ကုန်သွယ်မှုသတင်းများ
တောင်ငူခရိုင် ၊ အုတ်တွင်းမြို့နယ်တွင် ၂၀၂၃ခုနှစ်၊နွေစပါးရာသီ၌ နွေစပါး ၁၉၁၂၁ ဧက စိုက်ပျိုးခဲ့ရာ ယခုအခါ အားလုံးနီးပါး ရိတ်သိမ်းပြီးစီးပြီး ဖြစ်ပါသည်။ ထိုင်းနှံကောက်အမျိုးအစားကို အများဆုံး စိုက်ပျိုးကြပါသည်။
သက်ဆိုင်ရာဌာနမှ ရရှိသော စာရင်းဇယားများအရ အထွက်နှုန်းမှာ ၉၈.၅ တင်းနှုန်းရှိ ကြောင်း သိရသဖြင့် အုတ်တွင်းမြို့နယ်တွင် နွေစပါးအထွက်တင်း ၁၈၈၀၀၀၀ ကျော်ရှိကြောင်း ခန့်မှန်းတွက်ချက်ရရှိပါသည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် သဘာဝကပေးသော အစားအစာများစွာ ရှိပါ သည်။ မိုးဦးကာလအတွင်း မှိုများပေါများစွာ အလေ့အထပေါက်ရောက်လျက်ရှိသည့်အနက် လက်ရှိအချိန်တွင်ငှက်စွပ်မှိုနှင့်အင်ဥတို့မှာ ထွက်ရှိအားကောင်းပြီး ဈေးကွက်တွင် အများ အပြားတွေ့ရှိရကာ မှိုရှာဖွေသူများအတွက် ဝင်ငွေကောင်းလျက်ရှိပါသည်။ အပွင့်အကြီးအသေး အလိုက်ဈေးနှုန်းကွာခြားလျက်ရှိပါသည်။ ငှက်စွပ်မှိုမှာ အပွင့်ကြီးတပွင့်လျှင် (၂၀၀)ကျပ် နှုန်းဖြင့် (၅)ပွင့

ဟင်းထုပ်သည် မြန်မာ့ရိုးရာအစားအစာ တစ်ခုဖြစ်ပြီး လူကြိုက်များသည့် အစားအစာတစ်ခု ဖြစ်ပါသည်။ လူမျိုးဘာသာမရွေး အိမ်တွင်အလွယ်တကူလုပ်စားနိုင်၍ ဒေသအလိုက် ပုံစံအမျိုးမျိုးဖြင့် လုပ်စားကြပါသည်။ တောင်ငူမြို့တွင် ဟင်းထုပ်ပြုလုပ်ရန်အတွက် အသုံးပြုသော ပစ္စည်းများမှာ ကန်စွန်းရိုး၊ ငှက်ပျောဖူး၊ မျှစ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပါးလင်၊ ဆီ၊ အကြော်မှုန့်၊ ဆား၊ အရသာမှုန့်၊ ငရုတ်သီးအစိမ်းမှုန့်၊ ရဲယိုရွက်နှင့် ငှက်ပျောရွက်တို့ဖြစ်ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့သည် ခရိုင်မြို့ဖြစ်သည်နှင့်အညီ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များ၊ စက်ပစ္စည်းအရောင်းဆိုင်များ၊ အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင်များ၊ ဖုန်းအရောင်းဆိုင်များ၊ ဆိုင်ကယ်အရောင်းဆိုင်များ၊ စက်ဘီးအရောင်းဆိုင်များ စုံလင်စွာရှိပါသည်။ ၂၀၂၃ခုနှစ်၊မေလ တတိယပတ်မှစ၍ ဇွန်လ ပထမပတ်ရက်များအတွင်း စက်ဘီးအရောင်းဆိုင်များတွင် စက်ဘီးများ အရောင်းသွက်လျက်ရှိပါသည်။
ကယားပြည်နယ်တွင် အာလူးကို လူမျိုးဘာသာမရွေးစားသုံးကြပြီး စားဖိုဆောင်သီးနှံ အနေဖြင့် ချက်ပြုတ်စားသုံးကြပြီး မုန့်သရေစာအဖြစ် အာလူးကြော်လုပ်ငန်းများလည်း ရှိပါသည်။ အာလူးကို ယခင်က လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာ၊ လင်ဖုံလေးကျေးရွာ၊ ဒီမော့ဆိုမြို့နယ် ၊ သေးဆူလဲကျေးရွာတို့တွင် စိုက်ပျိုးကြပါသည်။ စိုက်ဧရိယာ(၅၁၃)ဧက ရှိကြောင်း၊ ရိတ်ဧရိယာ မှာလည်း (၅၁၃) ဧကရှိကြောင်းနှင့် ထွက်ရှိမှုနှုန်းအနေဖြင့် တစ်ဧကလျှင် (၁၉၀၀.၇၉) ပိဿာရှိပြီး စုစုပေါင်းအထွက်မှာ (၉၇၅၁၀၆) ပိဿာရှိကြောင်း သက်ဆိုင်ရ
