ကုန်သွယ်မှုသတင်းများ
အစေ့ထုတ်ပြောင်းသီးနှံသည် ဧရာဝတီတိုင်းဒေသကြီး၏ ပြည်ပပို့ကုန်သီးနှံတစ်ခုဖြစ်ပြီး ဟင်္သာတခရိုင်တွင် ၁၈၆၇၀ ဧက၊ မြန်အောင်ခရိုင်တွင် ၁၂၈၂၅ ဧကနှင့် မအူပင်ခရိုင် ၂၀၂၇၀ ဧက နှင့် မြောင်းမြခရိုင်တွင် ၁၂၂၆ ဧက စိုက်ပျိုးပြီး တတိုင်းလုံးအနေဖြင့် စုစုပေါင်း ဧက ၅၃၀၀၀ကျော် စိုက်ပျိုး သော သီးနှံလည်းဖြစ်ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်တို့တွင် မိုးစပါးစိုက်ပျိုးပြီးချိန်၌ မတ်ပဲသီးနှံကို သီးထပ်အဖြစ်အများဆုံးစိုက်ပျိုးကြပြီး နှစ်ခရိုင်ပေါင်း ဧက ၄သိန်းကျော်စိုက်ပျိုးပြီး တတိုင်းလုံးစိုက်ဧက၏ တဝက်ခန့် စိုက်ပျိုးသောဒေသလည်းဖြစ်ပါသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မတ်ပဲ စိုက်ပျိုးမှု တစ်ဧက ကုန်ကျစရိတ်မှာ ၇သိန်းခွဲကျပ်ခန့်ရှိပြီး တစ်ဧက ပျမ်းမျှအထွက်နှုန်းမှာ ၁၆ တင်းခန့်ရှိပါသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးပတ်တွင် ကိုင်းမြေများ၌ စိုက်ပျိုးသော မတ်ပဲအသစ်များ

မအူပင်မြို့နယ်အတွင်းရှိ တလုပ်လပ်အရှေ့၊ စစ်ကိုင်း၊ ရေကျော်၊ လေးအိမ်စု ကျေးရွာ များတွင် မတ်ပဲ၊ ပဲတီစိမ်း၊ ငှက်ပျော၊ သခွား၊ ငရုတ်၊ ပဲတိုင်တောင်ရှည်၊ ကြက်ဟင်းခါးသီး၊ မုန်လာဥ နှင့် ဖူးစားပြောင်းသီးနှံများကို စိုက်ပျိုးကြပြီး ဖူးစားပြောင်းသီးနှံကို စစ်ကိုင်းကျေးရွာ၌ စိုက်ဧက ၄၀ ဧက ခွဲခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင်၂၀၂၄-၂၀၂၅ခုနှစ် မိုးစပါး ပုသိမ်တောင်ပျံစိုက်ပျိုးပြီး ရိတ်သိမ်းနေကြောင်းသိရသည်။ မအူပင်မြို့နယ်တွင် မိုးစပါးစိုက်ဧက (၉၄၁၇၇) နှစ်စဉ်စိုက်ပျိုးကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ဗူးပင်စိုက်ပျိုး၍ ဗူးသီးထွက်ရှိနေပြီး ရန်ကုန်သို့ တင်ပို့လျက်ရှိကြောင်း သိရသည်။ စစ်ကိုင်းကျေးရွာတွင် ဟင်းသီးဟင်းရွက်သီးနှံစုံကို ဆောင်း၊ နွေရာသီတို့တွင် စိုက်ပျိုးတောင်သူများပေါများကြောင်း သိရသည်။
