ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဇူလိုင်လပထမပတ်တွင် ခရမ်းကစော့သီးများ လှိုင်လှိုင်ဝင်ရောက်

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်နှင့် အနီးတစ်ဝိုက်ဒေသများဖြစ်သော ကျွဲရဲ၊ မအူ၊ ဘုမ္မနိုး၊ အမြင့်ကျေးရွာများမှ သီးနှံစိုက်တောင်သူများသည် ခရမ်းကစော့ပင်များကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိပါသည်။  ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ပထမပတ်၌ ချင်းတွင်းရတနာဈေး၊ မန်းကျည်း ပင်ဈေး၊ ပြည်ထောင်စုဈေးနှင့်  ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ရောင်းချနေသော ခရမ်းကစော့သီး ဈေးနှုန်းများအနေဖြင့် ( ၁)ဘူးလျှင် ( ၁၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ ( ၁ )ပြည်လျှင် ( ၇၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး လှိုင်လှိုင်ဝင်ရောက်၍ အရောင်းသွက်လျက် ရှိကြောင်း ကုန်စိမ်းရောင်းချသူ ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

နွယ်သာကီပန်းပျိုးပင်ဈေးကွက်

    နွယ်သာကီပန်းလေး၏အဓိပ္ပာယ်သည် “ဘယ်လိုအဆိုးဆုံးအရာနှင့်ကြုံတွေ့ရပါစေ ပြန်လည် အသစ်ဆန်းပြီး ပွင့်ရမယ်၊လှရမယ်” ဟူ၍ဖြစ်သည်။ ဂျပန်နိုင်ငံ ဟီရိုရှီးမား အနုမြူဗုံးပေါက်ကွဲပြီးနောက် ပထမဆုံး ပြန်လည်ပွင့်လန်းခဲ့သောပန်းမှာ နွယ်သာကီပန်းဖြစ်ကြောင်း လေ့လာသိရှိရသည်။ နွယ်သာကီပန်းပွင့်များက အဖြူ၊အနီ၊ပန်းရောင်၊ကြက်သွေးရောင် စသည်ဖြင့် ရောင်စုံရှိကြသလို တစ်ထပ်ပန်း ၊သုံးထပ်ပန်း စသည့်ဖြင့်ရှိသည်။နွယ်သာကီပန်း၏ရနံ့သည့် သင်းပျံ့ပျံ့မွေးရနံ့ရှိသည်။ တစ်နှစ်ပတ်လုံးပွင့်တက်ပြီးယခုလိုမိုးရာသီတွင် ပိုမိုပွင့်လန်းပါသည်။ နွယ်သာကီပန်းပင်သည်။ အဆိပ်ပင်ဖြစ်၍ ရှေ့လူကြီးများက  နွားမျာ၊ဆိတ်များ၊ကလေးများ စားမိမည်စိုး၍ အိမ်ခြံဝင်များ အတွင်း စိုက်ပျိုးလေ့မရှိပေ။ ယခုအခါ လမ်းဘေးဝဲယာ အလှပန်းခြံ ၊စက်ရုံ၊အလုပ်ရုံများတွင် ပန်းအလှပင်အဖြစ်စိုက်ပျိုးကြသည်။နွယ်သာကီပင်သည် အကိုင်းခုတ်စိုက်၍ မျိုးပွားနိုင်သည်။ နွယ်သာကီပင်၏အမြစ်သည် အဆိပ်ပြင်းသောကြောင့် မွေဆိပ်နှင့် ပြင်းသော အဆိပ်များကိုနိုင် သည်။ အထူးသတိပြုရမည်မှာ နွယ်သာကီပင်ဆေးကို လိမ်းဆေးအဖြစ်သာ သုံးစွဲနိုင်ပြီး သောက်ဆေးအဖြစ် လုံးဝမသုံးစွဲရပါ။ အလှပန်းပင်ဖြစ်၍ ဈေးကွက်ကောင်းလျှက်ရှိပြီး နွယ်သာကီ ပန်းပျိုးပင်တစ်ပင်လျှင် (၂၀၀၀-၃၀၀၀-၅၀၀၀) ကျပ်ဖြင့် ရောင်းချလျှက် ရှိကြောင်းပန်းပျိုးပင် ဈေးကွက်မှ သိရှိရသည်။

DOCA(မန္တလေး)

ဈေးကွက်တစ်နေရာမှရရှိသည့်ရှမ်းခေါက်ဆွဲဈေးကွက်

   မန္တလေးမြို့တွင်း တိုင်းရင်းသားတို့၏ ရိုးရာအစားစာများအနက် ရှမ်းရိုးရာအစားအစာ ဖြစ်ကြသည့် ရှမ်းခေါက်ဆွဲသည် မန္တလေးမြို့တွင်းတွင် နေရာအနှံ့အပြား နံနက်စာ(သို့) ညနေစာအဖြစ် နေရာတိုင်းတွင် ရောင်းဝယ်လျက်ရှိကြသည်။ ရှမ်းခေါက်ဆွဲမှာ တောင်ပိုင်းရှမ်းနှင့် မြောက်ပိုင်းရှမ်းဟူ၍ အမျိုးအစား(၂)မျိုးအဖြစ် ရောင်းဝယ်ကြသည်။ တောင်ပိုင်းရှမ်းခေါက်ဆွဲမာ တို့ဟူးအပျော့ဖြင့် ပြုလုပ်၍ တို့ဟူးနွေးဟုခေါ်ဆိုကြပြီး ကော်ရည်များထည့်၍စားသုံးကြသည်။ မြောက်ပိုင်း ရှမ်းခေါက်ဆွဲမာ ခရမ်းချဉ်အနှစ်ထည့်၍ စားသောက်ကြသည်။ရှမ်းခေါက်ဆွဲ တစ်ပွဲလျှင် ပွဲသေး (၁၅၀၀-၂၀၀၀)ရောင်းချကြပြီး ပွဲကြီးကိုမူ (၂၅၀၀-၃၀၀၀)ရောင်းချကြသည်။ တချို့နေရာ ဒေသအလိုက် ပွဲသေးတစ်ပွဲလျှင် (၁၂၀၀-၁၅၀၀)နှင့် ပွဲကြီးတပွဲလျှင် (၂၀၀၀-၂၅၀၀)တို့ဖြင့် ကြက်သားပါ၊ မပါ ဈေးနှုန်းကွာခြားချက်ဖြင့် ရောင်းချကြပြီး ရှမ်းခေါက်ဆွဲအစိမ်းဖတ် (၁)ပိသာ (၁)ထုပ်လျှင် (၄၀၀၀)ကျပ်၊ (၅၀)သား(၁)ထုပ်လျှင် (၂၀၀၀)ကျပ် အသီးသီးတို့ဖြင့် ရောင်းချကြ ကြောင်းသိရှိ ရသည်။

DOCA(မန္တလေး)

မြိတ်ခရိုင်၏ ပေါ်ဦးပေါ်စ ဝါးပလုတ်များနှင့် စျေးနှုန်းစျေးကွက်

     ဝါးပလုတ်ကို နှစ်တစ်နှစ် မိုးဦးကာလများတွင်သာ စတင်ရရှိပါသည်။ ပေါ်ဦးပေါ်စဖြစ်သောကြောင့် စျေးကောင်းရရှိပြီး မြိတ်ခရိုင်အတွင်း စျေးနှင့် အအေးဆိုင်များသို့ ရောင်းချကြသလို ရန်ကုန်နှင့် အခြားတိုင်းများသို့ တင်ပို့လျက်ရှိပါသည်။ မြိတ်ခရိုင်တွင် ဝါးပလုတ်ကို ကျေးရွာများတွင် အဓိကထား လုပ်ကိုင်ကြသည်။ သဘာဝအလျောက်ရရှိပြီး ဘေးဥပုတ်အန္တရာယ်ကင်းသောကြောင့် ပျားရည်၊ နို့ဆီ၊ နို့စိမ်းသကြားတို့နှင့်ဖျော်ကာ တွဲဖက်၍ သောက်သုံးလေ့ရှိပါသည်။

    မြိတ်မြို့တွင် ဇူလိုင်လ(၁၄)ရက်နေ့စျေးနှုန်းအရ ဝါးပလုတ်ဗူးလတ်တစ်ဗူးလျှင် (၇၀၀၀) ကျပ် ခန့်ရှိပြီး ဗူးကြီးတစ်ဗူးလျှင် (၉၀၀၀)ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

မုံရွာမြို့ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံ‌ချောင်းဈေးနှုန်းအခြေအနေ

 ‌        မုံရွာမြို့တွင် ၂၀၂၅ခုနှစ် ဇွန်လ ပထမအပတ်တွင် ရောင်းချလျက်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းလုံး (၃)မူးတစ်တန်  ကျပ်၁၉၆၀၀၀၀၊ (၅)မူးတစ်တန် ကျပ်၁၉၀၀၀၀၀၊ (၆)မူးတစ်တန် ကျပ် ၂၁၂၀၀၀၀  ဈေးဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ၂၀၂၅ ခုနှစ် ဇူလိုင်လ ပထမအပတ်တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းလုံး (၃)မူးတစ်တန်  ကျပ်၁၈၆၀၀၀၀၊  (၅)မူးတစ်တန် ကျပ်၁၇၂၀၀၀၀၊ (၆)မူးတစ်တန် ကျပ်၂၁၂၀၀၀၀  ဖြင့်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

 ‌          ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းဈေးနှုန်းများကို ၂၀၂၅ခုနှစ် ဇွန်လ ပထမအပတ်နှင့် ၂၀၂၅ခုနှစ် ဇူလိုင်လ ပထမအပတ် နှိုင်းယှဉ်ရာတွင် (၃)မူးတစ်တန်  ကျပ်(၁၀၀၀၀၀)ကျဆင်းပြီး၊ (၅)မူးတစ်တန် ကျပ် ၁၈၀၀၀၀ ကျဆင်းပြီး၊ (၆)မူးတစ်တန် ကျပ် ၂၁၂၀၀၀၀ ဖြင့်ဈေးနှုန်း တည်ငြိမ်နေကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ဝက်အူချောင်းစျေးနှုန်းစျေးကွက်

    ပုလောဝက်အူချောင်းကို မြိတ်မြို့တွင်သာမက ပုလောမြို့တွင်လည်း ထုတ်လုပ်ဖြန့် ရောင်းချလျက်ရှိသည်။ အချိုဓါတ်များပြီး အရသာရှိသောကြောင့် လက်ဆောင်အဖြစ်ဝယ်ယူကြပြီး မြိတ်ခရိုင်ဒေသထွက်အစားအစာများထဲမှ  တစ်ခုအပါအဝင်ဖြစ်သည်။ ဝက်အူချောင်များထဲမှ ပုလော ဝက်အူချောင်းသည် အရောင်းရဆုံးဖြစ်ပြီး လူကြိုက်အများဆုံးဖြစ်သည်။

    မြိတ်မြို့တွင်ရောင်းချလျက်ရှိသော ဝက်အူချောင်းစျေးနှုန်းမှာ တစ်ပိဿာ (၄၅၀၀၀)ကျပ်ရှိပြီး ပုလောဝက်အူချောင်မှာ တစ်ပိဿာလျှင် (၅၀၀၀၀)ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ခရမ်းချဥ်သီးဈေးနှုန်း

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ရှမ်းချောင်းကုန်စိမ်းဈေးသို့ ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေး၊ အောင်ပန်းနှင့် အခြားဒေသများမှ ယခင်လထက်ပိုမိုဝင်ရောက်လာကြောင်း သိရှိရပါသည်။ မြိတ်မြို့နယ်အတွင်း ရောင်းချနေသည့် ခရမ်းချဥ်သီးများကို ရှမ်းပြည်နယ် (တောင်ပိုင်း) အဓိကထား၍ မှာယူဖြန့်ဖြူးရောင်းချကြောင်း သိရှိရပါသည်။ ဗမာခရမ်းချဥ်သီးမှာ အခွံပါးပြီး အနှစ်များသော်လည်း တာရှည်အထားခံမှုမရှိ၍ ဈေးကွက်အတွင်း ဝယ်ယူသူနည်း၍ ဈေးကွက်သို့ဝင်ရောက်မှုနည်းကြောင်း ထိုင်ဝမ်ခရမ်းချဥ်သီးမျိုးမှာ အခွံထူ၍ အထားခံသောကြောင့် ဝယ်ယူသူများပိုမိုများပြားကြောင်းလည်း သိရှိရပါသည်။

          ၂၀၂၅ခုနှစ်၊ ယခုဇူလိုင်လတတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ ခရမ်းချဥ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၃၅၀၀)ကျပ်နှင့် (၄၀၀၀)ကျပ်ရှိကြောင်း ကုန်စိမ်းရောင်းသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

သစ္စာပန်းဈေးကွက်

    မန္တလေးမြို့တွင်းသို့ ပြင်ဦးလွင်နှင့်ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံနှင့် ရပ်ဆောက်ဘက်များ မှ သစ္စာပန်းများ ယခုရက်ပိုင်းအတွင်း လှိုင်လှိုင်ဝင်ရောက်လျှက်ရှိပါသည်။ မန္တလေးဒေသခံ ပြည်သူများအနေနှင့် သစ္စာပန်းများကိုအိမ်ဘုရားနှင့် ဘုန်းတော်ကြီးကျောင်း၊စေတီပုထိုးများတွင် ဝါတွင်း ကာလတွင် သစ္စာပန်းများ လှိုင်လှိုင်ဘုရားတင်လှူကြပါသည်။ အနီရောင်၊အဝါရောင်၊ ပန်းရောင်၊ခရမ်းရောင်၊လိမ္မော်ရောင်အဖြူရောင်တို့ဖြင့်လှပသည့်သစ္စာပန်းများ ဈေးနှုန်းဈေးကွက် အနေ နှင့် ၅ ခက် ၁ စီးပါ လက်လီရောင်ဈေး ၁၅၀၀-၂၀၀၀-၂၅၀၀ ကျပ်များနှင့် ရောင်းဝယ် မှုရှိပြီးပြင်ဦးလွင်နှင့်ရွာငံဘက် များမှ ဝင်ရောက်သည့် ပန်းစည်းများအနေနှင့် ၅ ခက်စည်း ပါ၁၅ စည်း ၁ စည်းလျှင် ပန်းဒိုင်  ရောင်းဝယ်ဈေးအနေနှင့် ၂၀၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ် ဈေးနှုန်း များနှင့် ရောင်းဝယ်မှုရှိပြီး ယခု ရက်ပိုင်းအတွင်း ပန်းအဝင်များလည်း လှိုင်လှိုင်ဝင်ရောက်ပြီး ရောင်းဝယ်မှုအားကောင်းကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

ရာသီစာ မှိုစျေးကွက်အရောင်းသွက်

   မန္တလေးစျေးကွက်သို့  မိုးရာသီကာလအတွင်း မှိုအမျိုးမျိုး   ဝင်ရောက်လျက်ရှိပြီး၊   တွေ့ရှိမှု များသော အမျိုးအစားများမှာ ငွေနှင်းမှုံမှို၊ကောက်ရိုးမှို၊ အပ်မှို၊ မှိုကြက်တောင်၊ရှီတာကီမှို၊ တောင်ပို့ မှို၊ ဝါးမှိုများဖြစ်ပါသည်။   စျေးကွက်အတွင်းသဘာဝအတိုင်းထွက်ရှိသည့်မှို နှင့် စိုက်ပျိုးသည့် မှိုနှစ်မျိုး တွေ့ရှိရပါတယ်။ မန္တလေးဒေသအတွင်း  စိုက်ပျိုးထွက်ရှိသည့်မှို အမျိုးမျိုးတို့အား  တစ်နှစ်ပတ်လုံး တွေ့ရှိရပြီး၊ အများဆုံးတွေ့ရသော  မှိုအမျိုးအစားများဖြစ်သည့် ငေွနှင်းမှုံမှို၊ ကောက်ရိုးမှိုနှင့် အပ်မှို တို့မှာ အရောင်းသွက် ကြောင်းသိရပါသည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လ ဒုတိယ ပတ်အတွင်း  မန္တလေး စျေး ကွက်ရှိ  မိုးရာသီစာဖြစ်သည့်  မှိုတစ်ပိဿာစျေးများမှာ   ငွေနှင်းမှုံမှို  လက္ကားစျေး  ၅၅၀ဝိ/-  စျေး၊ လက်လီစျေး ၇၀၀ဝိ/-နှင့် ၈၀၀ဝိ/-၊  ကောက်ရိုးမှို လက္ကားစျေး ၇၀၀ဝိ/-၊လက်လီစျေး ၈၀၀ဝိ/- နှင့် ၉၀၀ဝ/- ၊  အပ်မှိုထုတ်တစ်ထုတ် (အထုတ်သေး ၁၀ ခုပါ) လက္ကားစျေး  ၃၀၀၀ဝိ/- နှင့်  လက်လီ စျေးအထုတ်(သေး)တစ်ထုတ်လျှင်  ၃၅၀ဝိ/- စျေးဖြင့် အရောင်းသွက်လျှက်ရှိကြောင်း  မှိုရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

ကျွန်းလှမြို့နယ်အတွင်း ‌ရောင်းချလျက်ရှိသော  ဝက်သား ဈေးနှုန်း

               ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများရောင်းချသည့်အနက်မှ အသား/ငါး ဈေးနှုန်းများထဲမှ ဝက်သားဈေးနှုန်းသည်လည်း မြင့်တက် လျက်ရှိပါသည်။

         ကျွန်းလှမြို့ ဇူလိုင်လ ပထမပတ်၏ သားဝက်ဈေးနှုန်းများအနေဖြင့် ဝက်သားရှယ် (အသားသီး သန့်) လက်လီ တစ်ပိဿာလျှင်(၃၂၀၀၀)ကျပ်၊ ဝက်သား(ပေါင်သား) လက်လီ တစ်ပိဿာလျှင် (၃၀၀၀၀) ကျပ်၊ ဝက်သားရိုးရိုး(နံကိုင်းသား)လက္ကား တစ်ပိဿာလျှင်(၂၇၀၀၀)ကျပ်၊ ဝက်သားရိုးရိုး(နံကိုင်းသား) လက်လီ တစ်ပိဿာလျှင်(၂၉၀၀၀)ကျပ်၊ ဝက်သား ဝမ်းတွင်းကလီစာ လက်လီ တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ် နှင့် ဝက်သား(မေးဖျား၊ နားရွက်)လက်လီ တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ (၁)ပိဿာလျှင်(၄၀၀၀) ကျပ်ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဝက်သားရောင်းချသူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း