းများ
လူသားတိုင်း နေ့စဉ် အစာနဲ့ရေကို ပြင်ဆင်ချက်ပြုတ်ရာတွင် လောင်စာတောင့်အသုံးပြုသူများလည်း ရှိကြပါသည်။ လောင်စာတောင့် အဝိုင်းနှင့် အတောင့်ဟူ၍ (၂)မျိုးရှိပါသည်။ လောင်စာအဝိုင်းတွင် ပါဝင်မှုများမှာ လွှစာ၊ မီးသွေးမှုန့်၊ ရွံ့ရည် (အင်ဂျင်ဝိုင်အပျစ် အနေအထား မရောက်တစ်ရောက် ဖျော်စပ်ရပါမည်)။ ထို(၃)မျိုးရောစပ်ပြီး အဝိုင်းပုံစံခွက်များဖြင့် ရိုက်ထုတ်၍ အခြောက်ခံပြီး ခြောက်သွေ့မာကျောသွားလျှင် အသုံးပြုနိုင်ပြီဖြစ်ပါသည်။

၂၀၂၃ ခုနှစ်၊ မေလ (စတုတ္ထအပတ်)တွင် ပြည်ဈေးကွက်သို့ ကြက်သွန်နီသီးနှံ ဝင်ရောက်မှုနည်းသွားကာ အောင်လံ၊ တောင်တွင်းဘက်မှသာအဝင်ရှိပြီး လမ်းပမ်းဆက်သွယ်ရေးအခက်အခဲများကြောင့် တစ်ပတ်လျှင် ရက်ခြား ပိဿာချိန် ၂၃၀၀၀ခန့်သာ အဝင်ရှိနေပါသည်။ အဝင်နည်းသလို အရောင်းအဝယ်မှာလည်း ပါးနေကြောင်း သိရပြီး ဈေးနှုန်းမှာလည်း လက်လီ/လက်ကား တစ်ပိဿာလျှင် ကျပ် ၂၂၀၀ - ၂၅၀၀ တို့ဖြင့် ရောင်းချလျက်ရှိသည်။

ပြည်ဈေးကွက်တွင် ယခုအချိန်တွင် ဒညင်းသီးများကို မော်မြိုင်နှင့် ဒူယားဘက်မှ ဒညင်းသီးများ အဝင်လှိုင်လာသဖြင့် ဈေးနှုန်းများမှာ ယခင်ပေါ်စဈေးနှုန်းများနှင့်ယှဉ်လျှင် ဈေးများ ကျဆင်းလာခဲ့ပါသည်။ ဒညင်းသီးကို လူအများကြိုက်နှစ်သက် ကြသော်လည်း တန်ဆေးလွန်ဘေးဆိုသည့်အတိုင်း အနည်းငယ်သာ စားသုံးသင့်ပါသည်။

ပြည်ဈေးကွက်တွင် စားဖိုချောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်ဖြူမှာ ရှမ်းပြည်နယ်မှ အဝင်ရှိသော ရှမ်းမွှာများရှိသလို မန္တလေးဘက်မှဝင်သော ကြူကုတ်များလည်းရှိပါသည်။ ပွဲရုံများမှ ရှမ်းစ လက်ကားတစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၇၀၀၀)ကျပ် ဖြင့်လည်းကောင်း၊ ကြူကုတ်တစ်ပိဿာလျှင် လက်ကား (၆၅၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၇၀၀၀)ကျပ်ဖြင့် ဒေသတွင်းအပြင် Online ဈေးကွက်တွင်ပါ ကြူကုတ် (အကြီး) တစ်ပိဿာလျှင် (၇၆၀၀)ကျပ်၊ ရှမ်းစကြက်သွန်ဖြူ အကြီးတစ်ပိဿာလျှင် (၆၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ

မြန်မာနိုင်ငံအလယ်ပိုင်းဖြစ်သည့် မကွေးတိုင်းဒေသကြီး၏ နွေရာသီအချိန်အခါတွင် ချွေးထွက်လွန်ခြင်း၊ ခြေကုန်လက်ပန်းကျခြင်း၊ နေရထိုင်ရငြီးစီစီဖြစ်ခြင်းစသည်တို့ကို ခံစားနေရသည်မှာ လူတိုင်း နီးပါးပင်ဖြစ်သည်။ ဤကာလအတွင်း စိတ်လက်တက်ကြွရွှင်လန်းစေရန် လိုအပ်သောအရာမှာ ရေဓါတ်ပြည့်ဝရန်သာဖြစ်သည်။ သို့ဖြစ်ပါ၍ အညာနွေနေပူပူတွင် ရေဓါတ်ဖြည့်တင်းနိုင်သည့်အပြင် ရင်ကို အေးမြသွားစေနိုင်သော သောက်စရာတစ်မျိုးမျိုးကို လူတိုင်းတောင့်တကြလိမ့်မည်ဟူသော ယူဆချက်မှာ လွဲမှားမည်မထင်ပေ။ ထိုကဲ့သို့သော သောက်သုံးစရ