ကုန်သွယ်မှုသတင်းများ
အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ်(၁၇-၅-၂၀၂၃)ရက်နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၂၈၀၀၀၀ မှ ၃၀၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်(၂၃-၅-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၈၅၀၀၀ မှ ၃၀၀၀၀၀)ရှိ၍ ကျပ်(၅၀၀၀)ဈေးမြင့်တက်လာပြီး (၁၁၀၀)အိတ်ခန့်အရောင်းအဝယ်ရှိပါကြောင်းနှင့် နှမ်းပြာ၊ နှမ်းဖြူ၊ နှမ်းနီတို့မှာ အရောင်းအဝယ်နည်းပါးလျက်ရှိပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ယခင်အပတ်က 92 RON တစ်လီတာလျှင် ၁၉၅၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၀၄၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၉၀၀ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၁၉၈၀ ကျပ် ရှိခဲ့ပါသည်။
ယခုအပတ်တွင် 92 RON တစ်လီတာလျှင် ၂၀၂၅ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၂၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၉၃၅ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၀၁၅ ကျပ် ရှိခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်ရှိ မြို့မဈေးသည် ပတ်ဝန်းကျင်ကျေးရွာများအပြင် ဆိပ်ဖြူနှင့် ယောဒေသမှ စားသုံးသူများက လည်း လာရောက်ရောင်းဝယ်ဖောက်ကားရာဈေးဖြစ်ပါသည်။

၂၀၂၃ ခုနှစ်၊ မေလ (စတုတ္ထပတ်)အတွင်း၌ တောင်ငူမြို့ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း (မိုးထောင်သီး) တစ်ပိဿာလျှင် ၉၀၀၀ ကျပ်၊ ကုလားအော်သီး တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ ခရမ်းသီး (အဖြူ) တစ်ပိဿာလျှင် ၁၅၀၀ ကျပ်၊ ခရမ်းသီး(အညို) တစ်ပိဿာလျှင် ၂၀၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

ချောက်မြို့နယ်ရှိ စားသုံးသူပြည်သူများအတွက် အဓိကလိုအပ်သောစားဖိုဆောင်သီးနှံများကို နီးစပ်ရာမြို့များဖြစ်သည့် ဆိပ်ဖြူ၊ တညောင်၊ စလင်း၊ ဆင်ဖြူကျွန်းမြို့များနှင့် ရှမ်းပြည်နယ်အောင်ပန်း၊ တောင်ကြီးတို့မှ အဓိကမှာယူရောင်းဝယ်စားသုံးကြကြောင်း သိရှိရပါသည်။
