ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဂွေးပင်ချိုကျေးရွာတွင် နှမ်းလှော်လုပ်ငန်းကို အိမ်တွင်း စီးပွားရေးအဖြစ် တစ်နိုင်တစ်ပိုင် လုပ်ကိုင်ကြပြီး အဆင်ပြေလျက်ရှိကြောင်း သိရပါသည်။
၂၀၂၃ ခုနှစ် ဇွန်လ တတိယအပတ်အတွင်း မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၄၃၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၄၁၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် (၆၆၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၂၀၀၀) ကျပ်မှ (၂၂၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ လက်လီ (ဗမာ) တစ်ပိဿာလျှင် (၇၅၀၀) ကျပ်မှ (၈၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာ၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုဦးစီးမှူးဒေါ်လှိုင်ဥမ္မာဦးသည် တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင် ဦးစီးမှူးတို့၏လမ်းညွှန်ချက်အရ ပခုက္ကူမြို့နယ်အတွင်းရှိ ချောက်ကန်ကျေးရွာအုပ်စုရှိ အနောက် ချောက်ကန်ကျေးရွာရှိ စိုက်ပျိုးတောင်သူတစ်ဦးထံသို့ ဆက်သွယ်မေးမြန်းခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်လှိုင်ဥမ္မာဦးသည် တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် (၁၂.၆.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင် အမှတ်(၁၅)ရပ်ကွက်ရှိ လက်ရက်ကန်းလုပ်ငန်းရှင် နှင့်တွေ့ဆုံ၍ ချည်ထည်စောင်များနှင့် ပတ်သက် ပြီး ဆွေးနွေးမေးမြန်းခဲ့ပါသည်။
ရေစကြိုမြို့ပေါ်တွင် ၂၀၂၃ခုနှစ်၊ ဇွန်လ(ဒုတိယပတ်)အတွင်း အရောင်းအဝယ် ဖြစ်လျက်ရှိသော အိမ်သုံးဆေးဝါးများ၏ ဈေးနှုန်းများမှာ Decogen (၁၀) လုံးပါ (၁)ကတ်လျှင် ကျပ်(၁၈၀၀)၊ Civit အလုံး (၁၀၀)ပါ (၁)ဘူးလျှင် ကျပ်(၃၅၀၀)၊ Paracetamol (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၃၀၀)၊ Biogesic (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၁၀၀၀)၊ Amoxicillin (၁၀)လုံးပါ (၁)ကတ် လျှင် ကျပ်(၆၀၀)၊ Enorvon-C (၄)လုံးပါ (၁)ကတ်လျှင် ကျပ်(၁၅၀၀)၊ Burmeton အလုံး (၁၀၀)ပါ (၁)ဘူးလျှင် ကျပ်(၂၈၀၀)၊ Cetrine (၁၀)လုံးပါ (၁)ကတ်လျှင်ကျပ်(၂၀၀)