ကုန်သွယ်မှုသတင်းများ
Powered by Drupal
17 Jul 2025
နှင်းပန်း၏ အဓိပ္ပာယ် “ အဆင်မပြေမှုတွေက တခဏပါ” ဟူ၍ ဖြစ်သည်။ မြေပြန့်ဒေသရှိ နှင်းပန်းသည် အဖြူရောင် ပန်းကလေးများ ဖြစ်ပြီး ရေမွှေးပန်းသည် အစိမ်းရောင်ကြား ခရမ်းရောင်ပွင့်ကလေးများ ပွင့်သောပန်းကို ခေါ်သည်။ မိုးကုတ်၊ ပြင်ဦးလွင်၊ ရှမ်းပြည်နယ်၊ တောင်ကြီးဒေသထွက် နှင်းပန်းသည် အဝါနုရောင် ပန်းခိုင်တိုလေးများ ဖြစ်ပြီး အရွက်က သစ္စာပန်းအရွက်နှင့် ဆင်တူပါသည်။၎င်းနှင်းပန်း(ခေါ်) ရေမွှေးပန်းကို အောက်ရပ်မြေပြန့်ဒေသတွင် မတွေ့ရဘဲ အေးသောတောင်ပေါ်ဒေသများတွင်သာ ပွင့်သောပန်း ဖြစ်သည်။ ရေမွှေးပန်း(သို့) နှင်းပန်းလို့ခေါ်

17 Jul 2025
အိမ်များတွင် ကုတင်များပေါ်၌ ခင်းပြီးအိပ်စက်ရန်အတွက် ဖျာအမျိုးမျိုး ရောင်းချလျက်ရှိ ကြပါသည်။ ယခုအခါတွင် ဈေးကွက်၌ ပလပ်စတစ်ဖျာ၊ ဝါးဖျာနှင့် သင်ဖြူးဖျာဟူ၍ အမျိုးမျိုးရှိကြ သော်လည်း ရာသီကိုလိုက်၍ အပူအအေး ချိန်ညှိပေးနိုင်သည့် သင်ဖြူးဖျာများမှာ ဈေးကွက်တွင် လူကြိုက်များလျှက်ရှိပါသည်။

17 Jul 2025
ကျောက်ဆည်ခရိုင်သည် မြန်မာနိုင်ငံ အလယ်ပိုင်းဖြစ်သည့် အားလျော်စွာ ထန်းပင် ထန်းတောပေါများသည့် ဒေသဖြစ်သည့်အလျောက် တောင်သူများသည် စိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်သည့်အပြင် အပိုဝင်ငွေရရှိရန် မိရိုးဖလာ လက်မှုလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိသည်ကို သိရှိရပါသည်။ ထန်းပင်မှရရှိသော ထန်းလျှော်ကို အသုံးပြု၍ ထန်းလျှော်တောင်းရက်လုပ်ခြင်းဖြင့် အပိုဝင်ငွေရရှိရန် ရက်လုပ်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပထမဦးစွာ ထန်းလျှော်များကို တစ်ညသိပ် ရေစိမ်ပြီး အချောသပ်ရကြောင်း၊ အချောသပ်ပြီး လျှော်များကို ထန်းလျှော

17 Jul 2025
ကျောက်ဆည်မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းစီစဉ် ရောင်းချပေးခဲ့ကြောင်း သိရပါသည်။ ဇူလိုင်လ(၆)ရက်နေ့တွင် ကျောက်ဆည်မြို့နယ်၊ ပြည်သူ့ဆေးရုံဝန်းအတွင်း၌ အခြေခံစား သောက်ကုန်များဖြစ်သော ဝက်သားတစ်ပိဿာလျှင်(၂၅၀၀၀/-)ကျပ်၊ အမဲသား တစ်ပိဿာ လျှင်(၂၅၀၀၀/-)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင်(၂၈၀၀၀/-)ကျပ်၊ ကြက်သား တစ်ပိဿာလျှင်(၂၀၀၀၀/-)ကျပ်၊ စားသုံးဆီတစ်ပိဿာလျ

17 Jul 2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက် ဒေသတစ်ခု ဖြစ်သောကြောင့် သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ဈေးကွက် ဝယ်လိုအားရှိသော ငရုတ်သီးနှံကိုလည်းစီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၃၂၉)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၁၀၃၄)ဧက၊ မြစ်သားမြို့နယ်တွင်(၂၆၀၁)ဧက စုစုပေါင်း(၃၉၆၄)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရသည်။ အများဆုံးစိုက်ပျိုးသောမျိုးများမှာ သာမို၊ ဒီမွန်နှင့် (၆၉၂)မျိုးများဖြစ်ပြီး အထွ

