ကလေး အသုံးအဆောင် နှင့် ကစားစရာ ပစ္စည်းများ
Alert No. – A12/1719/17
Date Published – 18/12/2017
အမျိုးအစား - ကလေးအသုံးအဆောင်ပစ္စည်း
ကုန်ပစ္စည်း - ကလေးလမ်းလျှောက်လှည်း
တံဆိပ် - Gmini
အမည် - Monty I ကလေးလမ်းလျှောက်လှည်း
မော်ဒန်နံပါတ် - 849,850,87,88 150V_1, 150c, 6E6WL, 5B5, 42R, 40R1
အန္တရာယ်ဖြစ်စေနိုင်သောပုံစံ
ဖော်ပြပါကလေးလမ်းလျှောက်လှည်းသည် လုံလောက်သောကြံ့ခိုင်မှုမရှိပဲ ကျိုးပဲ့ပြုတ်ထွက်နိုင်သောကြောင့် ကလေးငယ်များအတွက် အန္တရာယ်ရှိစေနိုင်ပြီးသက်ဆိုင်ရာ ဥရောပစံချိန်စံညွှန်း EN1273 နှင့်လည်းကိုက်ညီမှုမရှိကြောင်း ဖော်ပြထားပါသည်။
အသိပေးချက်
အဆိုပါကုန်ပစ္စည်းသည် စားသုံးသူများအတွက် အန္တရာယ်ရှိနိုင်ကြောင်း အသိပေးကြေညာထားသည့်အတွက် မြန်မာနိုင်ငံမှစားသုံးသူများသိရှိစေရန် အသိပေးတင်ပြအပ်ပါသည်။
Source: Rapid Alert System(European Commission) Code: 0220112711
PRA No. - 2017/16469
Date Published - 21/12/2017
အမျိုးအစား - ကလေးအသုံးအဆောင်ပစ္စည်း
ကုန်ပစ္စည်း - သံလိုက်(ကစားစရာအရုပ်)
ရောင်းချခဲ့သည့်ရက်စွဲ - December 2015 – October 2017
အမည် - Rattlesnake Eggs
အဆိုပါ ကလေးကစားစရာပစ္စည်း၏အရွယ်အစားနှင့် ပါဝင်သောသံလိုက်ဓါတ်သည် သြစတေးလျနိုင်ငံ စားသုံးသူကာကွယ်ပေးရေးကြော်ငြာအမှတ် ၅/၂၀၁၂ တွင်ဖော်ပြထားသော အရွယ်အစားနှင့် သံလိုက်ဓါတ်ထက် ပိုမိုများနေကြောင်း ဖော်ပြထားပါသည်။
အန္တရာယ်ဖြစ်စေနိုင်သောပုံစံ
ကလေးများသည် ၎င်းသံလိုက်တုံးများအား မြိုချမိပါက ကလေးငယ်၏အူနံရံ(သို့) အခြားအစာချေတစ်ရှုးများတွင် ကပ်နိုင်ပြီး ခန္ဓကိုယ်တွင်းထိခိုက်မှုကို ဖြစ်စေရုံသာမက အသက်န္တရာယ်ပါထိခိုက်နိုင်ကြောင်း ထုတ်ပြန်ထားပါသည်။
အသိပေးချက်
အဆိုပါကုန်ပစ္စည်းသည် ကလေးငယ်များအတွက် အန္တရာယ်ရှိနိုင်ကြောင်း အသိပေးကြေညာထားသည့်အတွက် မြန်မာနိုင်ငံမှစားသုံးသူများသိရှိစေရန် အသိပေးတင်ပြအပ်ပါသည်။
ထုတ်လုပ်သည့်နိုင်ငံ - တရုတ်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု
Source: Australian Competition & Consumer Commission Code: 0220112711
PRA No. - 2017/16431
Date Published - 21/12/2017
အမျိုးအစား - ကလေးအသုံးအဆောင်ပစ္စည်း
ကုန်ပစ္စည်း - ရေခဲမုန့်ပုံသဏ္ဍာန် ဆီလီကွန်ကလေးကိုက်ပစ္စည်း
အမည် - Veronica Shnoudi
ရောင်းချခဲ့သည့်ရက်စွဲ - October 2017 – November 2017
အထက်ဖော်ပြပါပစ္စည်းသည် ခွင့်ပြုထားသောပုံသဏ္ဍာန်ထက် ပိုမိုသေးငယ်ပြီး သတ်မှတ်စံချိန်စံညွှန်းဖြစ်သော ကလေးသုံးပစ္စည်းများဆိုင်ရာ စားသုံးသူအကာအကွယ်ပေးရေး ကြော်ငြာစာအမှတ် ၁၄/၂၀၁၃ နှင့်ကိုက်ညီမှုမရှိကြောင်း ACCC မှထုတ်ပြန်ထားပါသည်။
အန္တရာယ်ဖြစ်စေနိုင်သောပုံစံ
သေးငယ်လွန်း၍ကလေးငယ်များ၏ လည်ချောင်းတွင်းသို့လျောကျပြီး အသက်ရှုကြပ်ခြင်းကိုဖြစ်စေနိုင်ကြောင်း ဖော်ပြထားပါသည်။
အသိပေးချက်
အဆိုပါကုန်ပစ္စည်းသည် ကလေးငယ်များအတွက် အန္တရာယ်ရှိနိုင်ကြောင်း အသိပေးကြေညာထားသည့်အတွက် မြန်မာနိုင်ငံမှစားသုံးသူများသိရှိစေရန် အသိပေးတင်ပြအပ်ပါသည်။
Source: Australian Competition & Consumer Commission Code: 0220112711
Recall Date - 6/12/2017
အမျိုးအစား - ကလေးအသုံးအဆောင်ပစ္စည်း
ကုန်ပစ္စည်း - ကစားစရာရွံ့စေး
တံဆိပ် - Totally Me
ရောင်းချခဲ့သည်ကာလ - April 2017
အန္တရာယ်ဖြစ်စေနိုင်သောပုံစံ
အဆိုပါကလေးကစားစရာရွှံ့စေးသည် မှိုတက်နိုင်ပြီး ၎င်းမှိုအားကလေးများ ကိုင်တွယ်မိပါက အရေပြားအား ထိခိုက်ယားယံမှုများဖြစ်စေပါသည်။
အသိပေးချက်
အဆိုပါ Totally Me အမှတ်တံဆိပ် ကလေးကစားစရာရွှံ့စေးသည် ကလေးများအားအန္တရာယ်ဖြစ်စေနိုင်ကြောင်း ဖော်ပြထားသည့်အတွက် မြန်မာနိုင်ငံမှစားသုံးသူများသိရှိစေရန် အသိပေးတင်ပြအပ်ပါသည်။
ထုတ်လုပ်သည့်နိုင်ငံ - China
Source: Spring Singapore (Singapore Government) Code: 0520112711
Recall Number - 18-070
Recall Date - 21/12/2017
အမျိုးအစား - ကလေးအသုံးအဆောင်ပစ္စည်း
ကုန်ပစ္စည်း - ကစားသုံးအဝတ်အထည်
တံဆိပ် - Totally Me
မော်ဒန်နံပါတ် - 6904536, 6904537, 6904538, 6904539, 6904540, 6904541, 6904542, 6904543
အန္တရာယ်ဖြစ်စေနိုင်သောပုံစံ
အဆိုပါကလေးညအိပ်ဝတ်စုံသည် သတ်မှတ်ထားသော ကလေးအဝတ်အထည်များဆိုင်ရာ စံချိန်စံညွှန်းနှင့် ကိုက်ညီမှု မရှိသည့်အပြင် ကလေးငယ်များအား အပူလောင်ဒဏ်ရာများ ဖြစ်စေနိုင်ကြောင်း ဖော်ပြထားပါသည်။
အသိပေးချက်
အဆိုပါ ညအိပ်ဝတ်စုံသည် အန္တရာယ်ဖြစ်စေနိုင်သည့်အတွက် ကလေးငယ်များအား ဝတ်ဆင်ပေးခြင်းမပြုရန်နှင့် ဝယ်ယူထားပါက Wohali သို့ဆက်သွယ်ပြီးငွေကြေးဖြင့် ပြန်လည်လှဲလှယ်နိုင်ကြောင်း ဖော်ပြထားသည့်အတွက် မြန်မာနိုင်ငံမှစားသုံးသူများသိရှိစေရန် အသိပေးတင်ပြအပ်ပါသည်။
ထုတ်လုပ်သည့်နိုင်ငံ - China
Source: United State Consumer Protect Safety Code: 0420112711