ကုန်သွယ်မှုသတင်းများ
ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီးဝင်ရောက်လျက်ရှိသည်။

တောင်ငူမြို့၊ ညောင်ပင်ဈေးသည် ဒေသတွင်းကျေးရွာများမှ လာရောက်ရောင်းချသော ဟင်းသီးဟင်းရွက်များပေါများလှသောကြောင့် ဟင်းသီးဟင်းရွက်ပေါများသောဈေးအဖြစ် နာမည်ကျော်ကြားလှပါသည်။ ကုန်စိမ်းဈေးဟုလည်းခေါ်ပါသည်။ တောင်ငူမြို့အနီးတဝိုက်ရှိ မြို့များသည် ယင်းဈေးမှတစ်ဆင့် ဟင်းသီးဟင်းရွက်များအား ပြန်လည်ဝယ်ယူရောင်းချကြပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၏ ၂၀၂၃ခုနှစ်၊ဇွန်လ(တတိယပတ်)တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် (၂၉၀၀၀၀ဝိ/-) ကျပ်ရှိပြီး၊ ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁)အိတ်လျှင်(၉၅၀၀ဝိ/-)ကျပ်၊ ဧရာမင်းစပါးဈေးနှုန်းမှာ တင်း(၁၀၀)လျှင် (၂၄၀၀၀၀ဝိ/-)ကျပ် ရှိပြီး ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁)အိတ်လျှင် (၉၈၀၀ဝိ/-) ကျပ် ရှိကြောင်း၊ ဇွန်လ(ဒုတိယပတ်)၌ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် (၂၉၀၀၀၀ဝိ/-) ကျပ်ရှိပြီး၊ ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (
တောင်ငူမြို့တွင် ယခုဇွန်လ၊ ဒုတိယအပတ်အတွင်း ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၁၀၀၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ၁၀၃၀၀၀ကျပ်၊ ဒေသပေါ်ဆန်းတစ်အိတ်လျှင် ၉၈၀၀၀ကျပ်၊ ဧည့်မထ(နွေ)တစ်အိတ်လျှင် ၆၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဧည့်မထ(မိုး)မှာ ယခင်အပတ်တွင် တစ်အိတ်လျှင် ၇၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် ၇၄၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျလာခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ရွှေဘိုပေါ်ဆန်း (သစ်)(တစ်အိတ်)လျှင် ၉၅၀၀၀ကျပ်၊ ဧရာမင်း(ဆန်)(သစ်)(တစ်အိတ်)လျှင် ၉၆၀၀၀ ကျပ်၊ ဧည့်မထ ဆန်(သစ်)(တစ်အိတ်)လျှင် ၇၂၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၃၄၅၀-၁၃၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၁၂၀၀၀ ကျပ်၊ နေကြဆီ(တစ်ပိဿာ)လျှင်၁၂၀၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၆၆၅၀-၆၇၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၇၀၀-၈၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၈၀၀၀ မှ ၁၉၀၀၀ ကျပ်၊ ကြက်သွန်နီ(အသစ်) (တစ်ပိဿာ) ၂၁၀၀ မှ ၂၂၀၀ ကျပ်၊ ကြက