ကုန်သွယ်မှုသတင်းများ
Powered by Drupal
16 Jul 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ဈေးတို့တွင် ဇွန်လ စတုတ္ထပတ်တွင် ရောင်းချနေသော စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းများအနေဖြင့် မုန့်ညှင်း ဖြူ( ၂၅)ကျပ်သားလျှင် ( ၂၀၀၀)ကျပ်၊ ငရုတ်ပွ ( ၂၀)ကျပ်သားလျှင် ( ၂၅၀၀) ကျပ်၊ ကိုက်လန် ( ၁) စည်းလျှင် ( ၅၀၀)ကျပ်၊ သခွားသီး ( ၁၀ )ကျပ်သား ( ၁ )လုံးလျှင် ( ၃၀၀)ကျပ်၊ခံသီး ( ၁ )ဘူးလျှင် ( ၇၀၀)ကျပ်၊ ဇီးဖြူသီး ( ၁ ) ဘူးလျှင် ( ၈၀၀)ကျပ် တစာင်းခါးတစ်စည်း ( ၂၅ )ကျပ်သား လျှင် ( ၂၀၀၀) ကျပ်ဖြင့် လည်းကောင်း ဈေးနှုန်း အသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း

16 Jul 2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မွေးမြူရေးကြက်သားဈေးနှုန်းအနေဖြင့် မန္တလေးတိုင်းဒေသကြီး ဈေးကွက်များမှ ဒေသတွင်းရှိ မွေးမြူရေးခြံများသို့ ဝင်ရောက် ဝယ်ယူခဲ့မှု ကြောင့် ခြံဖမ်းဈေးနှုန်း မြင့်တက်မှုရှိခဲ့ပါသည်။ ဒေသတွင်းသုံးစွဲမှုတွင်လည်း ပွဲတော်ရက်ကာလ အတွင်း သုံးစွဲမှုမြင့်တက်ခဲ့သဖြင့် ကြိုတင်မှာ ယူခဲ့မှုအနေအထားများကြောင့် ဈေးနှုန်းမြင့်တက် မှုရှိခဲ့ပါသည်။ လက်ကားဒိုင်(အကောင်လိုက်) ရောင်းဈေးနှုန်း (၁၃၄၀၀)ကျပ်မှ (၁၄၁၀၀)ကျပ် ဖြစ်ခဲ့ သဖြင့် လက်လီ(ခုတ်သား)ဈေးနှုန်း(၈၀၀)ကျပ်မြင့်တက်မှုရှိခဲ့ပါသည်။
16 Jul 2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကြိတ်ခွဲထုတ်လုပ်မှုအများဆုံးရှိနေသော မိုးစပါး (ဟောင်း)မနောသုခ ၁၄ ပိဿာ တစ်တင်းလျှင် (၂၁၀၀၀)ကျပ်ရှိနေပြီး၊ မနောသုခ ဆန်စက်ကျ တစ်အိတ်(၆၇၀၀၀)ကျပ်မှ (၇၀၀၀၀)ကျပ်အတွင်း ဈေးနှုန်းဖြစ်ပေါ်လျက် ရှိပါသည်။ ဈေးကွက် များအတွင်း ဝယ်ယူသုံးစွဲမှုပိုမိုလာသည့် ဧရာမင်းနှင့် မဂျမ်းတောဆန်များ တစ်အိတ် လျှင် (၁၃၀၀၀၀) ကျပ်ဈေးနှုန်းရှိနေပြီး၊ ထိုင်းနှံကောက်(အဟောင်း) တစ်ပြည်လျှင် (၂၅၀၀)ကျပ်ဖြင့် ရောက်းချနေမှုများကိုလည်း တွေ့ရပါသည်။
16 Jul 2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဒေသတွင်းမှ ထွက်ရှိမှုအားကောင်းနေပြီး၊ ရှမ်း(တောင်)မှ ဝင်ရောက်မှု ပုံမှန်ရှိခဲ့သည်ကိုတွေ့ရပါသည်။ ဒေသတွင်းထွက်ရှိမှုများမှ ရပ်ကွက်/ ကျေးရွာများ အတွင်းရှိ လက်လီဆိုင်များသို့အရောက် ရောင်းချလာမှုကိုတွေ့ရပြီး၊ ရှမ်း(တောင်)မှ ဝင်ရောက်မှုများတွင်လည်း ဈေးကွက်ငယ်များအထိ ရောက်ရှိနေမှုများကြောင့် ကြက်ဥဈေးနှုန်း ကျဆင်းလာမှုကို တွေ့ရပါသည်။
16 Jul 2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နှမ်းရိတ်သိမ်းမှုများ ဖြိုင်ဖြိုင်တွေ့ရှိလာရပြီး၊ မြေပဲစိုက်ခင်းအချို့မှ မြေပဲစတင်ထွက်ရှိလာမှုကို တွေ့ရှိလာရပါသည်။ မြေပဲဆီကြိတ်ခွဲမှုမျာ တွင် မြေပဲဆံ(အဟောင်း)အသုံးပြုမှုကိုသာ တွေ့ရှိနေရဆဲဖြစ်ပြီး ဒေသတွင်းမှပင် ရရှိနေဆဲဖြစ်ပါသည်။ မြေပဲဖြိုင်ဖြိုင်ထွက်ရှိရန် နီးကပ်လာမှုကြောင့် မြေပဲဆံဈေးနှုန်းနိမ့်ကျမှု ရှိလာသည်ကို တွေ့ရပါ သည်။ နှမ်းဈေးနှုန်းတွင်လည်း နိမ့်ကျမှုရှိလာသည်ကို တွေ့ရပါသည်။
