ကုန်သွယ်မှုသတင်းများ
ဇွန်လ ၆ ရက်နေ့၊ Reuters သတင်းဌာန၏ Survey တစ်ခုဖော်ပြချက်တွင် မလေးရှားနိုင်ငံ၏ စားအုန်းဆီတင်ပို့မှုများ တည်ငြိမ်လျက်ရှိကာ ထုတ်လုပ်မှုမှာ ၂၀၂၃ ခုနှစ်၊ ယခုနှစ်ကာလအထိ အမြင့်ဆုံးဖြစ်ခဲ့၍ မေလကုန်၏ မလေးရှားစားအုန်းဆီ လက်ကျန်မှာ ပိုမိုများပြားနိုင်ကြောင်း ခန့်မှန်းထားသည်ကို တွေ့ရှိရပါသည်။ အဆိုပါ Surveyတွင် သဘောထားမေးမြန်းခဲ့သော ပါဝင်သူများ၏ခန့်မှန်းမှုအရ မလေးရှားနိုင်ငံတွင် သုံးလအတွင်း ထုတ်လုပ်မှုကျဆင်းခဲ့ရာမှ ရုတ်တရက် တန်ချိန် ၁.၆ သန်း ထုတ်လုပ်နိုင်ခဲ့သဖြင့် ဧပြီလထက် ၆.၈ ရာခိုင်နှ

အိန္ဒိယနိုင်ငံတွင် အတွင်းရေးမှူးများပါဝင်ဖွဲ့စည်းထားသောကော်မတီသည် ၂ဝ၂၃-၂ဝ၂၄ အတွက် ဈေးနှုန်းထောက်ပံ့ပေးသည့်အစီအစဉ်အရ မတ်ပဲ၊ ပဲစဉ်းငုံနှင့် ပဲနီလေးများအား ဝယ်ယူသည့်ပမာဏကန့်သတ်ချက်ကို ဖယ်ရှားသွားမည်ဟု အတည်ပြု ထုတ်ပြန်ခဲ့ပါသည်။ စားသုံးသူရေးရာဝန်ကြီးဌာနက အဆိုပါထုတ်ပြန်ချက်အရ လယ်သမားများအနေဖြင့် ယခုနှစ်အတွင်း ၄င်းတို့၏စိုက်ပျိုးထွက်ရှိသောပဲများကို လွတ်လပ်စွာရောင်းချခွင့်ရရှိသွားမည်ဖြစ်ကာ ထုတ်လုပ်မှုတိုးတက်စေရန် စိုက်ပျိုး သည့်ဧကကို တိုးချဲ့သွားကြမည်ဖြစ်ကြောင်းနှင့် အထူးသဖြင့် မတ်

၂ဝ၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ စုစုပေါင်းဆန်ထွက်ရှိမှုသည် ဒုတိယသီးနှံမှ တန်ချိန် ၇.၆ သန်းအပါအဝင် တန်ချိန် ၃၂.၇ သန်းမှ ၃၃.၂ သန်းကြား ရှိမည်ဖြစ်ပြီး ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့မှုတို့အတွက် လုံလောက်မည်ဖြစ်ကြောင်း၊ သို့ရာတွင် အယ်လ်နီညိုရာသီဥတု၏ အကျိုးသက်ရောက်မှုကြောင့် ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ဆန်အထွက်နှုန်းမှာ ရာခိုင်နှုန်းအား ဖြင့် ၆% ၊ တန်ချိန်အားဖြင့် ၂၅.၁ သန်းမှ ၂၅.၆ သန်းအထိ ကျဆင်းသွားနိုင်ကြောင်း Kasikorn Research Center (KRC) ၏ ခန့်မှန်းချက်အရ သိရှိရပါသည်။<

ယခုနှစ် ဇူလိုင်လမှစတင်၍ နေ့စဉ်ရေနံစိမ်းစည်ပေါင်း ၁ သန်းအား ထပ်မံလျှော့ချ၍ ထုတ်လုပ်မည်ဟု မေလ ၄ ရက်နေ့တွင် ပြောကြားခဲ့ပြီးနောက် ဆော်ဒီအာရေးဘီးယားနိုင်ငံသည် သိပ်သည်းဆ အလယ်အလတ်အဆင့်ရှိပြီး ဆာလ်ဖာ ပါဝင်မှုမြင့်မားသော Arab Light crude ရေနံစိမ်းများ၏ ဈေးနှုန်းကို ၆ လတာကာလအတွင်း အမြင့်ဆုံးဈေးနှုန်းသို့ မြှင့်တင်လိုက်ပါသည်။

နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။