ကုန်သွယ်မှုသတင်းများ
Powered by Drupal
10 Jul 2025
၂၀၂၅ ခုနှစ် မေလအတွင်း၌ ဗီယက်နမ်နိုင်ငံသည် အမေရိကန်နိုင်ငံသို့ တင်ပို့သော ကုန်စည်များမှ ဝင်ငွေ အမေရိဥန် ဒေါ်လာ ၁၂.၂ ဘီလီယံ အထိ ရရှိခဲ့ကြောင်း သိရှိရပါတယ်။ ယခင်နှစ် တင်ပို့မှုများ နှင့် နှိုင်းယှည်ပါကလည်း ၄၂ % အထိ မြင့်တက်နေပြီဖြစ်ပါတယ်။ အဆိုပါ အကျအချက်များသည် ဗီယက်နမ်၏ တင်ပို့ကဏ္ဍက ပိုမိုသန်မာလာသည်ကို ပြသသလို ၊ ပြည်တွင်းစီးပွားရေးကိုထောက်ပံ့သည့်အပြင် ငွေကြေး ဖလှယ်မှုဈေးနှုန်း (exchange rate) အပေါ်တွင်ပါ အကျိုးသက်ရောက်မှုရှိခဲ့သည်ဟု ငွေကြေးမူဝါဒသုံးသပ် သူများက သုံးသပ်နေကြပါတယ်။
DOCA(ဧရာဝတီ)
10 Jul 2025
၂၀၂၅ ခုနှစ် ဇွန်လအတွင်း၌ ဗီယက်နမ်နှင့် အမေရိကန် နိုင်ငံတို့သည် တစ်ဦးနှင့်တစ်ဦး အကျိုးပြု နိုင်သော ကုန်သွယ်ရေး ဆက်ဆံရေး တိုးတက်လာစေခြင်းအတွက် အပြန်အလှန်အခွန်နှုန်းများ (Reciprocal Tariff) နှင့် စျေးကွက်ဝင်ခွင့် (Market Access) များကို ဦးတည်၍ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါတယ်။ လာမည့် ဇူလိုင်လအတွင်း ပြဌာန်းရန်ရှိသော အခွန်ဆုံးဖြတ်ချက် မတိုင်မီအထိ, နှစ်ဖက်လုံးအတွက် အကျိုးရှိမည့် ဖြေရှင်းမှုတစ်ရပ်ကို ရရှိလာနိုင်မည်ဟု မျှော်လင့်ကြောင်း ဗီယက်နမ်ဘက်မှ တာဝန်ရှိသူများက ပြောကြားခဲ့ပါတ




