ကုန်သွယ်မှုသတင်းများ
ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည် မိမိတို့ ကိုးကွယ်ယုံကြည်ရာလိုက်၍ ဘုရားပွဲ၊ တရားပွဲ ၊ နတ်ပွဲ ၊ အလှူနှင့် မင်္ဂလာပွဲများတွင် အစဉ်အလာအရ မဖြစ်မနေသုံးစွဲနေသော ငှက်ပျောသီး ၊ အုန်းသီးဈေး ကွက်သည်လည်း အနယ်နယ်အရပ်ရပ်တွင် ဈေးကွက်တစ်ခုပင် ဖြစ်တည်ရောင်းဝယ်နေကြသည်မှာ ယနေ့ချိန်ထိပင်ဖြစ်ပါသည်။ မြင်းခြံမြို့နယ်သည် ငှက်ပျောအများစ

ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် မိမိတို့ဒေသထွက်ကုန်များ အပြင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးတောင်သူများသည် ပဲလွန်းဖြူသီးနှံကိုလည်း စိုက်ပျိုးကြောင်း သိရသည်။

မုံရွာမြို့၊ သံလမ်းဈေးတွင် ဂေါ်ရခါးသီးများ ရောင်းချလျက်ရှိရာ ဂေါ်ရခါးသီးသည် ရှမ်းပြည်နယ် တောင်ကြီး၊ အောင်ပန်း၊ ကလောနှင့် ရွာငံ၊ ရေဦးဒေသများမှ အဓိက ဝင်ရောက် လျက်ရှိကြောင်း သိရှိရပါသည်။ ဂေါ်ရခါးပင်သည် နွယ်ပင်ဖြစ်သောကြောင့် အညွန့်များက

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံများအပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်း၊ ပဲဇီးကွက်သီးနှံများကို ကျွန်းလှမြို့နယ် ကျီကုန်းကျေးရွာ၊ စံပြကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

