ကုန်သွယ်မှုသတင်းများ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၏ ကျေးလက်ဒေသများတွင် ငွေနှင်းမှိုစိုက်ပျိုးရေး လုပ်ငန်း နှစ်စဉ်တိုးတက်လာကာ တောင်သူများအတွက် အရေးပါသော ဝင်ငွေလမ်းကြောင်းတစ်ခု ဖြစ်လာသည်။ လက်ရှိဈေးနှုန်းမှာ တစ်ပိဿာလျှင် ၃,၅၀၀ ကျပ်အထိ ရရှိပြီး တောင်သူများသည် တစ်ရက်လျှင် ၅ မှ ၁၀ ပိဿာအထိ ထုတ်လုပ်နိုင်ကာ တစ်နှစ်လ

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ
ယခုနှစ် မိုးသီးနှံရာသီ၌ မိုးသည်းထန်စွာ ရွာသွန်းမှုဒဏ်ကြောင့် သီးနှံများထိခိုက်ပျက်စီးမှုရှိ သည့် အခြေအနေများအရ အိန္ဒိယတောင်သူများသည် မတ်ပဲနှင့် ပဲတီစိမ်းတို့ကို နွေသီးနှံရာသီ၌ တိုးမြှင့်စိုက်ပျိုးဖွယ်ရှိသည်ဟု အိန္ဒိယပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း (IPGA) ၏ အတွင်းရေးမှူး Satish Upadhyay က Informist Media သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုခဲ့ ပါသည်။
အိန္ဒိယနိုင်ငံ အနေဖြင့် ဖိလစ်ပိုင်သို့ ဆန်တင်ပို့မှုတိုးမြှင့်နိုင်ရန် ပြင်ဆင်နေပြီး ထိပ်တန်း ဆန်တင်ပို့သူများပါဝင်သော ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် ကမ္ဘာ့ဆန်စပါး အများဆုံး တင်သွင်း သည့် အဆိုပါ အရှေ့တောင်အာရှနိုင်ငံသို့ လာမည့်လတွင် သွားရောက်ရန် စီစဉ်ထားကြောင်း အိန္ဒိယကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက PTI သတင်းဌာနသို့ ပြောကြားခဲ့သည်။

အိန္ဒိယ၏ စားအုန်းဆီ တင်သွင်းမှုသည် ၂၀၂၅ ခုနှစ် သြဂုတ်လတွင် ၁၃ လအတွင်း အမြင့် ဆုံးသို့ ရောက်ရှိခဲ့ပြီး ပဲပုပ်ဆီနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းအရယှဉ်ပြိုင်နိုင်မှုရှိခြင်းကြောင့် ပွဲတော် ရာသီမတိုင်မီ ဝယ်ယူမှုပိုမို များပြားလာသည်ဟု စားသုံးဆီလုပ်ငန်းရှင် ၅ ဦး ထံမှသိရကြောင်း The Edge Malaysia သတင်းဌာနက စက်တင်ဘာလ ၂ ရက်နေ့တွင် ဖော်ပြထားပါသည်။

