ကုန်သွယ်မှုသတင်းများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထ
နှစ်နိုင်ငံတို့၏ ပူးတွဲကုန်သွယ်မှုဆိုင်ရာမစ်ရှင်အဖြစ် ဥရောပသမဂ္ဂသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အပြီးတွင် ဥရောပသမဂ္ဂ၏ သစ်တောပြုန်းတီးခြင်းဆိုင်ရာစည်းမျဉ်း (EUDR) သည် ဘက်လိုက်ခွဲခြားခြင်းနှင့် သဘာဝတရားအပေါ် ပြစ်ဒဏ်ချမှတ်ခြင်းသာဖြစ်ကြောင်း မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့က ဝေဖန်အပြစ်တင်ပြောဆိုခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၌ ကုန်ထုတ်လုပ်မှုကိုထိန်းသိမ်းနိုင်ရန် ကြိုးပမ်းမှုအဖြစ် ဆီအုန်း ပြန်လည်စိုက်ပျိုးမှုအစီအစဉ်အား ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း စိုက်ပျိုးခဲ့သည့် ဆီအုန်းစိုက်ခင်း ဧရိယာ၏ နှစ်ဆတိုးမြှင့်၍ အရှိန်မြှင့်တင်ဆောင်ရွက်မည်ဖြစ်သည်ဟု အစိုးရအရာရှိတစ်ဦးက မေလ ၃၀ ရက် အင်္ဂါနေ့တွင် ပြောကြားခဲ့ကြောင်း The Star သတင်းဌာနက ဖော်ပြပါသည်။

ပြည်တွင်းစက်မှုဖွံ့ဖြိုးရေးကို မြှင့်တင်ဆောင်ရွက်ရန်အတွက် အင်ဒိုနီးရှားအစိုးရသည် LNG သဘာဝဓာတ်ငွေ့ရည် တင်ပို့မှုကို တားမြစ်ကန့်သတ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများ ဖူလုံရေးဝန်ကြီးဌာနသည် ၂၀၂၂-၂၃ စိုက်ပျိုးရေးနှစ်အတွက် အဓိကသီးနှံများ ထွက်ရှိနိုင်မည့်အခြေအနေ တတိယအကြိမ်ခန့်မှန်းချက် ကို ၂၅-၅-၂၀၂၃ နေ့၌ ထုတ်ပြန်ခဲ့ရာ စုစုပေါင်းကောက်ပဲသီးနှံထုတ်လုပ်မှုမှာ ယခင်နှစ်ကထက် တန်ချိန် ၁၄၉.၁၈ သိန်း ပိုမိုလျက် အထွက်တန်ချိန်ပေါင်း ၃၃၀၅.၃၄ သိန်းအထိ စံချိန်တင် ရရှိနိုင်မည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ အဆိုပါပမာဏသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်း ဒုတိယအကြိမ်ကနဦးခန့်မှန်းချက်ထုတ်ပြန်ရာ၌ ခန့်မှန်းထားသည်ထက် ၂.
