ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့မဈေးကွက်အတွင်း၌ ရောင်းချလျက်ရှိသော ရာသီပေါ်သီးနှံဈေးကွက်သည် စည်ကားလျက်ရှိရာ အုတ်ဖိုဒေသထွက် သီးနှံများနှင့်အတူ မျှစ်သီးနှံ ဈေးကွက်သည် အရောင်းအဝယ်ကောင်းမွန်ပြီး အရောင်းသွက်လျက်ရှိပါသည်။
မြေပဲကို လူမျိုးမရွေး၊ ဘာသာမရွေးစားသုံးကြပြီး မြန်မာလူမျိုးများအနေဖြင့် ဆီကြိတ်၍ လည်းကောင်း ၊ မြေပဲဆံကို ပဲကြော်၊ ပဲလှော်များ ကြော်လှော်၍ လည်းကောင်း စားသုံးကြသလို သက်သက်လွတ်စားခြင်းဖြင့် ကုသိုလ်လည်းရ ဝမ်းလည်းဝသည့်အပြင် လူခန္ဓာကိုယ်အတွက် လိုအပ် သော အာဟာရဓာတ်များလည်း ရရှိနိုင်မှာဖြစ်ပါသည်။ ပြည်ခရိုင်တွင် ဆီထွက်သီးနှံ (၃)မျိုးရှိရာ မြေပဲသီးနှံသာ ဧကအများဆုံး စိုက်ပျိုးကြောင်း သိရပါသည်။ ယခုအချိန်တွင် ပြည်ခရိုင်၌ မိုးမြေပဲ စိုက်ပျိုးနေချိန်ဖြစ်ပါသည်။
ယခုတစ်ပတ်၏ ပြောင်းသီးနှံပေါက်ဈေးမှာ တစ်ပိဿာလျှင် (၁၀၈၀) ကျပ်မှ (၁၁၀၀) ကျပ်ဖြစ်ပါသည်။ ပြောင်းအဆွဲအနည်းငယ်သွက်လာပါသည်။ ကြက်သွန်ဖြူမှာ တောင်သူလက်ကျန်နည်းပါးလာသောကြောင့် အဝင်နည်းလာကာ ဈေးဆက်တက်လာပါသည်။ ကြက်သွန်ဖြူပေါက်ဈေးမှာ တစ်ပိဿာလျှင် ထူး-၁ (၅၆၀၀) ကျပ်၊ ထူး-၂ (၆၀၀၀) ကျပ်၊ ထူး-၃(၆၅၀၀) ကျပ်၊ ထူး-၄(၇၀၀၀) ကျပ်၊ ထူး-၅ (၇၇၀၀) ကျပ်၊ ထူးလွန် (၇၈၀၀) ကျပ်နှင့် ကြူကုတ်မှာ တစ်ပိဿာလျှင် (၇၈၀၀) ကျပ်တို့ဖြစ်ပါသည်။ တစ်ပတ်အတွင်း တစ်ပိဿာလျှင် (၁၀၀၀) ကျပ်ခန့်ဈေးမြင့်လာပါသည်။
မိတ္ထီလာစျေးကွက်တွင် ဇွန်လတတိယပတ်အတွင်း နယ်ဝေးတင်ပို့မှုနည်းကြောင်း သိရသည်။ မိတ္ထီလာစျေးကွက်မှ ရန်ကုန်၊ ပဲခူးမြို့များသို့ ပုံမှန်အားဖြင့် တင်ပို့မှုရှိသော်လည်း၊ ယခုတစ်ပတ် ရန်ကုန်သို့ တင်ပို့မှုမရှိသလောက်ဖြစ်ကာ ပဲခူးသို့လည်း ခြောက်ဘီးကားဖြင့် တစ်စီးလျှင် ကုန်ချိန်ပိဿာ (၃၀၀၀-၄၀၀၀) ဝန်းကျင်ကို အခြားကုန်များနှင့်ရောနှောတင်ပို့ပါသည်။ ယခင်တစ်ပတ်က မြဝတီနှင့် မူဆယ်သို့ တင်ပို့မှုများခဲ့သော်လည်း ယခုတစ်ပတ်မူဆယ်သို့ တွဲကား တစ်စီး ကုန်ပိဿာ (၂၀၀၀၀) ခန့် သာတင်ပို့နိုင်ခဲ့ပါသည်။ ဒေသတ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း မြို့နယ်များရှိ စည်ပင်သာယာဈေးများတွင် ၂၀၂၃ ခုနှစ် ၊ ဇွန်လ တတိယပတ်အတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များမှာ ဧရာပဒေသာဆန် (သစ်)တစ်ပြည် (၄၀၀ဝိ/-)ကျပ် ၊ ဧရာပဒေသာဆန် (သစ်) (၂၄)ပြည် တစ်အိတ် လျှင်(၉၅၀၀ဝိ/-)ကျပ်၊မနောသုခဆန်(သစ်) တစ်ပြည်(၃၀၀ဝိ/-)ကျပ်၊ မနောသုခဆန်(သစ်) (၂၄)ပြည် တစ်အိတ်လျှင်(၇၀၀၀ဝိ/)ကျပ် ၊ ခရမ်းချဉ်သီး(ရှမ်း) လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင်(၁၆၀ဝိ/-) ကျပ်၊ ကြက်သွန်နီ လက်လီဈေးနှုန်းမှာ(ကြီး)တစ်ပိဿာလျှင်(၂၄၀ဝိ/-)ကျပ်၊(လတ်