ပြည်တွင်းကုန်သွယ်မှုသတင်း
Powered by Drupal
ဈေးကွက်အတွင်း ဝင်ရောက်လာတဲ့ ရာသီစာပတ္တမြားငမောက်

မန္တလေးတိုင်းဒေသကြီးအတွင်း သို့ကျောက်ဆည်၊မတ္တရာ၊စဉ့်ကိုင် ၊မြင်းခြံစသည့် နယ်များ မှ စိန်တစ်လုံးသရက်သီးများ ဧပြီလဆန်းမှစ၍ လှိုင်လှိုင်ထွက်ပေါ်ပြီးဇွန်လကုန်တွင် အထွက်နှုန်း များလျော့ကျသွားပြီး ဈေးကွက်အတွင်း အရောင်းအဝယ်ရှားပါးလျက်ရှိပါသည်။ ၎င်းစိန်တစ်လုံး သရက်သီးအစားအခြားမျိုးများဖြစ်သည့် မချစ်စု၊ စိမ်းစား၊ရွှေဟင်္သာ၊ ရင်ကွဲ၊ပတ္တမြားငမောက် အစရှိ သည့် သရက်သီးများ ဝင်ရောက်လျက်ရှိပါသည်။
၎င်းသရက်မျိုးများအနက်မှ မန္တလေးမြို့နှင့်အနီးတဝိုက်ရှိ ကျောက်ဆည်၊ စဉ့်ကိုင်၊ ပလိပ်၊ မတ္တရာစသည့်နယ်များမှ ပတ္တမြားငမောက်သီးများ ဈေးကွက်အတွင်းသို့ နေ့စဉ်ဝင်ရောက်လျက်ရှိ ပါသည်။ပတ္တမြားငမောက်သရက်သီး၏ အချိုဓာတ်မှာလျော့နည်းခြင်းကြောင့် အချို့ ဆီးချိုသမား များတစ်ခါတစ်ရံ စားသုံးလေ့ရှိကြပါသည်။
မန္တလေးဈေးကွက်အတွင်း ပတ္တမြားငမောက်သီး အလုံးလှ တစ်လုံးလျှင် ကျပ် (၁၅၀၀/၂၀၀၀/-)၊ ပုံမှန် တစ်လုံးလျှင် ကျပ် (၇၀၀/၈၀၀/- )ဖြင့် ဈေးကွက်အတွင်း အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးရောင်းသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(မန္တလေး)
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ပြောင်းဖူးဈေးနှုန်း
၂၇.၆.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်နီ ဈေးနှုန်းများ
၂၇.၆.၂၀၂၅ ရက်နေ့တွင် လှိုင်မြို့နယ် သီရိမင်္ဂလာဈေးကြီးတွင် ကုန်စိမ်း၊ ပန်းနှင့် သစ်သီးများ ဝင်ရောက်မှုအခြေအနေ
ဝက်သားဈေးတက်သော်လည်းရောင်းကောင်းလျက်ရှိ

ဝက်များကိုမွေးမြူရေးခြံများနှင့် အခြားတစ်နိုင်တပိုင် စီးပွားဖြစ်မွေးမြူကြသည်။ ဝက်များကို ယခင်တချိန်တပြည်ပ နယ်စပ်မြို့ကလေးများသို့ တင်ပို့ရောင်းချကြသည်။ယခုတွင်မူ ပြည်တွင်းစားသုံးရန် အတွက်သာ အရောင်းအဝယ်ဖြစ်လျက် ရှိကြသည်။ဝက်သားများကို အလှူများပြုလုပ်ရာတွင် ဝက်သားချက်ကို ချက်ပြုတ်ကျွေးမွေးကြသည်။ဝက်သားများကို ဝက်အူချောင်းပြုလုပ်၍လည်း စားသုံးကြပြီး အနယ်နယ်အရပ်ရပ်မြို့များ သို့လည်း တင်ပို့ရောင်းချကြသည်။ယခင်လက ဝက်သား ၁ ပိဿာလျှင်(၂၈၀၀၀-၃၀၀၀၀)ယခု (၃၀၀၀၀-၃၅၀၀၀)ကျပ် ဈေးတို့ဖြင့်ရောင်းချကြောင်း သိရှိရသည်။ဝက်အူချောင်း ၁ ပိဿာလျှင် (၅၀၀၀၀-၅၅၀၀၀)ကျပ်၊ ဝက်ဆီဖတ်များကို ဝက်ဆီဖတ်ကြော်ပြုလုပ်၍လည်း ရောင်းချကြပါသည်။
DOCA(မန္တလေး)
စက်သုံးဆီဈေးနှုန်း အပတ်စဉ်ပြောင်းလဲမှုအခြေအနေ
ရာသီစာနာနတ်သီး

မန္တလေးသစ်သီးဈေးကွက်အတွင်းသို့ သီပေါ၊ကုန်းသာမှ နာနတ်သီးများ အများအပြား ဝင်ရောက်လျက်ရှိပြီးမြို့တွင်းရှိသစ်သီးဆိုင်များ၊ ဖျော်ရည်ရောင်းချသည့်ဆိုင်များနှင့် အချဉ်ပေါင်း ရောင်းချသည့်ဆိုင်များတွင် ရာသီစာအဖြစ် အရောင်းသွက်လျက်ရှိကြောင်းသိရပါတယ်။ နာနတ်သီးသည် ရောင်းရမ်းမှုကို ကျစေခြင်း၊ ကိုယ်ခံစွမ်းအား မြင့်စေခြင်း၊ နှလုံးကျန်းမာရေး ပိုကောင်းစေခြင်း၊ အစာခြေရာတွင်ကူညီခြင်း၊အူနှင့်အစာအိမ်လမ်းကြောင်းကို ကောင်းမွန် အောင်လုပ်ဆောင်ပေးရာတွင် အလွန်အစွမ်းထက်သော သဘာဝသစ်သီးတစ်မျိုးဖြစ်ခြင်းတို့ ကြောင့် စားသုံးသူများပြီး မန္တလေး သစ်သီးဒိုင်များတွင် အလုံး(၃၀/၄၀)ပါ တစ်ခြင်းလျှင် ကျပ် (၃၀၀၀၀/- မှ ၅၀၀၀၀/-)ရှိပြီး၊ မြို့တွင် လမ်းဘေး နှင့်ဈေးများရှိ သစ်သီးဆိုင်များတွင် နာနတ်သီး တစ်လုံးလျှင် ၁၅၀၀/-၂၀၀၀/- ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါတယ်။
DOCA(မန္တလေး)
ဈေးကောင်းရနေသော မင်းကွတ်သီး

မင်းကွတ်သီးသည် ချိုချိုချဉ်ချဉ်အရသာရှိသောကြောင့် လူအများက အအီပြေစေသည့် အသီး အဖြစ် စားကြကြောင်း၊ ဒူးရင်းသီးနဲ့ မင်းကွတ်သီးတို့သည် အသီးပေါ်ချိန်ခြင်း တူသော ကြောင့် ဒူးရင်းသီး စားပြီး အီလျှင် မင်းကွတ်သီး ချဉ်ချဉ်လေးတွဲဖက်ပြီး စားသုံးကြကြောင်း၊ တစ်လုံးစားရုံနှင့် မဝနိုင်ဘဲ လေးငါးလုံးဆက်စားမှသာ တင်းတိမ်လေ့ရှိကြောင်း၊ လေ့လာသိရှိရပါသည်။မင်းကွတ်သီးသည်မည်သည့် သီးနှံနှင့်မတူညီဘဲ စားသုံးသူ၏ ဘဝင်နှလုံးကို အေးမြကြည်လင်စေသည့်အတွက် လူကြိုက်များကြ ကြောင်း သိရှိရပါသည်။
မင်းကွတ်သည် အသီးခူးပြီးမှ မှည့်သောအသီး (Crimactric Fruit) ဖြစ်သည်။ အသီးခူးရာ တွင် လက်ဖြင့်ခူးရန် လိုအပ်ပြီး မြေကြီးပေါ်မကျရန် သတိထားရပါသည်။၎င်းအသီးသည် ၂၄နာရီအတွင်း မှည့်ပြီး (၁)ပတ်ခန့် အထားခံပါသည်။ (၁၀-၂၀)နှစ်သား တစ်ပင်လျှင် အသီးထွက် ၁,၀၀၀ခန့် ရနိုင် ပါသည်။ အပင် Canopy ကြီးလာသည်နှင့် အမျှ အသီးအထွက်နှုန်းလည်း များလာမည်ဖြစ်သည်။
မင်းကွတ်သီးသည် အခြားသစ်သီးဝလံနှင့် နှိုင်းယှဉ်ပါက အရင်းကျေ အမြတ်ရခြင်း နောက်ကျ သော်လည်း ရေရှည်အတွက်မူ စိုက်ပျိုးသင့်သောသီးနှံဖြစ်သည်။
မင်းကွတ်ပင်သည် ဆောင်းရာသီ နိုဝင်ဘာလမှစ၍ ဖေဖော်ဝါရီလကုန်၊ မတ်လဆန်းအထိ အပွင့်များပွင့်ပြီး မိုးဦးနှင့် မိုးလယ်လများဖြစ်သော မေလမှ ဩဂုတ်လအတွင်း အသီးများမှည့်ကြသည်။ လက်ရှိကာလတွင် မော်လမြိုင်မှ မန္တလေးမြို့အတွင်းသို့ မော်လမြိုင်မြို့မှ ထွက်ရှိသောမင်းကွတ်သီးများ ဝင်ရောက် လျှက်ရှိပြီး တစ်လုံးလျှင် (၅၀၀)ကျပ်၊ ဆယ်လုံးလျှင် (၄၅၀၀)ကျပ်ဖြင့် ရောင်းချ လျှက်ရှိကြောင်း သိရှိ ရပါသည်။
DOCA(မန္တလေး)
ညမွှေးပန်းပျိုးပင်ဈေးကွက်

ညမွှေးပန်း၏ အဓိပ္ပာယ်သည် “အရာရာမင်းအတွက်ဖြစ်စေရမယ်”ဟူ၍ဖြစ်သည်။ ညမွှေးပန်းသည် စိမ်းနုရောင်ပန်းခိုင်လေးများ တစ်ပင်လုံးအူနေအောင် ပွင့်သောပန်းဖြစ်သည်။ ညမွှေးပန်းဟု အမည်နှင့်လိုက်အောင် နေခင်းပိုင်းတွင် လုံးဝမမွှေးဘဲ နေလုံးကွယ်ပျောက် ညချမ်းအချိန်အခါရောက်မှ မွှေးသောပန်းဖြစ်သည်။ ညမွှေးပန်း၏ ရနံ့သည် တစ်တောလုံး တစ်တောင်လုံး အီနေအောင်မွှေးသောပန်းဖြစ်သည်။ မွှေးလွန်းသော ညမွှေးပန်းရနံ့ကို လူတိုင်း မကြိုက်နှစ်သက်ပင်မဲ့ လမ်းဘေးဝဲယာ၊ အိမ်ခြံဝင်း ဘေးများတွင် နှစ်သက်စွာစိုက်ပျိုး တတ်ကြသည်။ မိုးများသော၊ အေးသောဒေသများတွင် ခြံစည်ရိုးပန်းအဖြစ် မိုးကုတ်၊ ပြင်ဦးလွင် ဒေသများတွင် စိုက်ပျိုးကြသည်။ မြေပြန့်ဒေသတွင် အနည်းငယ်သာစိုက်ပျိုးကြသည်။ ညမွှေးပန်းပင်သည် အမြဲစိမ်းခြုံနွယ်ပင်မျိုးဖြစ်ပြီး ညမှာပွင့်သည့် ညမွှေးပန်းလေးတွေက အလွန်ပြင်းထန်ပြီး ချိုအီသောရနံ့ကို ထုတ်ပေးကာ ဝတ်မှုန်ကူးမယ့် ညပျော်ဖလံအင်းဆက်တွေကို ဆွဲဆောင်နိုင်သည်။ ညမွှေးပန်း၏ ရနံ့သည် ပန်းနာရင်ကြပ်ရောဂါသည်များ အတွက် အသက်ရှူရန်ခက်ခဲသည် အထိဖြစ်ရသည်ဟုဆိုကြသည်။ နှာခေါင်း၊ လည်ချောင်းယာယံခြင်း၊ ခေါင်းကိုက်ခြင်းတွေ ဖြစ်နိုင်လို့တချို့က မကြိုက်နှစ်သက်ကြပါ မိုးကုန်ဆောင်းကူးရာသီတွင် ပွင့်တတ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ကြိုက်နှစ်သက်သူရှိသလို မကြိုက်နှစ်သက်သူလည်း ရှိတဲ့အတွက်ကြောင့် ရောင်းအားနည်းတယ်လို့ ဆိုပါတယ်။ ညမွှေးပန်းပျိုးပင်တစ်ပင်လျှင် (၂၀၀၀/၃၀၀၀/၅၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း ပန်းပျိုးပင်အရောင်းဆိုင်မှ သိရှိရသည်။
DOCA(မန္တလေး)




