ကုန်သွယ်မှုသတင်းများ
မြန်မာလူမျိုးတို့သည် မြန်မာရိုးရာအစားအစာများကို အများဆုံးနှစ်သက်ကြပါသည်။မနက် ခင်းတစ်ကြိမ်၊ညနေခင်းတစ်ခါ အဆာပြေစားလေ့ရှိရာ မြန်မာရိုးရာဘိန်းမုန့်ကိုလည်း ရေနွေးကြမ်း လက်ဖက်ရည်၊ကော်ဖီတို့ဖြင့် တွဲဖက်စားသုံးကြပါသည်။

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်းရှိ မော်ရကျေးရွာ၊ ထန်းတပင်ကျေးရွာ နှင့် အခြားကျေးရွာများတွင် မိုးခရမ်းသီးများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုး ကြပါသည်။ မိုးခရမ်းသီးစိုက်ပျိုးရန် ပျိုးပင်တစ်ပင်ကို ၅၀ကျပ်နှုန်းဖြင့် တစ်ဧကကို ပျိုးပင် ၄၀၀၀ ခန့်စိုက်ပျိုးရပါသည်။ မြေကျင်းကလေးများတူးပြီး ပျိုးပင်တစ်ပင်ကို ပင်ခြားတန်းခြား နှစ်ပေခွဲ ထား ပြီးစိုက်ပျိုးကြပါသည်။ ခရမ်းသီးစိုက်ပျိုးရာတွင် တစ်ဧက ကုန်ကျစရိတ်အနေဖြင့် ပျိုးပင်၊ ထွန်ယက်ခ၊ စိုက်ပျိုးခ၊ ပေါင

နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျောင်းကြီးကျေးရွာ၊ အုတ်တွင်းကုန်း ကျေးရွာ၊ သရက်တပင်ကျေးရွာ၊ ဝဲကြီးကျေးရွာနှင့် အခြားကျေးရွာများတွင် ပန်းဂေါ်ဖီများကို တစ် ပိုင်တစ်နိုင် စိုက်ပျိုးကြပါသည်။

ယခုဒီဇင်ဘာလပထမအပတ်တွင် ပြည်ဈေးကွက်သို့ ရှမ်းပြည် ပင်းတယ၊ ကလော၊ ပင်လောင်း စသည့်မြို့နယ်များမှ ဝင်ရောက်လာသည့် ဂေါ်ရခါးသီးများ အရောင်းအဝယ်များနေကြောင်း သိရှိရပါသည်။ ကုန်ပစ္စည်းဝင်ရောက်မှုမှာ များနေပြီးအရောင်းအဝယ်လည်း သွက်လျှက်ရှိပါသည်။ ယခင်က ဂေါ်ရခါးသီးကို ဟင်းချက်ပြီးကြော်စားသလို မုန့်နှစ်များဖြင့် ကြော်၍လည်း စားသုံးကြ ပါသည်။ ယခုအခါ ဂေါ်ရခါးသီးအရင့်ကို ပြုတ်၍စားသောက်ပါက အသီးမှာစေးပြီး လူကြိုက်များ ပါသည်။ ဂေါ်ရခါးသီးတစ်လ

တောင်ငူမြို့ အနောက်ဖက် တောင်ခြေကျေးရွာများတွင် ရခိုင်ငှက်ပျောပင်များကို စိုက်ပျိုးကြရာ ထွက်ရှိသော ငှက်ပျောသီးများကို တောင်ငူမြို့သို့ လာရောက်ရောင်းချကြပါသည်။ ရခိုင်ငှက်ပျောသီးသည် အလှူမင်္ဂလာပွဲ၊ ရိုးရာပွဲများတွင် ပွဲတင်ငှက်ပျောသီးအဖြစ် အသုံးပြုသကဲ့သို့ ငှက်ပျောသီး မုန့်ဖက်ထုပ်ပြုလုပ်၍လည်း အသုံးပြုသဖြင့် ဈေးကွက်ဝင်ပါသည်။
